Loading surah...
Back to Burmese Quran
11 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلْعَٰدِيَٰتِ ضَبْحًۭا
(ငါအရှင်မြတ်သည်) မောဟိုက်သံနှင့်တကွ လျင်မြန်စွာပြေးကြသော တိုက်မြင်းများကို သက်သေထူတော်မူ၏။
فَٱلْمُورِيَٰتِ قَدْحًۭا
တဖန် (ငါအရှင်မြတ်သည် မိမိတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေကြသောမြင်းများကို သက်သေ ထူတော်မူ၏။
فَٱلْمُغِيرَٰتِ صُبْحًۭا
တဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား)ဝင်ရောက် တိုက်ခိုက်ကြသော မြင်းများကို သက်သေထူတော်မူ၏။
فَأَثَرْنَ بِهِۦ نَقْعًۭا
တဖန် (ငါအရှင်မြတ်သည်) ထိုနံနက်မိုးသောက်ချိန်၌ ဖုံများကို ထောင်းထောင်းထစေသော မြင်းများကို သက်သေထူတော်မူ၏။
فَوَسَطْنَ بِهِۦ جَمْعًا
တဖန် (ငါအရှင်မြတ်သည် ရန်သူများ၏) အုပ်စုအလယ်သို့ တရှိန်တည်းထိုးဖောက် ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။
إِنَّ ٱلْإِنسَٰنَ لِرَبِّهِۦ لَكَنُودٌۭ
ဧကန်မလွဲ လူသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကျေးဇူးကန်းသူဖြစ်၏။
وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٌۭ
ထို့ပြင် ထိုလူသည် ကျေးဇူးကန်းမှုနှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်ပင် သက်သေဖြစ်၏။
وَإِنَّهُۥ لِحُبِّ ٱلْخَيْرِ لَشَدِيدٌ
ထိုမှတစ်ပါး ထိုလူသည် ဥစ္စာပစ္စည်းကို ခုံမင်စုံမက်ရာ၌ အလွန်စိတ်ထက်သန်နေသူဖြစ်၏။ (ထိုလူသည် ဥစ္စာပစ္စည်းကို အလွန်ခုံမင်သည့်အတွက် အလွန်စေးနဲသူဖြစ်၏)။
۞ أَفَلَا يَعْلَمُ إِذَا بُعْثِرَ مَا فِى ٱلْقُبُورِ
(ကိယာမတ်ဖြစ်သော)အခါတွင် သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သောသူတို့သည် (ထိုသင်္ချိုင်းများကိုမှောက်လှန်၍) ထုတ်ဖော်ခြင်းခံကြရမည်ကို ထိုသူသည် မသိလေသလော။
وَحُصِّلَ مَا فِى ٱلصُّدُورِ
၎င်းပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ချက်များသည် ထင်ရှားစေခြင်း ခံရမည်ကိုလည်း ထိုသူ (မသိလေသလော)။
إِنَّ رَبَّهُم بِهِمْ يَوْمَئِذٍۢ لَّخَبِيرٌۢ
မလွဲဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့နှင့်ပတ်သက်၍ အလုံးစုံတို့ကို ကောင်းစွာ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။