Loading surah...
Back to Burmese Quran
8 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَلْهَىٰكُمُ ٱلتَّكَاثُرُ
(ဥစ္စာပစ္စည်း၊ သားသမီးအစရှိသော လောကီစည်းစိမ်) ပေါများကြွယ်ဝမှုနှင့်စပ်လျဉ်း၍ လောဘရမ္မက် ဂုဏ်တု၊ ဂုဏ်ပြိုင်ပြုမှုသည် အသင်တို့အား (တမလွန်ဘဝကို) လျစ်လျူရှု ပေါ့တန်စေခဲ့၏။
حَتَّىٰ زُرْتُمُ ٱلْمَقَابِرَ
နောက်ဆုံးတွင် အသင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ခဲ့ကြရလေသည်။
كَلَّا سَوْفَ تَعْلَمُونَ
သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။
ثُمَّ كَلَّا سَوْفَ تَعْلَمُونَ
တဖန် သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။
كَلَّا لَوْ تَعْلَمُونَ عِلْمَ ٱلْيَقِينِ
အကယ်၍သာ အသင်တို့သည် တပ်အပ်သေချာစွာ သိခြင်းအားဖြင့် သိရှိကြသည်ရှိသော် အလျှင်း (လျစ်လျူရူပေါ့တန်ကြမည်) မဟုတ်ပေ။
لَتَرَوُنَّ ٱلْجَحِيمَ
မလွဲဧကန် အသင်တို့သည် ဂျဟန္နမ်ငရဲကို တွေ့မြင်ကြပေမည်။
ثُمَّ لَتَرَوُنَّهَا عَيْنَ ٱلْيَقِينِ
ထို့နောက် မလွဲဧကန် အသင်တို့သည် ယင်းဂျဟန္နမ်ငရဲကို မျက်မြင်ဒိဋ္ဌ တွေ့မြင်ကြပေမည်။
ثُمَّ لَتُسْـَٔلُنَّ يَوْمَئِذٍ عَنِ ٱلنَّعِيمِ
ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။