Loading surah...
Back to Burmese Quran
4 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ لِإِيلَٰفِ قُرَيْشٍ
ကုရိုက်ရှ်" အမျိုးသားတို့၌ အလေ့အထရှိကြသောကြောင့်။
إِۦلَٰفِهِمْ رِحْلَةَ ٱلشِّتَآءِ وَٱلصَّيْفِ
ထို "ကုရိုက်ရှ်" အမျိုးသားတို့သည် ဆောင်းဥတု၌လည်းကောင်း၊ နွေဥတု၌လည်းကောင်း၊ (မိမိတို့)ခရီးထွက်လေ့ရှိကြသောကြောင့်။
فَلْيَعْبُدُوا۟ رَبَّ هَٰذَا ٱلْبَيْتِ
သို့ဖြစ်ပေရာ ၎င်းတို့သည် ဤအိမ်တော်(ကအ်ဗဟ် ကျောင်းတော်)၏အရှင်မြတ်အား ဆည်းကပ် ကိုးကွယ်ကြရာကုန်၏။
ٱلَّذِىٓ أَطْعَمَهُم مِّن جُوعٍۢ وَءَامَنَهُم مِّنْ خَوْفٍۭ
အကြင်အရှင်မြတ်သည် ၎င်းတို့အား ဆာလောင် မွတ်သိပ်သောအခါ၌ (တစ်နည်း) ဆာလောင်မွတ်သိပ်ခြင်းမှ ကင်းလွတ်ရန် အာဟာရ ကျွေးမွေး တော်မူခဲ့၏။ ထိုမှတပါး ၎င်းတို့အား စိုးရိမ်သောအခါ၌ (တစ်နည်း) စိုးရိမ်မှု ဘေးရန်ကင်းငြိမ်းစေတော် မူခဲ့ပေသတည်း။