Loading surah...
Back to Burmese Quran
3 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِنَّآ أَعْطَيْنَٰكَ ٱلْكَوْثَرَ
(အို-နဗီတမန်တော်) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား များပြားလှစွာသော ကောင်းခြင်းများကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
فَصَلِّ لِرَبِّكَ وَٱنْحَرْ
သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ရည်သန်၍ ဆွလာတ်ဝတ်ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် (ထိုအရှင်မြတ်အား ရည်သန်၍ သားကောင်ကို) ကုရ်ဗာနီပြုပါလေ။
إِنَّ شَانِئَكَ هُوَ ٱلْأَبْتَرُ
ဧကန်မလွဲ အသင်၏ရန်သူသည်သာလျှင် အညွန့်တုံးသူ ဖြစ်ချေသတည်း။