Loading surah...
Back to Burmese Quran
5 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ تَبَّتْ يَدَآ أَبِى لَهَبٍۢ وَتَبَّ
အဗူလဟဗ်၏ လက်နှစ်ဖက်သည် ကျိုးပဲ့ပျက်စီးစေသား။ ထို့ပြင် ၎င်းကိုယ်တိုင်လည်း ပျက်စီးစေသား။
مَآ أَغْنَىٰ عَنْهُ مَالُهُۥ وَمَا كَسَبَ
၎င်း၏ ပစ္စည်းဥစ္စာသည်လည်း ၎င်း၏အဖို့ အသုံးဝင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းရှာဖွေ ဆည်းပူးခဲ့သော (အမြတ်အစွန်း၊ သားသမီး)သည်လည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။
سَيَصْلَىٰ نَارًۭا ذَاتَ لَهَبٍۢ
မကြာမြင့်မီပင် ၎င်း ကိုယ်တိုင်လည်း ဟုန်းဟုန်းတောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ရပေမည်။
وَٱمْرَأَتُهُۥ حَمَّالَةَ ٱلْحَطَبِ
မီးဆိုက်ရန် ထင်းစည်းကို ထမ်းရွက်လျက်ရှိသော ၎င်း၏ဇနီးဖြစ်သူသည်လည်း (တစ်နည်း) ၎င်း၏ဇနီးဖြစ်သူသည်လည်း မီးဆိုက်ရန် ထင်းစည်းကို ထမ်းရွက်လျက် (တစ်နည်း) ဆူးခက်ကို ထမ်းရွက်လျက်ရှိသော ၎င်း၏ဇနီးဖြစ်သူသည်လည်း (တစ်နည်း) ၎င်း၏ဇနီးဖြစ်သူသည်လည်း ဆူးခက်ကိုထမ်းရွက်လျက် (တစ်နည်း) ၎င်း၏ကုန်းချောသူ ဇနီးသည်လည်း။
فِى جِيدِهَا حَبْلٌۭ مِّن مَّسَدٍۭ
ထိုဇနီးဖြစ်သူသည် လည်ကုပ်၌ စွန်ပလွံလျှော်ကို ကောင်းစွာကျစ်ထားသော ကြိုးတစ်ချောင်းလည်း ရှိချေအံ့သတည်း။