Loading surah...
Back to Burmese Quran
34 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓمٓ
အလစ်ဖ်၊ လာမ်၊ မီမ်။
تِلْكَ ءَايَٰتُ ٱلْكِتَٰبِ ٱلْحَكِيمِ
ဤသည် ဉာဏ်ပညာနှင့် ပြည့်စုံသော ကျမ်းဂန်၏(အကြင်) အာယတ်တော်များပင်။
هُدًۭى وَرَحْمَةًۭ لِّلْمُحْسِنِينَ
(ယင်း အာယတ်တော်များသည် အကြင်) သူမွန်သူမြတ်တို့အဖို့ တရားလမ်းညွှန်သည်လည်း ကောင်း၊ ကရုဏာတော်သည်လည်းကောင်း ဖြစ်ကြပေသည်။
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَهُم بِٱلْءَاخِرَةِ هُمْ يُوقِنُونَ
(ထိုသူမွန်သူမြတ်တို့သည်) ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ၎င်းပြင် ဇကာတ် ပေးဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် တမလွန်ဘဝကို ယုံကြည်ကြကုန်၏။
أُو۟لَٰٓئِكَ عَلَىٰ هُدًۭى مِّن رَّبِّهِمْ ۖ وَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ
ထိုသူတို့ကား မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်မှ တရားလမ်းမှန်ပေါ်၌ (ရပ်တည်လျက်) ရှိကြပေသည်။ ထိုသူတို့သည်သာလျှင် အောင်မြင်မှုရရှိသောသူများ ဖြစ်ကြကုန်သတည်း။
وَمِنَ ٱلنَّاسِ مَن يَشْتَرِى لَهْوَ ٱلْحَدِيثِ لِيُضِلَّ عَن سَبِيلِ ٱللَّهِ بِغَيْرِ عِلْمٍۢ وَيَتَّخِذَهَا هُزُوًا ۚ أُو۟لَٰٓئِكَ لَهُمْ عَذَابٌۭ مُّهِينٌۭ
း 6| စင်စစ်သော်ကား လူတို့အနက် အသိပညာသက်သေအထောက်အထားမရှိဘဲ(သူတစ်ပါးတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေအံ့သောငှာလည်းကောင်း၊ ယင်းလမ်းတော်ကို ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်အံ့သောငှာလည်းကောင်း၊ အချည်းနှီး အကျိုးမဲ့သောစကားကို ဝယ်ယူသောသူလည်းရှိ၏။ ယင်းကဲ့သို့သောသူတို့၌ဂုဏ်အသရေ ပျက်စေသောပြစ်ဒဏ်ရှိချေမည်။
وَإِذَا تُتْلَىٰ عَلَيْهِ ءَايَٰتُنَا وَلَّىٰ مُسْتَكْبِرًۭا كَأَن لَّمْ يَسْمَعْهَا كَأَنَّ فِىٓ أُذُنَيْهِ وَقْرًۭا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍ
၎င်းပြင် ထိုသူ၏ရှေ့၌ ငါအရှင်မြတ်၏ အာယတ် တော်များ ဖတ်ကြားသောအခါ ထိုသူသည် ယင်း(အာယတ်တော်)များကို မကြားဘိသကဲ့သို့ လည်းကောင်း၊ ထိုသူ၏နားနှစ်ဖက်သည် ပင်းနေဘိသကဲ့သို့လည်းကောင်း မျက်နှာလွှဲ၍ သွားလေ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော၊်)အသင်သည်၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်းသော သတင်းကို ပြောကြားပါလေ။
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَهُمْ جَنَّٰتُ ٱلنَّعِيمِ
ဧကန်မလွဲ အီမာန် သက်ဝင်ယုံကြည်၍ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များ ရှိကြပေသည်။
خَٰلِدِينَ فِيهَا ۖ وَعْدَ ٱللَّهِ حَقًّۭا ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ
(၎င်းတို့သည်) ယင်းဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ (ဤသည်) အလ္လာဟ် အရှင်မြတ်က မှန်ကန်စွာ ကတိထားရှိတော်မူခြင်းပင် ဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
خَلَقَ ٱلسَّمَٰوَٰتِ بِغَيْرِ عَمَدٍۢ تَرَوْنَهَا ۖ وَأَلْقَىٰ فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِكُمْ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٍۢ ۚ وَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءًۭ فَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۢ كَرِيمٍ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပထဝီမြေ၌ ယင်းပထဝီမြေသည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ် သတ္တဝါအမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူ၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူပြီးနောက် ယင်းပထဝီမြေ၌ ကောင်းမြတ်သော(သစ်ပင်၊ ဝါးပင်)အမျိုးမျိုး အစားစားတို့ကို ပေါက်ရောက်စေတော်မူပေသည်။
هَٰذَا خَلْقُ ٱللَّهِ فَأَرُونِى مَاذَا خَلَقَ ٱلَّذِينَ مِن دُونِهِۦ ۚ بَلِ ٱلظَّٰلِمُونَ فِى ضَلَٰلٍۢ مُّبِينٍۢ
ဤသည်(တို့)ကား အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ^ဖန်ဆင်းမှုများပင်။ သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်အပြင် ရှိကြသောသူတို့က မည်သည့်အရာများဖန် ဆင်းခဲ့ကြသည်ကို ငါ့အားပြသကုန်လော့။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား မတရားသောသူတို့သည် ထင်ရှားစွာသောလမ်းမှား၌ပင် ရှိကြကုန်သတည်း။
وَلَقَدْ ءَاتَيْنَا لُقْمَٰنَ ٱلْحِكْمَةَ أَنِ ٱشْكُرْ لِلَّهِ ۚ وَمَن يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِۦ ۖ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِىٌّ حَمِيدٌۭ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ‘လွတ်က်မာန်’အား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါလေ။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ရှိပါမူ ထိုသူသည် မိမိအကျိုးငှာသာလျှင် ကျေးဇူးတင်လေသည်။ သို့ရာတွင်မည်သူမဆို ကျေးဇူးကန်းခဲ့မူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာချီးမွမ်းခြင်း ခံထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်ဟူ၍(အမိန့်တော် ထုတ်ပြန်တော်မူခဲ့ပေသတည်း)။
وَإِذْ قَالَ لُقْمَٰنُ لِٱبْنِهِۦ وَهُوَ يَعِظُهُۥ يَٰبُنَىَّ لَا تُشْرِكْ بِٱللَّهِ ۖ إِنَّ ٱلشِّرْكَ لَظُلْمٌ عَظِيمٌۭ
၎င်းပြင် တစ်ရံရောအခါဝယ် လွတ်က်မာန်သည် မိမိသားကို ဆုံးမဩဝါဒပေးရာ၌(ဤ)သို့ ပြောကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည် (မည်သည့်တစ်စုံတစ်ရာကိုမျှပင်) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုကို မပြုလေနှင့်။ (အကြောင်းမူကား)မချွတ်ဧကန်တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်) မှုသည် အမှန်ပင် ကြီးလေးလှစွသောမတရား မှု ဖြစ်သောကြောင့်တည်း။
وَوَصَّيْنَا ٱلْإِنسَٰنَ بِوَٰلِدَيْهِ حَمَلَتْهُ أُمُّهُۥ وَهْنًا عَلَىٰ وَهْنٍۢ وَفِصَٰلُهُۥ فِى عَامَيْنِ أَنِ ٱشْكُرْ لِى وَلِوَٰلِدَيْكَ إِلَىَّ ٱلْمَصِيرُ
ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။
وَإِن جَٰهَدَاكَ عَلَىٰٓ أَن تُشْرِكَ بِى مَا لَيْسَ لَكَ بِهِۦ عِلْمٌۭ فَلَا تُطِعْهُمَا ۖ وَصَاحِبْهُمَا فِى ٱلدُّنْيَا مَعْرُوفًۭا ۖ وَٱتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَىَّ ۚ ثُمَّ إِلَىَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘဝ၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။ ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍ လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အား သိစေတော်မူအံ့သတည်း။
يَٰبُنَىَّ إِنَّهَآ إِن تَكُ مِثْقَالَ حَبَّةٍۢ مِّنْ خَرْدَلٍۢ فَتَكُن فِى صَخْرَةٍ أَوْ فِى ٱلسَّمَٰوَٰتِ أَوْ فِى ٱلْأَرْضِ يَأْتِ بِهَا ٱللَّهُ ۚ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٌۭ
အို-ချစ်သား၊ မုချဧကန် အပြုအမူတစ်စုံတစ်ရာသည် မုန်ညင်းစေ့ခန့်မျှဖြစ်ပြီး၊ ကျောက်ဆောင်တစ်ခုခု၌ ရှိနေသည်ဖြစ်စေ၊ မိုးကောင်းကင်များ၌ ရှိနေသည်ဖြစ်စေ၊ ပထဝီမြေအတွင်း၌ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ယင်းအပြုအမူကို (ရှေ့တော်မှောက်ဝယ်) အသင့်ရောက်စေတော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် နက်နဲသိမ်မွေ့သောအရာတို့ကို အလွန်တရာ သိမြင်တော်မူသောအရှင်၊ အလွန်တရာ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
يَٰبُنَىَّ أَقِمِ ٱلصَّلَوٰةَ وَأْمُرْ بِٱلْمَعْرُوفِ وَٱنْهَ عَنِ ٱلْمُنكَرِ وَٱصْبِرْ عَلَىٰ مَآ أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ ٱلْأُمُورِ
အို-ချစ်သား၊ အသင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် အသင်သည် (သူတပါးတို့အားလည်း) ကောင်းမှု(ပြုလုပ်ကြရန်)နှင့်စပ်လျဉ်း၍ အမိန့်ပေးပါလေ။ ထို့ပြင် အသင်သည် မကောင်းမှုမှ(ကြဉ်ရှောင်ကြရန်)တားမြစ်ပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့်စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ ဧကန်မလွဲ ဤ(ကြံ့ခိုင်စွာရှိခြင်း)သည် ဇွဲသတိ္တနှင့်သက်ဆိုင်သောအမှုကိစ္စတို့အနက်မှပင် ဖြစ်ချေသည်။
وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِى ٱلْأَرْضِ مَرَحًا ۖ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍۢ فَخُورٍۢ
၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။
وَٱقْصِدْ فِى مَشْيِكَ وَٱغْضُضْ مِن صَوْتِكَ ۚ إِنَّ أَنكَرَ ٱلْأَصْوَٰتِ لَصَوْتُ ٱلْحَمِيرِ
ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှု၌အလယ်အလတ်ပြုလုပ်ပါလေ။ ဣန္ဒြေစောင့်စည်းပါလေ။ထိုမှတစ်ပါး အသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန်စက်ဆုပ်ဖွယ်အဖြစ်ဆုံး အသံကား မြည်း သတ္တဝါတို့၏အသံပင်ဖြစ်ချေသတည်း။
أَلَمْ تَرَوْا۟ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُۥ ظَٰهِرَةًۭ وَبَاطِنَةًۭ ۗ وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍۢ وَلَا هُدًۭى وَلَا كِتَٰبٍۢ مُّنِيرٍۢ
အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။
Page 1 of 2 (34 ayahs)