Loading surah...
Back to Burmese Quran
88 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ صٓ ۚ وَٱلْقُرْءَانِ ذِى ٱلذِّكْرِ
ဆွာဒ်"။ (ငါအရှင်မြတ်သည်) ကျော်စောကိတ္တိရှိသော အဆုံးအမနှင့်ပြည့်နှက်သော၊ မြင့်မြတ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။
بَلِ ٱلَّذِينَ كَفَرُوا۟ فِى عِزَّةٍۢ وَشِقَاقٍۢ
(ကာဖိရ်"သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ သွေဖည်ငြင်းပယ်မှုသည် မည်သည့်သက်သေ အထောက်အထားကိုမျှ အခြေခံပြုထားခြင်း) အလျှင်းမဟုတ်၊ စင်စစ်မှာကား (ထို)"ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့မှာ အယူသည်းမှု၌လည်းကောင်း၊ ဆန့်ကျင်ဖီလာပြုမှု၌လည်းကောင်း၊ ရှိနေကြကုန်၏။
كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍۢ فَنَادَوا۟ وَّلَاتَ حِينَ مَنَاصٍۢ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောလူမျိုးဆက်ကို ဖျက်ဆီးတော်မူခဲ့၏။ (ပျက်စီးသည့်အချိန်တွင်) ၎င်းတို့သည် ဟစ်အော်မြည်တမ်း ခဲ့ကြကုန်၏။သို့ရာတွင် အကျိုးမရှိပြီ၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှာ လွတ်မြောက်ရန်အချိန် မဟုတ်တော့ပြီ။
وَعَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌۭ مِّنْهُمْ ۖ وَقَالَ ٱلْكَٰفِرُونَ هَٰذَا سَٰحِرٌۭ كَذَّابٌ
စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အနက်မှပင် သတိပေး နှိုးဆော်သူတစ်ဦး ရောက်ရှိ၍လာခဲ့ခြင်းကို အံ့ဩခဲ့ကြကုန်၏။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်သောသူတို့က ဤသည် လွန်စွာမုသားပြောဆိုသူ ပဉ္စလက်ဆရာတစ်ဦးပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။
أَجَعَلَ ٱلْءَالِهَةَ إِلَٰهًۭا وَٰحِدًا ۖ إِنَّ هَٰذَا لَشَىْءٌ عُجَابٌۭ
ဤသူသည် များစွာသော ကိုးကွယ်ရာများနေရာတွင် ကိုးကွယ်ရာတစ်ဆူတည်းသာ ပြုလုပ်ချန်ထားလေသလော။ ဧကန်မလွဲ ဤသည် လွန်စွာအံ့ဖွယ်ရာ တစ်ခုပင်ဖြစ်၏။
وَٱنطَلَقَ ٱلْمَلَأُ مِنْهُمْ أَنِ ٱمْشُوا۟ وَٱصْبِرُوا۟ عَلَىٰٓ ءَالِهَتِكُمْ ۖ إِنَّ هَٰذَا لَشَىْءٌۭ يُرَادُ
ထို့ပြင် ၎င်းတို့အနက် အကြီးအကဲများက (ငယ်သားများအား ဤသို့)(ပြောဆို)ထွက်သွားခဲ့ကြ၏။ အသင်တို့သည် သွားကြလေကုန်။ (တစ်နည်း) သွားကြစို့။ ၎င်းပြင် အသင်တို့သည် မိမိတို့၏(မိရိုးဖလာ)ကိုးကွယ်ရာများကိုသာ ကြံ့ခိုင်စွာ(ကိုးကွယ်လျက်) ရှိနေကြကုန်။ ဧကန်အမှန် ဤသည်၌ ၎င်း၏ ရည်ရွယ်ချက်တစ်ခုခု အမှန်ပင်ရှိ၏။ (တစ်နည်း)ဧကန်အမှန် ဤသည်အမှန်ပင် ရည်ရွယ်ချက်တစ်ခုခု ရှိ၏။
مَا سَمِعْنَا بِهَٰذَا فِى ٱلْمِلَّةِ ٱلْءَاخِرَةِ إِنْ هَٰذَآ إِلَّا ٱخْتِلَٰقٌ
ကျွန်ုပ်တို့သည် လွန်လေခဲ့ပြီးဖြစ်သောသာသနာတွင် ဤမည်သောစကားမျိုးကို ကြားခဲ့ဘူးကြသည် မရှိပေ။ဤသည် လီဆယ်ဖန်တီးမှုမှအပ အခြားမဟုတ်ပြီ။
أَءُنزِلَ عَلَيْهِ ٱلذِّكْرُ مِنۢ بَيْنِنَا ۚ بَلْ هُمْ فِى شَكٍّۢ مِّن ذِكْرِى ۖ بَل لَّمَّا يَذُوقُوا۟ عَذَابِ
ကျွန်ုပ်တို့အားလုံးတို့အနက်မှ ၎င်း၏အပေါ်၌သာလျှင် ဆုံးမဩဝါဒသည် ချပေးခြင်းခံရလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒ(တစ်နည်း) ငါအရှင်မြတ်၏"ဝဟ်ယ်" အမိန့်တော်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခြင်း မပြုခဲ့ကြရသေးပေ။
أَمْ عِندَهُمْ خَزَآئِنُ رَحْمَةِ رَبِّكَ ٱلْعَزِيزِ ٱلْوَهَّابِ
၎င်းတို့ထံ၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်မြတ်၏ကရုဏာတော်၏ ဘဏ္ဍာတော်များသည် ရှိလေသလော။
أَمْ لَهُم مُّلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ۖ فَلْيَرْتَقُوا۟ فِى ٱلْأَسْبَٰبِ
သို့တည်းမဟုတ် ထိုသူတို့၌ မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာမြေ နှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုအာဏာသည် ရှိလေသလော။ သို့ရှိခဲ့လျှင် ၎င်းတို့သည် ကြိုးများ၊ လှေကားများ တပ်ဆင်လျက်(မိုးကောင်းကင်သို့) တက်ကြရာကုန်၏။
جُندٌۭ مَّا هُنَالِكَ مَهْزُومٌۭ مِّنَ ٱلْأَحْزَابِ
(၎င်းတို့သည်)ထိုနေရာတွင်(မက္ကာမြို့တော်တွင်)အုပ်စုများအနက်မှ အုပ်စုကလေးတစ်ခုပင် ဖြစ်သည်။ မကြာမီ ရှုံးနိမ့်ရတော့မည်။
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَعَادٌۭ وَفِرْعَوْنُ ذُو ٱلْأَوْتَادِ
၎င်းတို့အလျင်လည်း (နဗီတမန်တော်) "နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အာဒ်"အမျိုးသားတို့သည်လည်းကောင်း၊ သံငုတ်များရှင်ဖြစ်သော "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ (နဗီတမန်တော်များအား) မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
وَثَمُودُ وَقَوْمُ لُوطٍۢ وَأَصْحَٰبُ لْـَٔيْكَةِ ۚ أُو۟لَٰٓئِكَ ٱلْأَحْزَابُ
ထိုနည်းတူစွာ "ဆမူဒ်" အမျိုးသားတို့သည်လည်းကောင်း၊ (နဗီတမန်တော် "လူတ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အိုက်ကဟ်" တောအုပ်၌ နေကြသောသူတို့သည်လည်းကောင်း (တမန်တော်များအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏)။ ထိုသူတို့ကား အုပ်စုကြီးများပင်။
إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ
(ယင်းအုပ်စုကြီးများအနက်) အသီးသီးတို့သည် ရစူလ်တမန်တော်တို့အား မုသာဝါဒီများဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (၎င်းတို့အပေါ်၌)သက်ရောက်ခဲ့လေ၏။
وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيْحَةًۭ وَٰحِدَةًۭ مَّا لَهَا مِن فَوَاقٍۢ
စင်စစ်သော်ကား ဤသူတို့သည် စက္ကန့်ပိုင်းမျှပင် ဆိုင်းငံ့ခြင်းမရှိ(ဘဲ အဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်)သော ပြင်းထန်လှသည့် ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်စား၍ နေကြကုန်၏။
وَقَالُوا۟ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبْلَ يَوْمِ ٱلْحِسَابِ
ထိုမှတစ်ပါး ၎င်းတို့သည် (တမန်တော်မြတ်အား ပြက်ရယ် ပြောင်လှောင်သောအားဖြင့်) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် စစ်ဆေးမေးမြန်းမည့်နေ့မတိုင်မီပင် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဝေစုဝေပုံကို အလျင်အမြန် ပေးတော်မူပါဟု လျှောက်ထားခဲ့ကြကုန်သတည်း။
ٱصْبِرْ عَلَىٰ مَا يَقُولُونَ وَٱذْكُرْ عَبْدَنَا دَاوُۥدَ ذَا ٱلْأَيْدِ ۖ إِنَّهُۥٓ أَوَّابٌ
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့၏ပြောဆိုချက်များအပေါ်၌ သည်းခံပါလေ။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ကျွန် စွမ်းအားသတ္တိရှင်ဖြစ်သူ (နဗီတမန်တော်)"ဒါဝူဒ်"(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ ဧကန်မလွဲ ထို "ဒါဝူဒ်" သည် (ငါအရှင်မြတ်ဘက်သို့)လွန်စွာ ပြန်လှည့်သူဖြစ်ခဲ့၏။
إِنَّا سَخَّرْنَا ٱلْجِبَالَ مَعَهُۥ يُسَبِّحْنَ بِٱلْعَشِىِّ وَٱلْإِشْرَاقِ
ဧကန်အမှန် ငါအရှင်မြတ်သည် တောင်များအား ထို"ဒါဝူဒ်"နှင့်အတူ လိုက်နာစေတော်မူခဲ့ရာ ယင်းတောင်များမှာ(ထိုဒါဝူဒ်နှင့်အတူ)ညနေချမ်း၌ လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း ဘာဝနာစီးဖြန်း မြွက်ဆိုလျက် ရှိခဲ့ကြကုန်၏။
وَٱلطَّيْرَ مَحْشُورَةًۭ ۖ كُلٌّۭ لَّهُۥٓ أَوَّابٌۭ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ငှက် တိရစ္ဆာန်များကိုလည်း စုရုံးစေလျက်(လိုက်နာစေတော်မူခဲ့ရာ ယင်းငှက်တိရစ္ဆာန်များမှာ) ထို"ဒါဝူဒ်" နှင့်အတူ (အလ္လာဟ်ဘက်တော်သို့)လွန်စွာ ပြန်လှည့်သူများ(ဘာဝနာစီးဖြန်းသူများ)ပင် ဖြစ်ခဲ့ကြကုန်၏။
وَشَدَدْنَا مُلْكَهُۥ وَءَاتَيْنَٰهُ ٱلْحِكْمَةَ وَفَصْلَ ٱلْخِطَابِ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)"ဒါဝူဒ်"၏ နိုင်ငံကို ခိုင်ခံ့စေတော်မူခဲ့သည့်ပြင် ထိုဒါဝူဒ်အား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ စကားအဆုံးအဖြတ်ပေးနိုင်သော ဉာဏ်စွမ်းကိုလည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့ပေသတည်း။
Page 1 of 5 (88 ayahs)