Loading surah...
Back to Burmese Quran
53 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ حمٓ
ဟားမီမ်၊
عٓسٓقٓ
အိုင်န်၊ စီန်၊ ကာဖ်။
كَذَٰلِكَ يُوحِىٓ إِلَيْكَ وَإِلَى ٱلَّذِينَ مِن قَبْلِكَ ٱللَّهُ ٱلْعَزِيزُ ٱلْحَكِيمُ
အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အလ္လာဟ် အရှင်မြတ်သည်အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်ပွင့်ခဲ့ကြလေသောတမန်တော်များထံသို့လည်းကောင်း၊ ဤနည်းအတိုင်းပင် ဝဟီတော် ထုတ်ပြန်လေ့ရှိတော်မူခဲ့၏။
لَهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ وَهُوَ ٱلْعَلِىُّ ٱلْعَظِيمُ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ကမ္ဘာမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများပင် ဖြစ်ကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်မြင့်မြတ်လှတော်မူသော၊ ထူးကဲကြီးမြင့်လှတော်မူသောအရှင် ဖြစ်တော်မူ၏။
تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرْنَ مِن فَوْقِهِنَّ ۚ وَٱلْمَلَٰٓئِكَةُ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيَسْتَغْفِرُونَ لِمَن فِى ٱلْأَرْضِ ۗ أَلَآ إِنَّ ٱللَّهَ هُوَ ٱلْغَفُورُ ٱلرَّحِيمُ
မိုးကောင်းကင်များသည် မိမိတို့အပေါ်မှ အက်ကွဲပြိုကျအံဆဲဆဲ ဖြစ်ကုန်၏။ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည့်ပြင် တို့သည် ကမ္ဘာမြေ၌ရှိသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့် ကိုလည်းပန်ကြားလျက်ရှိကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည်ပင် အလွန်တရာခွင့်လွှတ်တော်မူသောအလွန်တရာသနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူ၏။
وَٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ٱللَّهُ حَفِيظٌ عَلَيْهِمْ وَمَآ أَنتَ عَلَيْهِم بِوَكِيلٍۢ
ထိုအရှင်မြတ်မှတစ်ပါး အခြားကို ကိစ္စအဝဝကိုပြီးစီးအောင် ဆောင်ရွက်ပေးသူများအဖြစ် ရွေးချယ်ပြုလုပ်ခဲ့ကြသောသူတို့အား အလ္လာဟ်အရှင်မြတ်သည် ကြည့်ရှုစောင့်ကြပ်တော်မူလျက်ရှိ၏။ စင်စစ်သော်ကား အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ တာဝန်ခံမဟုတ် ပေတကား။
وَكَذَٰلِكَ أَوْحَيْنَآ إِلَيْكَ قُرْءَانًا عَرَبِيًّۭا لِّتُنذِرَ أُمَّ ٱلْقُرَىٰ وَمَنْ حَوْلَهَا وَتُنذِرَ يَوْمَ ٱلْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌۭ فِى ٱلْجَنَّةِ وَفَرِيقٌۭ فِى ٱلسَّعِيرِ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်သည် (ဦးစွာပထမ)မက္ကဟ်မြို့(သားတို့) ကိုလည်းကောင်း၊ ယင်းမက္ကဟ်မြို့၏ ပတ်ဝန်းကျင်(၌နေထိုင်သူတို့)ကိုလည်းကောင်း၊ သတိပေး နှိုးဆော်အံ့သောငှာ၊ ထို့ပြင် ဒွိဟသံသယ အလျှင်းမရှိသော (ကိယာမတ် ရှင်ပြန်ထမည့်)နေ့နှင့်စပ်လျဉ်း၍ အသိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော (ဤ)ကုရ်အာန်ကျမ်းတော် မြတ်ကိုထုတ်ပြန်တော်မူခဲ့၏။ (၎င်းတို့အနက်) အုပ်စု တစ်စုမှာဂျန္နတ် သုခဘုံသို့ (လား၍) အုပ်စုတစ်စု မှာကား ဂျဟန္နမ်ငရဲဘုံသို့ (လားကြပေမည်)။
وَلَوْ شَآءَ ٱللَّهُ لَجَعَلَهُمْ أُمَّةًۭ وَٰحِدَةًۭ وَلَٰكِن يُدْخِلُ مَن يَشَآءُ فِى رَحْمَتِهِۦ ۚ وَٱلظَّٰلِمُونَ مَا لَهُم مِّن وَلِىٍّۢ وَلَا نَصِيرٍ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့အား သာသနာဝင်အုပ်စုတစ်စုတည်းပြုလုပ်တော် မူခဲ့မည်သာ။သို့ရာတွင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားသာလျှင် မိမိကရုဏာတော်သို့ ဝင်ရောက်စေတော်မူ၏။စင်စစ်သော်ကား မတရားကျူးလွန်သူတို့အား ကာကွယ်စောင့်ရှောက် အံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ချေ။
أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ۖ فَٱللَّهُ هُوَ ٱلْوَلِىُّ وَهُوَ يُحْىِ ٱلْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ
၎င်းတို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားသူတို့အား ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးသူ များအဖြစ် ရွေးချယ်ပြုလုပ်ထားခဲ့ကြလေသလော။ အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အားရှင်စေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။
وَمَا ٱخْتَلَفْتُمْ فِيهِ مِن شَىْءٍۢ فَحُكْمُهُۥٓ إِلَى ٱللَّهِ ۚ ذَٰلِكُمُ ٱللَّهُ رَبِّى عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
၎င်းပြင် အကြင်ကိစ္စသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို့သည် (မုစ်လင်မ်တို့နှင့်) ကွဲပြားလျက်ရှိကြကုန်၏။စင်စစ်သော်ကား ယင်းကိစ္စ၏ အဆုံးအဖြတ်မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ပင်ရှိ၏။ ဤသည်ပင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ငါသည် ထိုအရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ပေသည်။ ၎င်းပြင်ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင် ပြန်လှည့်၏။
فَاطِرُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَٰجًۭا وَمِنَ ٱلْأَنْعَٰمِ أَزْوَٰجًۭا ۖ يَذْرَؤُكُمْ فِيهِ ۚ لَيْسَ كَمِثْلِهِۦ شَىْءٌۭ ۖ وَهُوَ ٱلسَّمِيعُ ٱلْبَصِيرُ
(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင် တို့၏အမျိုးအစားထဲမှပင် ကြင်ရာကြင်ဖက်များကိုဖန်ဆင်းတော်မူခဲ့၏။ ထိုနည်းတူစွာ ခြေလေးချောင်း တိရစ္ဆာန်တို့၏ စုံတွဲများကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် အသင်တို့အား ပြန့်ပွားစေတော်မူ၏။ ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
لَهُۥ مَقَالِيدُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّهُۥ بِكُلِّ شَىْءٍ عَلِيمٌۭ
မိုးကောင်းကင်များနှင့်ပထဝီမြေ၏ သော့များသည် ထိုအရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့်တော်မူ၏။ ထိုနည်းတူစွာ (မိမိ အလိုရှိတော်မူသောသူအားစားနပ်ရိက္ခာကို)ကျပ်တည်းစေတော်မူ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွးမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
۞ شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحًۭا وَٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ وَمَا وَصَّيْنَا بِهِۦٓ إِبْرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓ ۖ أَنْ أَقِيمُوا۟ ٱلدِّينَ وَلَا تَتَفَرَّقُوا۟ فِيهِ ۚ كَبُرَ عَلَى ٱلْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ ۚ ٱللَّهُ يَجْتَبِىٓ إِلَيْهِ مَن يَشَآءُ وَيَهْدِىٓ إِلَيْهِ مَن يُنِيبُ
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အကြင်သာသနာတော်ကိုပင် သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်အား ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် အမိန့်ပေးတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် အသင့်ထံသို့ထုတ်ပြန်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် (နဗီတမန်တော်) အစ်ဗ်ရာဟီမ် အားလည်းကောင်း၊ (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်) အီစာ အားလည်းကောင်း၊အမိန့်ပေးတော်မူခဲ့၏။ အသင်တို့သည် ဒီန်သာသနာတော်ကို ခိုင်မြဲတည်ရှိစေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်ယင်းသာသနာ တော်နှင့်စပ်လျဉ်း၍ ကွဲပြားခြင်း၊ အုပ်စုကွဲခြင်း၊မရှိကြကုန်လင့်ဟူ၍ အမိန့်ပေးတော်မူခဲ့၏။ (အို-နဗီတမန်တော်) မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြကုန်သော သူတို့၌ အသင် ၎င်းတို့အား ဖိတ်ခေါ်လျက်ရှိသော (တောင်ဟီဒ်)တရားတော်မှာ လွန်စွာခက်ခဲကြီးလေးလှ၏။ (စင်စစ်မှာကား)အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိအထံတော်သို့ ရွေးချယ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိဘက်တော်သို့ ပြန်လှည့်သောသူအား လမ်းညွှန်တော်မူ၏။
وَمَا تَفَرَّقُوٓا۟ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۚ وَلَوْلَا كَلِمَةٌۭ سَبَقَتْ مِن رَّبِّكَ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى لَّقُضِىَ بَيْنَهُمْ ۚ وَإِنَّ ٱلَّذِينَ أُورِثُوا۟ ٱلْكِتَٰبَ مِنۢ بَعْدِهِمْ لَفِى شَكٍّۢ مِّنْهُ مُرِيبٍۢ
အမှန်စင်စစ်သော်ကား ၎င်းတို့မှာ မိမိတို့ထံသို့(တိကျမှန်ကန်သော)အသိပညာ ရောက်ရှိ၍လာပြီးနောက်သော်မှပင် မိမိတို့အချင်းချင်း မနာလိုမှုကြောင့် အုပ်စုကွဲခဲ့ကြကုန်၏။ စင်စစ်မှာကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သတ်မှတ်ထားသည့်အချိန်ထိ(လျစ်လျူပြုထားရန် ရှေးဦးမဆွကပင် အမိန့်တော်တစ်ရပ်အတည်မဖြစ်ခဲ့ပါလျှင် ၎င်းတို့အကြားဝယ် အမှန်ပင် စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့နောက်တွင် ကျမ်းဂန်ကို ပိုင်ဆိုင်စေခြင်းခံခဲ့ကြရသော သူတို့မှာမူကား ယင်းသာသနာတော်နှင့်စပ်လျဉ်း၍ ဝိစိကိစ္ဆာဖြစ်စေသော ဒွိဟသံသယ၌ ရှိနေကြကုန်သတည်း။)
فَلِذَٰلِكَ فَٱدْعُ ۖ وَٱسْتَقِمْ كَمَآ أُمِرْتَ ۖ وَلَا تَتَّبِعْ أَهْوَآءَهُمْ ۖ وَقُلْ ءَامَنتُ بِمَآ أَنزَلَ ٱللَّهُ مِن كِتَٰبٍۢ ۖ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمُ ۖ ٱللَّهُ رَبُّنَا وَرَبُّكُمْ ۖ لَنَآ أَعْمَٰلُنَا وَلَكُمْ أَعْمَٰلُكُمْ ۖ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمُ ۖ ٱللَّهُ يَجْمَعُ بَيْنَنَا ۖ وَإِلَيْهِ ٱلْمَصِيرُ
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)ထိုသည့် အတွက်ကြောင့်ပင် အသင်သည် (၎င်းတို့အား မှန်ကန်သော ဒီန်သာသနာတော်သို့) ဖိတ်ခေါ်လျက်ရှိပါလေ။ ၎င်းပြင် အသင်သည်မိမိအမိန့်ပေးခြင်း ခံခဲ့ရသည့်အတိုင်း ဖြောင့်မတ်စွာ ရှိနေပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့၏အလိုဆန္ဒများကို မလိုက်နာလေနှင့်၊ ထိုမှတစ်ပါး အသင်သည် ဤသို့ပြောကြားပါလေ။ငါသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူခဲ့သော မည်သည့်ကျမ်းဂန်ကိုမဆို သက်ဝင်ယုံကြည်ပြီးဖြစ်၏။ ၎င်းပြင် ငါသည်အသင်တို့အကြား၌ တရားမျှတရန် အမိန့်ပေးခြင်းကိုခံရ၏။အလ္လာဟ်အရှင်မြတ်သည် ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်လည်းဖြစ်တော်မူ၏။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူ၏။ ငါတို့၏အကျင့်အမူတို့မှာ ငါတို့အဖို့ဖြစ်၍ အသင်တို့၏အကျင့် အမူတို့ကား အသင်တို့အဖို့ ဖြစ်၏။ ငါတို့နှင့်အသင်တို့၏အကြား၌မည်သို့မျှ အငြင်းအခုံပြုရန်မရှိပြီ။ အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့အားလုံးကို စုရုံးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရပေမည်။
وَٱلَّذِينَ يُحَآجُّونَ فِى ٱللَّهِ مِنۢ بَعْدِ مَا ٱسْتُجِيبَ لَهُۥ حُجَّتُهُمْ دَاحِضَةٌ عِندَ رَبِّهِمْ وَعَلَيْهِمْ غَضَبٌۭ وَلَهُمْ عَذَابٌۭ شَدِيدٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ထိုအရှင်မြတ်အား ဟုတ်မှန်ကြောင်း ဝန်ခံပြီးဖြစ်သည့်နောက်သော်မှပင် အငြင်းအခုံပြုကြကုန် သောသူတို့၏ အငြင်းအခုံပြုခြင်းမှာ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အလွဲအချော်ပင် ဖြစ်ပေသည်။ ထို့ပြင်၎င်းတို့အပေါ်၌ အမျက်တော်ကျရောက်မည့်အပြင် ၎င်းတို့၌ပြင်းထန်လှ စွာသော အပြစ်ဒဏ်သည်လည်း ရှိချိမ့်မည်။
ٱللَّهُ ٱلَّذِىٓ أَنزَلَ ٱلْكِتَٰبَ بِٱلْحَقِّ وَٱلْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ ٱلسَّاعَةَ قَرِيبٌۭ
အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်ဒေသနာတော်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ချပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို-နဗီတမန်တော်)အသင်မသိ။ ကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်စွာရှိတန်ရာသည်။
يَسْتَعْجِلُ بِهَا ٱلَّذِينَ لَا يُؤْمِنُونَ بِهَا ۖ وَٱلَّذِينَ ءَامَنُوا۟ مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا ٱلْحَقُّ ۗ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِى ٱلسَّاعَةِ لَفِى ضَلَٰلٍۭ بَعِيدٍ
ယင်း ကိယာမတ်ရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍ ၎င်းကို မယုံကြည်သောသူတို့သည်သာလျှင် အလျင်စလိုပြုလျက်ရှိကြကုန်၏။ သို့ရာတွင်မုအ်မင်န်သက်ဝင်ယုံကြည်သူတို့မှာမူကား ယင်းကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလကို စိုးရိမ်၍နေကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ၎င်းကို မှန်ကန်သည်ဟု ယုံကြည်ကြကုန်၏။ သတိပြုကြလေကုန်။ ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်၍ အငြင်းအခုံပြုကြသောသူတို့မှာမူကား လွန်စွာဝေးကွာလှသောလမ်းမှား၌ ရှိနေကြကုန်သတည်း။
ٱللَّهُ لَطِيفٌۢ بِعِبَادِهِۦ يَرْزُقُ مَن يَشَآءُ ۖ وَهُوَ ٱلْقَوِىُّ ٱلْعَزِيزُ
အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့၏အလွန်နက်နဲသိမ်မွေ့သော အရေးကိစ္စတို့ကိုပင် ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (မိမိအလိုရှိတော်မူသရွေ့) စားနပ်ရိက္ခာကို ပေးသနားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် စွမ်းရည်သတ္တိနှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။
مَن كَانَ يُرِيدُ حَرْثَ ٱلْءَاخِرَةِ نَزِدْ لَهُۥ فِى حَرْثِهِۦ ۖ وَمَن كَانَ يُرِيدُ حَرْثَ ٱلدُّنْيَا نُؤْتِهِۦ مِنْهَا وَمَا لَهُۥ فِى ٱلْءَاخِرَةِ مِن نَّصِيبٍ
မည်သူမဆို အာခိရသ်တမလွန်ဘဝ၏ လယ်ယာစိုက်ပျိုးမှုကို လိုလားသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း အား၎င်း၏လယ်ယာစိုက်ပျိုးမှုတွင် တိုးပွား စေတော်မူပေမည်။သို့ရာတွင် မည်သူမဆို (ဤမျက်မှောက်)လောက၏ လယ်ယာစိုက်ပျိုးမှု လိုလားပါမူ ငါအရှင်မြတ်သည် ၎င်းအား(လည်း)ဤ(မျက်မှောက်)လောကမှ အနည်းငယ်ပေးတော်မူမည်။ သို့ရာတွင် အာခိရတ်တမလွန်ဘဝ၌မူကား ၎င်း၏အဖို့ မည်သည့်ဝေစုဝေပုံမျှပင် ရှိလိမ့်မည်မဟုတ်ပြီ။
Page 1 of 3 (53 ayahs)