Loading surah...
Back to Burmese Quran
35 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ حمٓ
ဟာ၊ မီမ်။
تَنزِيلُ ٱلْكِتَٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ
(ဤသည်) လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်မှ ချပေးသနားတော်မူသော ကျမ်းဂန်ပင်ဖြစ်၏။
مَا خَلَقْنَا ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ وَأَجَلٍۢ مُّسَمًّۭى ۚ وَٱلَّذِينَ كَفَرُوا۟ عَمَّآ أُنذِرُوا۟ مُعْرِضُونَ
ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းမိုး ကောင်းကင်များနှင့်ကမ္ဘာမြေ နှစ်ခု၏အကြားတွင် ရှိသမျှတို့ကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခု သတ်မှတ်ပိုင်းခြား၍ ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း သွေဖည်ငြင်းပယ်သော သူတို့မှာမူ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များမှ မျက်နှာလွှဲလျက်ပင် ရှိကြကုန်၏။
قُلْ أَرَءَيْتُم مَّا تَدْعُونَ مِن دُونِ ٱللَّهِ أَرُونِى مَاذَا خَلَقُوا۟ مِنَ ٱلْأَرْضِ أَمْ لَهُمْ شِرْكٌۭ فِى ٱلسَّمَٰوَٰتِ ۖ ٱئْتُونِى بِكِتَٰبٍۢ مِّن قَبْلِ هَٰذَآ أَوْ أَثَٰرَةٍۢ مِّنْ عِلْمٍ إِن كُنتُمْ صَٰدِقِينَ
(အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ပြောပြကြလေကုန်။ အလ္လာဟ်အရှင်မြတ် မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြသောအရာများသည် မည်သည့်မြေကို ဖန်ဆင်းခဲ့ကြသည်ကို၊ သို့တည်းမဟုတ် ၎င်းတို့အဖို့ မိုးကောင်းကင်များ၌ ဖက်စပ်ပါဝင်ခြင်းရှိသည်ကို ငါ့အား အသင်တို့ပြကြလေကုန်။အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤကျမ်းဂန်၏အလျင် ကျရောက်ခဲ့သောကျမ်းဂန် တစ်စုံတစ်ရာကို သော်လည်းကောင်း၊ (ရှေးအဆက်ဆက်မှ လာရှိသော) အသိပညာမှ အရပ်အမြွက်ပြသော အကြောင်းအချက် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ငါ့ထံ ယူခဲ့ကြလေကုန်။
وَمَنْ أَضَلُّ مِمَّن يَدْعُوا۟ مِن دُونِ ٱللَّهِ مَن لَّا يَسْتَجِيبُ لَهُۥٓ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ وَهُمْ عَن دُعَآئِهِمْ غَٰفِلُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် အပြင်အခြားသူများကို ဟစ်ခေါ်သောသူထက် ပို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။ ၎င်းတို့သည် ထိုသူ၏ စကားကို ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖြေကြားကြမည် မဟုတ်သည်သာမက ၎င်းတို့မှာ ဤသူတို့၏ ဟစ်ခေါ်ခြင်းကိုပင် သိကြရှာသူများမဟုတ်ပြီ။
وَإِذَا حُشِرَ ٱلنَّاسُ كَانُوا۟ لَهُمْ أَعْدَآءًۭ وَكَانُوا۟ بِعِبَادَتِهِمْ كَٰفِرِينَ
ထိုမှတစ်ပါး လူတို့သည် စုရုံးခြင်းခံကြရသောအခါ ၎င်းတို့မှာ ထိုသူတို့၏ ရန်သူများပင် ဖြစ်သွားကြပေမည်။ထိုမှတပါး ၎င်းတို့သည် ထိုသူတို့၏ ဆည်းကပ် ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَٰتُنَا بَيِّنَٰتٍۢ قَالَ ٱلَّذِينَ كَفَرُوا۟ لِلْحَقِّ لَمَّا جَآءَهُمْ هَٰذَا سِحْرٌۭ مُّبِينٌ
ထို့ပြင် ၎င်းတို့၏ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များ ဖတ်ကြားခြင်းခံရလေသောအခါ သွေဖည်ငြင်းပယ်သောသူတို့က အမှန်တရားတည်းဟူသော (ကုရ်အာန်ကျမ်းတော်)နှင့်စပ်လျဉ်း၍ ယင်းအမှန်တရားသည် ၎င်းတို့ထံ ရောက်လာသောအခါ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာ ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်၏။
أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ إِنِ ٱفْتَرَيْتُهُۥ فَلَا تَمْلِكُونَ لِى مِنَ ٱللَّهِ شَيْـًٔا ۖ هُوَ أَعْلَمُ بِمَا تُفِيضُونَ فِيهِ ۖ كَفَىٰ بِهِۦ شَهِيدًۢا بَيْنِى وَبَيْنَكُمْ ۖ وَهُوَ ٱلْغَفُورُ ٱلرَّحِيمُ
၎င်းတို့က ဤသူ(မုဟမ္မဒ်)သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားသည်ဟု ပြောဆိုကြလေသလော။ (သို့ဖြစ်လျှင် အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား လုံးဝကယ်နိုင်ကြသည် မရှိချေ။ ယင်းကုရ်အာန်ကျမ်းတော်မြတ် နှင့်စပ်လျဉ်း၍ အသင်တို့ပြောဆိုလျက် ရှိကြသည်တို့ကို ထိုအရှင်မြတ်သည် အသိဆုံးပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်သည်ပင် အသင်တို့နှင့် ငါ၏အကြားဝယ် လုံလောက်သောသက်သေဖြစ်တော်မူ၏။ သက်သေအဖြစ် လုံလောက်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
قُلْ مَا كُنتُ بِدْعًۭا مِّنَ ٱلرُّسُلِ وَمَآ أَدْرِى مَا يُفْعَلُ بِى وَلَا بِكُمْ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ وَمَآ أَنَا۠ إِلَّا نَذِيرٌۭ مُّبِينٌۭ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် ရစူလ်တမန်တော်တို့အနက် အသစ်အဆန်းမဟုတ်ပြီ။ ထို့ပြင် ငါသည် မိမိနှင့်ပတ်သက်၍ လည်းကောင်း၊ အသင်တို့နှင့်ပတ်သက်၍လည်းကောင်း၊ မည်သို့ ပြုလုပ်ခြင်းခံရမည်ကို သိရှိသည်မဟုတ်ပြီ။ ငါသည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ‘ဝဟ်ယ်’ အမိန့်တော်ကိုသာလျှင် လိုက်နာ၏။ ထိုမှတစ်ပါး ငါသည် ရှင်းလင်းထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦး မှအပ အခြားမဟုတ်ပြီ။
قُلْ أَرَءَيْتُمْ إِن كَانَ مِنْ عِندِ ٱللَّهِ وَكَفَرْتُم بِهِۦ وَشَهِدَ شَاهِدٌۭ مِّنۢ بَنِىٓ إِسْرَٰٓءِيلَ عَلَىٰ مِثْلِهِۦ فَـَٔامَنَ وَٱسْتَكْبَرْتُمْ ۖ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ့အား ပြောပြကြလေကုန်။ အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ် အထံတော်မှ (ထုတ်ပြန်သော) ကျမ်းဂန်ဖြစ်အံ့။သို့ရာတွင် အသင်တို့သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ငြင်းပယ်လျက်ရှိအံ့။ (သို့ဖြစ်လျှင် အသင်တို့၏ အခြေအနေသည် မည်သို့ဖြစ်အံ့နည်း။) အမှန်စင်စစ်သော်ကား ယင်း ကုရ်အာန်ကျမ်းတော် ကဲ့သို့သောကျမ်းဂန်(တောင်ရာတ်)ကို အီစ်ရာအီလီအမျိုးသားတို့အနက် သက်သေတစ်ဦးသည် သက်သေခံခဲ့ပြီးနောက် သက်ဝင်ယုံကြည် ခဲ့ပြီးဖြစ်၏။ သို့ပါလျက် အသင်တို့မှာမူကား (သက်ဝင်ယုံကြည်ကြသည်မရှိ)မောက်မာ၍သာ နေခဲ့ကြကုန်၏။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။
وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوا۟ لَوْ كَانَ خَيْرًۭا مَّا سَبَقُونَآ إِلَيْهِ ۚ وَإِذْ لَمْ يَهْتَدُوا۟ بِهِۦ فَسَيَقُولُونَ هَٰذَآ إِفْكٌۭ قَدِيمٌۭ
စင်စစ်သော်ကား သွေဖည်ငြင်းပယ်သောသူတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့နှင့် ပတ်သက်၍(ဤသို့)ပြောဆိုကြကုန်၏။ အကယ်၍ ထိုကုရ်အာန်သည်ကောင်းမြတ်သော အရာတစ်စုံတစ်ခုဖြစ်ခဲ့မူ ထို ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့မှာ ငါတို့ထက်ဦးစွာ ယင်းကုရ်အာန်ကို သက်ဝင်ယုံကြည် နိုင်ကြမည်မဟုတ်ပေ။ တစ်ဖန် ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသောအခါ ၎င်းတို့က ဤသည် ရှေးဟောင်းမုသားပင် ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်၏။
وَمِن قَبْلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامًۭا وَرَحْمَةًۭ ۚ وَهَٰذَا كِتَٰبٌۭ مُّصَدِّقٌۭ لِّسَانًا عَرَبِيًّۭا لِّيُنذِرَ ٱلَّذِينَ ظَلَمُوا۟ وَبُشْرَىٰ لِلْمُحْسِنِينَ
အမှန်စင်စစ်မှာမူကား ဤကုရ်အာန်ကျမ်းတော်မြတ်အလျင် မူစာ၏ကျမ်းဂန် (တောင်ရာတ်)သည် ရှေ့ဆောင်လမ်းပြအဖြစ်လည်းကောင်း၊ ကရုဏာအဖြစ် လည်းကောင်း၊ရှိခဲ့၏။ ထို့ပြင် ဤကျမ်းဂန်မှာ(ယင်းတောင်ရာတ်ကျမ်းကို)ထောက်ခံသော ကျမ်းဂန်ဖြစ်၏။ မတရားကျူးလွန်သော (မက္ကာမြို့သား)တို့အား သတိပေးနှိုးဆော်ရန် အရဗီဘာသာစကားဖြင့် ထုတ်ပြန်ထား၏။ ၎င်းပြင် ကောင်းမှုပြုသူတို့အဖို့ သတင်းကောင်းလည်းဖြစ်၏။
إِنَّ ٱلَّذِينَ قَالُوا۟ رَبُّنَا ٱللَّهُ ثُمَّ ٱسْتَقَٰمُوا۟ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ဧကန်မလွဲ ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြပြီးနောက် (ယင်းယုံကြည်ချက်ပေါ်ဝယ်)ကြံ့ခိုင်စွာ တည်ရှိကြကုန်သောသူတို့၌ မည်သည့်စိုးရိမ်မှုလည်း ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူပင်သောက ဖြစ်ကြရမည်လည်း မဟုတ်ပေ။
أُو۟لَٰٓئِكَ أَصْحَٰبُ ٱلْجَنَّةِ خَٰلِدِينَ فِيهَا جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ
ထိုသူတို့မှာ ‘ဂျန္နတ်’သုခဘုံသားများပင် ဖြစ်ကြကုန်၏။ ယင်းသုခဘုံ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။(ဤသည်) ၎င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်းပင် ဖြစ်ပေသတည်း။
وَوَصَّيْنَا ٱلْإِنسَٰنَ بِوَٰلِدَيْهِ إِحْسَٰنًا ۖ حَمَلَتْهُ أُمُّهُۥ كُرْهًۭا وَوَضَعَتْهُ كُرْهًۭا ۖ وَحَمْلُهُۥ وَفِصَٰلُهُۥ ثَلَٰثُونَ شَهْرًا ۚ حَتَّىٰٓ إِذَا بَلَغَ أَشُدَّهُۥ وَبَلَغَ أَرْبَعِينَ سَنَةًۭ قَالَ رَبِّ أَوْزِعْنِىٓ أَنْ أَشْكُرَ نِعْمَتَكَ ٱلَّتِىٓ أَنْعَمْتَ عَلَىَّ وَعَلَىٰ وَٰلِدَىَّ وَأَنْ أَعْمَلَ صَٰلِحًۭا تَرْضَىٰهُ وَأَصْلِحْ لِى فِى ذُرِّيَّتِىٓ ۖ إِنِّى تُبْتُ إِلَيْكَ وَإِنِّى مِنَ ٱلْمُسْلِمِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ‘မနူဿ’လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာပြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့်(မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခဲ့၏။ ထို့ပြင် ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့်ပင် ၎င်းအားမွေးဖွားခဲ့၏။ ထို့ပြင် ၎င်းအား သယ်ပိုးလွယ်ပိုက်ခြင်းနှင့် ၎င်းအား နို့ဖြတ်ခြင်း(၏အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်၏။ နောက်ဆုံးတွင် ထိုလူသားသည် မိမိအရွယ်ရောက် လူလားမြောက်ခြင်းသို့ရောက်ရှိ၍ အနှစ်လေးဆယ်(အရွယ်)၏သို့ရောက်လေသောအခါ(ဤသို့) ပန်ကြားလျှောက်ထားလေ၏။အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သားမြေးတို့၌လည်း အကျိုးဖြစ်စေတော်မူပါ။(အရည်အချင်း ဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။
أُو۟لَٰٓئِكَ ٱلَّذِينَ نَتَقَبَّلُ عَنْهُمْ أَحْسَنَ مَا عَمِلُوا۟ وَنَتَجَاوَزُ عَن سَيِّـَٔاتِهِمْ فِىٓ أَصْحَٰبِ ٱلْجَنَّةِ ۖ وَعْدَ ٱلصِّدْقِ ٱلَّذِى كَانُوا۟ يُوعَدُونَ
ထိုသူတို့သည်ပင် အကြင်သူများ ဖြစ်ကြကုန်၏။ငါအရှင်မြတ်သည် ၎င်းတို့ထံမှ ၎င်းတို့၏ ကောင်းမြတ်လှသော ကျင့်မူချက်များကို သဘောတူ လက်ခံတော်မူပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို(အရေးမယူ)လျစ်လျူရှုတော်မူပေမည်။ (၎င်းတို့မှာ) ‘ဂျန္နတ်’ သုခဘုံသားတို့တွင် အပါအဝင် ဖြစ်ကြပေမည်။ (ဤသည်)၎င်းတို့ ကတိပေးခြင်းခံခဲ့ကြရသော မှန်ကန်သော ကတိပြုချက်ပင် ဖြစ်ချေသတည်း။
وَٱلَّذِى قَالَ لِوَٰلِدَيْهِ أُفٍّۢ لَّكُمَآ أَتَعِدَانِنِىٓ أَنْ أُخْرَجَ وَقَدْ خَلَتِ ٱلْقُرُونُ مِن قَبْلِى وَهُمَا يَسْتَغِيثَانِ ٱللَّهَ وَيْلَكَ ءَامِنْ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ فَيَقُولُ مَا هَٰذَآ إِلَّآ أَسَٰطِيرُ ٱلْأَوَّلِينَ
၎င်းပြင် အကြင်သူသည် မိမိ၏ မိဘနှစ်ပါးအား(ဤသို့)ပြောဆိုခဲ့၏။ "အသင်တို့နှစ်ဦးအဖို့ ရှက်ဖွယ်ပင် ကောင်းလှ၏။ အသင်တို့နှစ်ဦးသည် ကျွန်ုပ်အား (သင်္ချိုင်းထဲမှ) ကျွန်ုပ် ပြန်ထွက်စေခြင်းကိုခံရမည်ဟု ခြိမ်းခြောက်ကြလေသလော။ အမှန်စင်စစ်မှာမူကား၊ ကျွန်ုပ်၏အလျင်(မြောက်မြားစွာသော)လူမျိုးဆက်တို့သည် လွန်လေခဲ့လေပြီ။ သို့တစေလည်း ထိုမိဘနှစ်ပါးတို့မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ ဟစ်အော်ငိုကြွေး အကူအညီတောင်းခံလျက်ရှိကြကုန်၏။ (တစ်ဖန် ထိုသို့သောသားသမီးအား ဤသို့ပြောဆိုကြလေ၏။) အသင်သည် ပျက်စီးရလေခြင်း၊ အသင်သည် သက်ဝင်ယုံကြည်ပါလေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ ချိန်းချက်မှုကား မှန်ကန်သောချိန်းချက်မှုပင် ဖြစ်ပေ၏။ ထိုအခါ ၎င်းက "ဤသည် ရှေးသူဟောင်းတို့၏ ယုံတမ်းစကားများသာလျှင် ဖြစ်သည်"ဟု ဆိုပြန်လေ၏။
أُو۟لَٰٓئِكَ ٱلَّذِينَ حَقَّ عَلَيْهِمُ ٱلْقَوْلُ فِىٓ أُمَمٍۢ قَدْ خَلَتْ مِن قَبْلِهِم مِّنَ ٱلْجِنِّ وَٱلْإِنسِ ۖ إِنَّهُمْ كَانُوا۟ خَٰسِرِينَ
ထိုသူတို့ကား အကြင်သူတို့ပင်၊ ဂျင်န်အမျိုးသားတို့ အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ လွန်လေပြီးဖြစ်သော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့်ပတ်သက်သော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မှာ အမှန်ဖြစ်ခဲ့လေပြီ။ ဧကန်မလွဲ ၎င်းတို့မှာ ဆုံးရှုံးသူများပင် ဖြစ်ကြကုန်၏။
وَلِكُلٍّۢ دَرَجَٰتٌۭ مِّمَّا عَمِلُوا۟ ۖ وَلِيُوَفِّيَهُمْ أَعْمَٰلَهُمْ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား (မုအ်မင်န်၊ကာဖိရ်) အသီးသီးတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော အကျင့်အမူများအလိုက် အဆင့်အတန်းများ ရှိကြလေ၏။ ၎င်းပြင်(အလ္လာဟ်အရှင်မြတ်သည် ဤသို့အကျိုးပေးတော်မူခဲ့ခြင်းမှာ)ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ အကျင့်အမူများ၏အစားကို အပြည့်အစုံပေးတော်မူအံ့သောငှာ ဖြစ်ပေသည်။ သို့ရာတွင် ၎င်းတို့မှာ(မည်သို့မျှ) မတရားပြုမူခြင်းကို ခံကြရမည် မဟုတ်ပေ။
وَيَوْمَ يُعْرَضُ ٱلَّذِينَ كَفَرُوا۟ عَلَى ٱلنَّارِ أَذْهَبْتُمْ طَيِّبَٰتِكُمْ فِى حَيَاتِكُمُ ٱلدُّنْيَا وَٱسْتَمْتَعْتُم بِهَا فَٱلْيَوْمَ تُجْزَوْنَ عَذَابَ ٱلْهُونِ بِمَا كُنتُمْ تَسْتَكْبِرُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَبِمَا كُنتُمْ تَفْسُقُونَ
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့သည် ငရဲမီး၏ရှေ့သို့ယူလာခြင်းကို ခံကြရသောအခါ (ဤသို့မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်၊) အသင်တို့သည် မိမိတို့၏လောကီဘဝ၌ပင် မိမိတို့၏ ကောင်းမြတ်သောအရာများ(ဝါ)စည်းစိမ်ချမ်းသာများကို ဖြုန်းတီးခဲ့ကြပြီ။ ယင်းစည်းစိမ်ချမ်းသာများဖြင့် အကျိုးလည်းခံစားခဲ့ကြပြီ။ သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့သည် ကမ္ဘာမြေဝယ် မိမိတို့ မတရားသဖြင့် ဘဝင်မြင့်မောက်မာလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ အမိန့်တော်ကို သွေဖည်လျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေအံ့သော ပြစ်ဒဏ်ကိုအစားပေးခြင်း ခံကြရကုန်အံ့သတည်း။
Page 1 of 2 (35 ayahs)