Loading surah...
Back to Burmese Quran
56 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يَٰٓأَيُّهَا ٱلْمُدَّثِّرُ
အို-စောင်ခြုံထားသူ။
قُمْ فَأَنذِرْ
အသင်သည် ထပြီးလျှင် (ကာဖိရ် သွေဖည် ငြင်းပယ်သောသူတို့အား) သတိပေးနှိုးဆော်ပါလေ။
وَرَبَّكَ فَكَبِّرْ
၎င်းပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် ကြီးကဲမြင့်မြတ်တော်မူကြောင်း ချီးကျူးမြွက်ဆိုပါလေ။
وَثِيَابَكَ فَطَهِّرْ
၎င်းပြင် အသင်သည် မိမိအဝတ်များကို(အညစ်အကြေးတို့မှ) စင်ကြယ်သန့်ရှင်းစေပါလေ၊
وَٱلرُّجْزَ فَٱهْجُرْ
ထို့ပြင် အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာနေပါလေ။
وَلَا تَمْنُن تَسْتَكْثِرُ
ထို့ပြင် အသင်သည် (တစ်စုံတစ်ဦးအား) ပိုမိုရလိုသောအားဖြင့် (တစ်စုံတစ်ရာ)ပေးကမ်းခြင်းကို မပြုပါလေနှင့်။
وَلِرَبِّكَ فَٱصْبِرْ
ထိုမှတစ်ပါး အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် (ကျေနပ်မှု)ကို ရည်စူး၍ သည်းခံခြင်း တရားထားရှိပါလေ။
فَإِذَا نُقِرَ فِى ٱلنَّاقُورِ
စင်စစ်သော်ကား တံပိုးခရာ မှုတ်သောအခါဝယ်
فَذَٰلِكَ يَوْمَئِذٍۢ يَوْمٌ عَسِيرٌ
ယင်းနေ့မှာ လွန်စွာ ခက်ခဲပြင်းထန်သော နေ့ပင်ဖြစ်ချိမ့်မည်။
عَلَى ٱلْكَٰفِرِينَ غَيْرُ يَسِيرٍۢ
ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့အဖို့ လွယ်ကူခြင်းမရှိသော။
ذَرْنِى وَمَنْ خَلَقْتُ وَحِيدًۭا
(အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ အကြင်သူအားလည်းကောင်း၊ လွှတ်ထားပါလေ။ ငါအရှင်မြတ်သည် ၎င်း အား တစ်ဦးတည်း ဖန်ဆင်းတော်မူခဲ့၏။
وَجَعَلْتُ لَهُۥ مَالًۭا مَّمْدُودًۭا
ထို့ပြင် ငါအရှင်မြတ်သည် ထိုသူအား မြောက်မြားစွာသော ပစ္စည်းဥစ္စာကိုလည်းကောင်း၊
وَبَنِينَ شُهُودًۭا
ရှေ့မှောက်၌ (အမြဲ)အဆင်သင့်ရှိနေကြသော ယောက်ျားများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့၏။
وَمَهَّدتُّ لَهُۥ تَمْهِيدًۭا
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း၌(စည်းစိမ်ချမ်းသာ အမျိုးမျိုးတို့ကို) အဆင်သင့် ပြုလုပ်၍ ပေးတော်မူခြင်းအားဖြင့် အဆင်ပြေစေတော်မူခဲ့၏။
ثُمَّ يَطْمَعُ أَنْ أَزِيدَ
သို့ပါလျက် ငါအရှင်မြတ်သည် ၎င်းအား ပိုမို၍ပေးတော်မူရန် ၎င်းသည် လောဘရမ္မက်ထားရှိ၏။
كَلَّآ ۖ إِنَّهُۥ كَانَ لِءَايَٰتِنَا عَنِيدًۭا
(၎င်းမှာ ပိုမိုချီးမြှင့်တော်မူခြင်းကို)အလျှင်း (ခံရမည်) မဟုတ်ပေ။ ဧကန်မလွဲ ၎င်းမှာ ငါအရှင်မြတ်၏အာယတ်တော်၊ သက်သေလက္ခဏာတော်များကို ဆန့်ကျင်သူဖြစ်၏။
سَأُرْهِقُهُۥ صَعُودًا
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်းအား(ဂျဟန္နမ်ငရဲ၏) တောင်ပေါ်သို့ အနိုင်အထက်ပြု၍ တက်စေတော်မူမည်။
إِنَّهُۥ فَكَّرَ وَقَدَّرَ
ဧကန်စင်စစ် ၎င်းသည် ကြံစည်၍ (ယင်းအကြံအစည်ကို) ဆုံးဖြတ်ခဲ့၏။
فَقُتِلَ كَيْفَ قَدَّرَ
သို့ဖြစ်ပေရာ ၎င်း သည် ပျက်စီးစေသား၊ ၎င်းသည် (အဘယ်ကဲ့သို့)သော အကြံအစည်ကို ဆုံးဖြတ်ခဲ့ဘိသနည်း။
ثُمَّ قُتِلَ كَيْفَ قَدَّرَ
ထိုသူသည် ထို့နောက်တစ်ဖန် ထပ်မံ၍ ပျက်စီးစေသား၊ ၎င်းသည် မည်ကဲ့သို့(သောအကြံအစည်ကို) ဆုံးဖြတ်ခဲ့ဘိသနည်း။
Page 1 of 3 (56 ayahs)