Loading surah...
Back to Burmese Quran
19 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سَبِّحِ ٱسْمَ رَبِّكَ ٱلْأَعْلَى
(အို-နဗီတမန်တော်) အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသော၊ အရှင်မြတ်၏နာမံတော် (သန့်ရှင်းစင်ကြယ်ကြောင်း)ကို ချီးမွမ်းမြွက်ဆိုပါလေ။
ٱلَّذِى خَلَقَ فَسَوَّىٰ
အကြင်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို)ဖန်ဆင်းတော်မူပြီးနောက် နေထားတကျဖြစ်အောင်လည်း ပြုလုပ်တော်မူခဲ့၏။
وَٱلَّذِى قَدَّرَ فَهَدَىٰ
၎င်းပြင် ထိုအရှင်မြတ်သည် တင်ရင်စီမံတော်မူပြီးနောက် လမ်းညွှန်တော်မူခဲ့၏။
وَٱلَّذِىٓ أَخْرَجَ ٱلْمَرْعَىٰ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြက်သစ်ပင်(ကောက်ပဲသီးနှံ)ကို ပေါက်ရောက်စေတော်မူခဲ့၏။
فَجَعَلَهُۥ غُثَآءً أَحْوَىٰ
ထို့နောက် ထိုအရှင်မြတ်သည် ယင်းမြက်သစ်ပင်များကို (ဆွေးမြေ့)မည်းနက်သော ရိုးဖြတ်၊ ကောက်ရိုး၊ ဖြစ်စေတော်မူခဲ့၏။
سَنُقْرِئُكَ فَلَا تَنسَىٰٓ
(အို-နဗီတမန်တော်၊)မုချဧကန် ငါအရှင်မြတ်သည် အသင့်အား ရွတ်ဖတ်စေတော်မူမည်၊ သို့ဖြစ်လျှင် အသင်သည် မေ့လျော့မည် မဟုတ်တော့ပြီ။
إِلَّا مَا شَآءَ ٱللَّهُ ۚ إِنَّهُۥ يَعْلَمُ ٱلْجَهْرَ وَمَا يَخْفَىٰ
အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာ မှတပါး အခြားကို၊ ဧကန်မလွဲ ထိုအရှင်မြတ်သည် ထင်ရှားသိသာသော အရာကိုလည်းကောင်း၊ ဖုံးကွယ်လျက်ရှိသော အရာကိုလည်းကောင်း၊ သိရှိတော်မူ၏။
وَنُيَسِّرُكَ لِلْيُسْرَىٰ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား တဖြည်းဖြည်း လွယ်ကူမှုသို့ ပို့ပေးတော်မူပေမည်။ (ငါအရှင်မြတ်သည် အသင့်အား လွယ်ကူသော ရှရီအတ်ကို (လိုက်နာကျင့်သုံးရန်) လွယ်ကူစေတော်မူမည်)။
فَذَكِّرْ إِن نَّفَعَتِ ٱلذِّكْرَىٰ
သို့ဖြစ်ပေရာ အကယ်၍ ဆုံးမခြင်းသည် အကျိုးဖြစ်စေလျှင် အသင်သည် ဆုံးမပါလေ။
سَيَذَّكَّرُ مَن يَخْشَىٰ
(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့သောသူသည် အမှန်ပင် တရားရပေလိမ့်မည်။
وَيَتَجَنَّبُهَا ٱلْأَشْقَى
သို့ရာတွင် အလွန် အကြောင်းမလှသောသူမှာမူကား ယင်းဆုံးမဩဝါဒမှ သွေဖည်၍ နေပေလိမ့်မည်။
ٱلَّذِى يَصْلَى ٱلنَّارَ ٱلْكُبْرَىٰ
အကြင် အကြောင်းမလှသောသူသည် အလွန်ကြီးကျယ်သော မီးထဲသို့ ဝင်ရောက်ရပေမည်။
ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ
ထို့နောက် ထိုသူသည် ယင်းမီးထဲ၌ သေဆုံးသွားမည်လည်းမဟုတ်ပေ၊ အသက်ရှင်၍နေမည်လည်း မဟုတ်ပေတကား။
قَدْ أَفْلَحَ مَن تَزَكَّىٰ
ဧကန်မလွဲ အကြင်သူသည် အောင်မြင်ခဲ့လေပြီ၊ ထိုသူသည် "အီမာန်" သက်ဝင်ယုံကြည်ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းခဲ့၏။
وَذَكَرَ ٱسْمَ رَبِّهِۦ فَصَلَّىٰ
၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို အောက်မေ့ တသပြီးနောက် "ဆွလာတ်" ဝတ်ပြုခဲ့၏။
بَلْ تُؤْثِرُونَ ٱلْحَيَوٰةَ ٱلدُّنْيَا
ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား အသင်တို့သည် လောကီဘဝကိုပင် ဦးစားပေးနေကြကုန်၏။
وَٱلْءَاخِرَةُ خَيْرٌۭ وَأَبْقَىٰٓ
အမှန်သော်ကား တမလွန်ဘဝသည် ပိုမို၍ ကောင်းမြတ်သည့်ပြင် ပိုမို၍ပင် တည်မြဲပေသည်။
إِنَّ هَٰذَا لَفِى ٱلصُّحُفِ ٱلْأُولَىٰ
ဧကန်စင်စစ် ဤသည် ရှေးဟောင်းကျမ်းများ၌လည်း လာရှိခဲ့ပေပြီ။
صُحُفِ إِبْرَٰهِيمَ وَمُوسَىٰ
(နဗီတမန်တော်)အိဗ်ရာဟီမ်၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌လည်းကောင်း၊ (နဗီတမန်တော်)မူစာ၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌ လည်းကောင်း။