Loading surah...
Back to Burmese Quran
30 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلْفَجْرِ
(ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။
وَلَيَالٍ عَشْرٍۢ
၎င်းပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညဉ့်ကို သက်သေထူတော်မူ၏။
وَٱلشَّفْعِ وَٱلْوَتْرِ
ထို့ပြင် (ငါအရှင်မြတ်သည်) စုံ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ မ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَٱلَّيْلِ إِذَا يَسْرِ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် သွားလေ၏။
هَلْ فِى ذَٰلِكَ قَسَمٌۭ لِّذِى حِجْرٍ
ဤသည်တို့၌ ဉာဏ်အမြော်အမြင် ပြည့်စုံသောသူ၏အဖို့ ခိုင်မာလုံလောက်သော ကျိန်ဆိုချက် ရှိသည်မဟုတ်လော။
أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِعَادٍ
(အို-နဗီတမန်တော်)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် "အာဒ်"အမျိုးသားတို့အား မည်သို့ပြုလုပ်တော်မူခဲ့သည်ကို အသင်သိမြင်ခဲ့ပြီ မဟုတ်လော။
إِرَمَ ذَاتِ ٱلْعِمَادِ
အရပ်အမောင်းထွားကျိုင်းသော၊ တိုင်ရှည်ကြီးများ၏ပိုင်ရှင်ဖြစ်ကြသော "အိရမ်"(၏အဆက်အနွယ်)အား။
ٱلَّتِى لَمْ يُخْلَقْ مِثْلُهَا فِى ٱلْبِلَٰدِ
(ကမ္ဘာပေါ်ရှိ) မြို့ရွာများတို့တွင် (မည်သူမျှ ပင်)၎င်းတို့ကဲ့သို့ ဖန်ဆင်းခြင်းခံခဲ့ရသည် မဟုတ်ပေ။
وَثَمُودَ ٱلَّذِينَ جَابُوا۟ ٱلصَّخْرَ بِٱلْوَادِ
ဝါဒစ်လ်ကုရာ" အရပ်၌ ကျောက်ဆောင်များကို ထွင်းခဲ့ကြသော "ဆမူဒ်" အမျိုးသားတို့အား (မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။
وَفِرْعَوْنَ ذِى ٱلْأَوْتَادِ
ငုတ်များ၏ပိုင်ရှင်ဖြစ်သော ‘ဖစ်ရ်အောင်န်’အား(မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။
ٱلَّذِينَ طَغَوْا۟ فِى ٱلْبِلَٰدِ
အကြင်သူတို့သည် တိုင်းပြည်များတွင် ဆိုးသွမ်းခဲ့ကြကုန်၏။
فَأَكْثَرُوا۟ فِيهَا ٱلْفَسَادَ
ထို့နောက် ၎င်းတို့သည် ထိုတိုင်းပြည်များတွင် ပျက်စီးရာပျက်စီးကြောင်းကို များစွာ ပြုလုပ်ခဲ့ကြကုန်၏။
فَصَبَّ عَلَيْهِمْ رَبُّكَ سَوْطَ عَذَابٍ
သို့ဖြစ်ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြစ်ဒဏ်၏ကျာပွတ်၊ ပြစ်ဒဏ်တစ်မျိုးကို သွန်းချတော်မူခဲ့၏။
إِنَّ رَبَّكَ لَبِٱلْمِرْصَادِ
ဧကန်မလွဲ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည် တပ်ပုန်းချထားရာအရပ်၌ ချောင်းမြောင်းလျက် စောင့်ကြည့်လျက် ရှိတော်မူပေသည်။
فَأَمَّا ٱلْإِنسَٰنُ إِذَا مَا ٱبْتَلَىٰهُ رَبُّهُۥ فَأَكْرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّىٓ أَكْرَمَنِ
သို့ပါလျက် မည်သို့ပင်ဖြစ်စေ၊ (ကာဖိရ်)လူသားမှာမူကား ၎င်း၏အရှင်မြတ်က ၎င်းအား စမ်းသပ်တော်မူသောအခါ ထိုအရှင်မြတ်သည် ၎င်းအား ဂုဏ်အသရေချီးမြှင့်တော်မူ၏။ ထို့ပြင် ၎င်းအား ကျေးဇူးပြုတော်မူ၏။ ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေ ချီးမြှင့်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိ၏။
وَأَمَّآ إِذَا مَا ٱبْتَلَىٰهُ فَقَدَرَ عَلَيْهِ رِزْقَهُۥ فَيَقُولُ رَبِّىٓ أَهَٰنَنِ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ၎င်းအား (တစ်နည်း) စမ်းသပ်တော်မူပြန်သောအခါ ၎င်း၏အပေါ်၌ ၎င်း၏စားနပ်ရိက္ခာကို ကျပ်တည်းစေတော်မူ၏။ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေဖျက်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိပေသည်။
كَلَّا ۖ بَل لَّا تُكْرِمُونَ ٱلْيَتِيمَ
အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည် ဘမဲ့ကလေးသူငယ်များအား ဂုဏ်ပေးကြသည် မဟုတ်ပေ။
وَلَا تَحَٰٓضُّونَ عَلَىٰ طَعَامِ ٱلْمِسْكِينِ
ထို့ပြင် အသင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။
وَتَأْكُلُونَ ٱلتُّرَاثَ أَكْلًۭا لَّمًّۭا
၎င်းပြင် အသင်တို့သည် အမွေပစ္စည်းများကိုလည်း သိမ်းကျုံးလျက် စားသုံးကြကုန်၏။
وَتُحِبُّونَ ٱلْمَالَ حُبًّۭا جَمًّۭا
ထိုမှတစ်ပါး အသင်တို့သည် ဥစ္စာပစ္စည်းကိုလည်း အလွန်အမင်း ချစ်ခင်စုံမက် ခုံမင်ကြကုန် သတည်း။
Page 1 of 2 (30 ayahs)