Loading surah...
Back to Burmese Quran
21 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلَّيْلِ إِذَا يَغْشَىٰ
(ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။
وَٱلنَّهَارِ إِذَا تَجَلَّىٰ
၎င်းပြင် နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် လင်းဝင်းလေ၏။
وَمَا خَلَقَ ٱلذَّكَرَ وَٱلْأُنثَىٰٓ
ထို့ပြင် အဖိုကိုလည်းကောင်း၊ အမကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ကို သက်သေထူတော်မူ၏။
إِنَّ سَعْيَكُمْ لَشَتَّىٰ
ဧကန်စင်စစ် အသင်တို့၏ ကြိုးပမ်းဆောင်ရွက်မှုသည် အပြားပြားဖြစ်၏။
فَأَمَّا مَنْ أَعْطَىٰ وَٱتَّقَىٰ
သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းလေ၏။ ၎င်းပြင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့လေ၏။
وَصَدَّقَ بِٱلْحُسْنَىٰ
ထိုမှတစ်ပါး ထိုလူသည် ကောင်းမြတ်သောအရာကို ဟုတ်မှန်သည်ဟု ယုံကြည်လက်ခံလေ၏။
فَسَنُيَسِّرُهُۥ لِلْيُسْرَىٰ
သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား လွယ်ကူမှုသို့ ပို့ပေးတော်မူသည်။
وَأَمَّا مَنۢ بَخِلَ وَٱسْتَغْنَىٰ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည်(ပေးကမ်း လှူဒါန်းခြင်းမပြုဘဲ) စေးနဲ၏။ ၎င်းပြင် ထိုသူသည်(မိမိကိုယ်ကို) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်လေ၏။
وَكَذَّبَ بِٱلْحُسْنَىٰ
ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ်သောအရာကို မဟုတ်မမှန်ဟု ငြင်းဆိုလေ၏။
فَسَنُيَسِّرُهُۥ لِلْعُسْرَىٰ
သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။
وَمَا يُغْنِى عَنْهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ
၎င်းပြင် ထိုသူသည် တွင်းထဲသို့ကျသောအခါ ၎င်း၏ပစ္စည်းဥစ္စာသည် ၎င်း၏အဖို့ အသုံးဝင်လိမ့်မည် မဟုတ်ပေတကား။
إِنَّ عَلَيْنَا لَلْهُدَىٰ
ဧကန်မလွဲ တရားလမ်း ညွှန်ပြခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။
وَإِنَّ لَنَا لَلْءَاخِرَةَ وَٱلْأُولَىٰ
ထို့ပြင် ဧကန်မလွဲ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက် လောကကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။
فَأَنذَرْتُكُمْ نَارًۭا تَلَظَّىٰ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင်တို့အား ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ)မီးနှင့်စပ်လျဉ်း၍ သတိပေး နှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။
لَا يَصْلَىٰهَآ إِلَّا ٱلْأَشْقَى
ထို(ငရဲ)မီးထဲသို့ အလွန်အကြောင်းမလှသောသူ၊ ယုတ်မာသောသူသာလျှင် လားရမည်ဖြစ်၏။
ٱلَّذِى كَذَّبَ وَتَوَلَّىٰ
အကြင်(အကြောင်းမလှသော)သူသည် (နဗီတမန်တော်မြတ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကာ(အီမာန်သက်ဝင် ယုံကြည်ခြင်းမှလည်း) မျက်နှာလွှဲခဲ့၏။
وَسَيُجَنَّبُهَا ٱلْأَتْقَى
သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ ခန့်ညားသောသူမှာမူကား ထို(ငရဲ) မီးမှကင်းဝေးစေခြင်း ကိုခံရပေမည်။
ٱلَّذِى يُؤْتِى مَالَهُۥ يَتَزَكَّىٰ
အကြင် (ကြောက်ရွံ့ရိုသေခန့်ညားသော)သူသည် မိမိ သန့်ရှင်းစင်ကြယ်အံ့သောငှာ မိမိ ဥစ္စာပစ္စည်းကိုပေးကမ်းလှူဒါန်း၏။
وَمَا لِأَحَدٍ عِندَهُۥ مِن نِّعْمَةٍۢ تُجْزَىٰٓ
၎င်း၏အပေါ်၌ ပြန်လည်ပေးဆပ်ရန် တစ်ဦးတစ်ယောက်၏ ကျေးဇူးတစ်စုံတစ်ရာမျှပင် မရှိပေ။
إِلَّا ٱبْتِغَآءَ وَجْهِ رَبِّهِ ٱلْأَعْلَىٰ
မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို ရယူရန် (ပေးကမ်း လှူဒါန်းခြင်း)သာဖြစ်၏။
Page 1 of 2 (21 ayahs)