Loading...
Language: Burmese
နံနက်ခင်း သို့မဟုတ် ညနေ ဆိုပါ -
اَللَّهُمَّ عَالِمَ الْغَيْبِ وَالشَّهَادَةِ فَاطِرَ السَّمَوَاتِ وَالْأَرْضِ، رَبَّ كُلِّ شَيْءٍ وَمَلِيكَهُ، أَشْهَدُ أَنْ لَا إِلَهَ إِلَّا أَنْتَ، أَعُوْذُ بِكَ مِنْ شَرِّ نَفْسِي، وَمِنْ شَرِّ الشَّيْطَانِ وَشِرْكِهِ ، وَأَنْ أَقْتَرِفَ عَلَى نَفْسِي سُوْءًا، أَوْ أَجُرَّهُ إِلَى مُسْلِمٍ
အလ္လာဟုမ္မ 'ာလိမလ်-ဃဲဗိ ဝရှ-ရှဟာဒတိ ဖာတိရဆ်-ဆမာဝာတိ ဝလ်'အရ်ဒိ, ရဗ္ဗ ကုလ္လိ ရှဲ'ဣနိ ဝ မလီကဟု, 'အရှ-ဟဒု 'အန်် လာ 'အိလာဟ 'အိလ္လာ 'အန်တ, 'အ'ူဒု ဗိကာ မင် ရှရိ နဖ်ဆီ, ဝ မင် ရှရိရှ-ရှဲတာနိ ဝ ရှိရ်ကိဟိ, ဝ 'အန်် 'အက်တရိဖ 'အလာ နဖ်ဆီ ဆူ'အန်, 'ော 'အဂ်ုရဟု 'ဣလာ မုဆ်လိမ်.
အိုး အလ္လာဟ်ﷻ - မမြင်ရသောအရာနှင့် မြင်ရသောအရာ သိသောသူ၊ မိုးကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသောသူ၊ အရာရာ အားလုံး၏ ဖန်ဆင်းမွေးမြူရှင်နှင့် ဦးပိုင်ရှင် - ﷻ မှတစ်ပါး ကိုးကွယ်ခြင်းနှင့် ထိုက်တန်သောသူ မရှိဟု ကျွန်ုပ် သက်သေခံ၏ - ကျွန်ုပ်၏ နဖ်စ်ဆိုး၏ ဘေးနှင့် ရှိတန်၏ ဘေးနှင့် ရှစ်ရ်ကျူးလွန်မှုမှ ﷻ ထံ ခိုလှုံ၏ - ကျွန်ုပ်ကိုယ်ကိုယ် ဆိုးမွန်းမှု ကျူးလွန်ခြင်း သို့မဟုတ် မွတ်ဆလင်တစ်ဦးပေါ် ဘေးကျရောက်ပြီး ဆိုးမွန်းမှု ဖြစ်ပေါ်ခြင်းမှ ﷻ ထံ ခိုလှုံ၏ အဘူ ဗကိုရ် အဆ်-ဆိဒ်ဒြဳဆ် (ရဒီယလ္လာဟု အန်ဟု) မိန့်သည်- 'ရစူလ်လာဟ် ﷺ - နံနက်ခင်းနှင့် နေ့ဝက်တွင် ကျွန်ုပ် ဘာဆိုရမည်ကို သင်ကြားပေးပါ' ဟု ပြောသည် - ရစူလ်လာဟ် ﷺ မိန့်တော်မူသည်- 'အဘူ ဗကိုရ် - (အထက်ဒုအာ) ဆိုပါ'
Reference: ဆဟီးဟ် (အဘ်ဘာနီ)။ တိရ်မိဇ်ဇီ- ၃၅၂၉