Loading...
Language: Burmese
ဂျာဘိရ် (ရဒိ.) မှ ဆိုသည်မှာ၊ ရစူလုလ္လာဟ် (ﷺ) သည် စူရဟ် စဂျ်ဒဟ် နှင့် စူရဟ် မုလ်က် မဖတ်မချင်း အိပ်ရာမဝင်တတ်ပါ။ [၁] အာအီရှာ (ရဒိ.) မှ ဆိုသည်မှာ၊ "အလ္လာဟ်၏ ရစူလ် (ﷺ) သည် စူရဟ် ဗနီ ဣစ်ရာအီလ် နှင့် စူရဟ် ဇုမာရ် မဖတ်မချင်း အိပ်ရာမဝင်တတ်ပါ။" အခြားဟဒီးသ်တစ်ခုတွင် အာအီရှာ (ရဒိ.) မှ ဆိုသည်မှာ နဗီ (ﷺ) သည် ညတိုင်း စူရဟ် စဂျ်ဒဟ် နှင့် စူရဟ် ဇုမာရ် တို့ကို ဖတ်ကြားတတ်သည်ဟု ဆိုသည်။ [၂]
Reference: [၁] ဆဟိဟ် (အယ်လ်ဘာနီ). တိရ်မီဇီ: ၃၄၀၄ [၂] ဆဟိဟ် (အယ်လ်ဘာနီ). တိရ်မီဇီ: ၂၉၂၀