Loading...
Language: Burmese
ဥမရ် ဣဗ်နုလ်-ခဟတ္တာဗ် (ရဒိ.) မှ ဆင်ပြသည်: အလ္လာဟ်၏ ရစူလ် (ﷺ) မှ မိန့်တော်မူသည်: မုအဇ္ဇင်သည် 'အလ္လာဟုအက်ဘရ် အလ္လာဟုအက်ဘရ်' ဟု ဆိုသောအခါ သင်တို့ထဲမှ တစ်ဦးသည် 'အလ္လာဟုအက်ဘရ် အလ္လာဟုအက်ဘရ်' ဟု ပြန်ကြားလိုက်သင့်သည်။ မုအဇ္ဇင်သည် 'အရှ်ဟဒုအန် လာ အိလာဟ ဣလ္လလ္လာဟ်' ဟု ဆိုသောအခါ 'အရှ်ဟဒုအန် လာ အိလာဟ ဣလ္လလ္လာဟ်' ဟု ဆိုသင့်သည်။ မုအဇ္ဇင်သည် 'အရှ်ဟဒုအန္နာ မိုဟမ္မဒရ် ရစူလုလ္လာဟ်' ဟု ဆိုသောအခါ 'အရှ်ဟဒုအန္နာ မိုဟမ္မဒရ် ရစူလုလ္လာဟ်' ဟု ဆိုသင့်သည်။ မုအဇ္ဇင်သည် 'ဟဲယ္ယ အလဆ္စလာဟ်' ဟု ဆိုသောအခါ 'လာ ဟောလာ ဝလာ ကုဝ္ဝတ ဣလ္လာ ဗိလ္လာဟ်' ဟု ဆိုသင့်သည်။ မုအဇ္ဇင်သည် 'ဟဲယ္ယ အလလ် ဖလာဟ်' ဟု ဆိုသောအခါ 'လာ ဟောလာ ဝလာ ကုဝ္ဝတ ဣလ္လာ ဗိလ္လာဟ်' ဟု ဆိုသင့်သည်။ မုအဇ္ဇင်သည် 'အလ္လာဟုအက်ဘရ် အလ္လာဟုအက်ဘရ်' ဟု ဆိုသောအခါ 'အလ္လာဟုအက်ဘရ် အလ္လာဟုအက်ဘရ်' ဟု ဆိုသင့်သည်။ မုအဇ္ဇင်သည် 'လာ အိလာဟ ဣလ္လလ္လာဟ်' ဟု ဆိုသောအခါ 'လာ အိလာဟ ဣလ္လလ္လာဟ်' ဟု ဆိုသင့်သည်။ ဤသို့ နှလုံးဖြင့် ဆိုပါက ဂ်ဟ်နဟ်သို့ ဝင်ရောက်မည်ဖြစ်သည်။
Reference: မွတ်စလင်: ၃၈၅