Loading...
Language: Burmese
မုအဇ္ဇင်သည် တရှဟ်ဟုဒ် (အရှ်ဟဒုအန္နာ မိုဟမ္မဒ်ရ်...) ဆိုပြီးနောက် နားထောင်သောသူများ ဤ ဇိကရ် ဆိုသင့်သည် -
أَشْهَدُ أَنْ لَا إِلَهَ إِلاَّ اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ رَضِيتُ بِاللَّهِ رَبًّا وَبِمُحَمَّدٍ رَسُولًا وَبِالْإِسْلَامِ دِينًا
အရှ-ဟဒု အန်် လာ အိလာဟ အိလ္လလ္လာဟု ဝ'ဟ်ဒဟု လာ ရှာရီကာ လဟူ ဝ အင်န မု'ဟမ္မဒန် ‛အဗ်ဒုဟု ဝ ရဆူလုဟု, ရဒီတု ဗအိလ္လာဟိ ရဗ္ဗန် ဝ ဗိမု'ဟမ္မဒိန် ရဆူလန် ဝ ဗိလ် -ဣဆ်လာမိ ဒီန်-အန်
အလ္လာဟ်မှ တစ်ပါး ကိုးကွယ်ထိုက်သည့်သူ မရှိကြောင်း၊ ကိုယ်တော်သည် တစ်ပါးတည်းသာဖြစ်ကြောင်း၊ မိတ်ဖက်မရှိကြောင်း၊ မိုဟမ္မဒ် (ﷺ) သည် ကိုယ်တော်၏ ကျွန်နှင့် ရစူလ်ဖြစ်ကြောင်း ကျွန်ုပ် သက်သေပြ၏။ ကျွန်ုပ်သည် အလ္လာဟ်ကို သခင်အဖြစ်၊ မိုဟမ္မဒ် (ﷺ) ကို ရစူလ်အဖြစ်နှင့် အစ္စလာမ်ကို ဒီနအဖြစ် ကျေနပ်သည်ဟု ဝန်ခံ၏။ စအဒ် ဣဗ်နု အဗီ ဝကြာဆ် (ရဒိ.) မှ ဆိုသည်: အလ္လာဟ်၏ ရစူလ် (ﷺ) မှ မိန့်တော်မူသည်: 'မုအဇ္ဇင်ကို ကြားပြီး ဤ ဒုအာ ဆိုသောသူ၏ ဂုနာဟ်အားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်'
Reference: မွတ်စလင်: ၃၈၆