Loading...
Language: Burmese
اَللَّهُمَّ أَنْتَ الْمَلِكُ لَا إِلَهَ إِلَّا أَنْتَ، أَنْتَ رَبِّي وَأَنَا عَبْدُكَ، ظَلَمْتُ نَفْسِي وَاعْتَرَفْتُ بِذَنْبِي فَاغْفِرْ لِي ذُنُوبِي جَمِيعًا إِنَّهُ لَا يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ، وَاهْدِنِي لِأَحْسَنِ الْأَخْلَاقِ لَا يَهْدِي لِأَحْسَنِهَا إِلَّا أَنْتَ، وَاصْرِفْ عَنِّي سَيِّئَهَا، لَا يَصْرِفُ عَنِّي سَيِّئَهَا إِلاَّ أَنْتَ.
အလ္လာဟုမ္မ အန်တလ်-မလိကု လာ အိလာဟ အိလ္လာ အန််တ. အန််တ ရဗ္ဗီ ဝ-အနာ 'အဗ်ဒုက, ဒလမ်တု နဖ်ဆီ ဝ'တရဖ်တု ဗိဒန်ဗီ ဖဃဖိရ် လီ ဒုနူဗီ ဂ်မီ'ာန် အင်နဟု လာ ယဃဖိရုဒ-ဒုနူဗ အိလ္လာ အန််တ. ဝဟ်ဒိနီ လိ-အဟ်ဆနိလ်-အခလာကိ လာ ယဟ်ဒီ လိ-အဟ်ဆနိဟာ အိလ္လာ အန််တ, ဝဆ်ရိဖ် 'အင်နီ ဆဲယိ-အဟာ လာ ယဆ်ရိဖု 'အင်နီ ဆဲယိ-အဟာ အိလ္လာ အန််တ
အိုအလ္လာဟ်! ကိုယ်တော်သည် ဘုရင်ဖြစ်တော်မူ၏၊ ကိုယ်တော်မှ တစ်ပါး ကိုးကွယ်ထိုက်သည့်သူ မရှိ။ ကိုယ်တော်သည် ကျွန်ုပ်၏ သခင်ဖြစ်ပြီး ကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်သည်၊ ကျွန်ုပ်သည် မိမိကိုယ်ကိုမိမိ မတရားဆောင်ရွက်ပြီး ကျွန်ုပ်၏ ဂုနာဟ်ကို ဝန်ခံ၏၊ ထို့ကြောင့် ကျွန်ုပ်၏ ဂုနာဟ်အားလုံးကို ခွင့်လွှတ်တော်မူပါ၊ ကိုယ်တော်မှ တစ်ပါး ဂုနာဟ်ကို ခွင့်လွှတ်မည်သူ မရှိချေ။ ကောင်းမွန်သောကျင့်ဝတ်သို့ ကျွန်ုပ်ကို ဦးဆောင်ပြပါ၊ ကိုယ်တော်မှ တစ်ပါး ကောင်းမွန်သောကျင့်ဝတ်သို့ ဦးဆောင်ပေးမည်သူ မရှိ၊ မကောင်းသောကျင့်ဝတ်ကို ကျွန်ုပ်မှ ဖယ်ပေးတော်မူပါ၊ ကိုယ်တော်မှ တစ်ပါး ဖယ်ပေးမည်သူ မရှိချေ။
Reference: မွတ်စလင်: ၇၇၁