Loading...
Language: Burmese
ဣဗ်နု အဗ္ဗာစ် (ရဒိ.) မှ ဆိုသည်: နဗီ (ﷺ) မှ မိန့်တော်မူသည်: ကျွန်တော်သည် ရုကူးနှင့် ဆဂ်ဂ်ဒဟ်တွင် ကုရ်အာန် ဖတ်ရှုခြင်းမှ တားမြစ်ထားပါ၏။ ရုကူးတွင် အလ္လာဟ်၏ ကြီးမြတ်မှုကို ဖော်ပြပြီး ဆဂ်ဂ်ဒဟ်တွင် ဒုအာ မကြာမကြာ ဆိုပါ၊ ဆဂ်ဂ်ဒဟ်သည် ဒုအာ လက်ခံရရှိရာ သင့်လျော်သောနေရာဖြစ်သည် [၁]။ အထက်ဖော်ပြပါ ဟဒီးသ်တော်များမှ ထင်ရှားသည်မှာ ဆဂ်ဂ်ဒဟ် အနေအထားတွင် ဒုအာ မကြာမကြာ ဆိုသင့်သည်၊ ဤ အနေအထားတွင် ဒုအာ လက်ခံပါ၏။ ထို့ကြောင့် ကုရ်အာနိက် ဒုအာများ မှ လွဲ၍ ဆဟိဟ် ဟဒီးသ်တော်တွင် ဖော်ပြသောမည်သည့် ဒုအာမဆို ဆိုနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ရုကူးနှင့် ဆဂ်ဂ်ဒဟ် အနေအထားတွင် ကုရ်အာနိက် ဒုအာဖြင့် ဆိုတောင်းခြင်းသည် တားမြစ်ထားသောကြောင့်ဖြစ်သည်။
Reference: မွတ်စလင်: ၄၇၉