Loading...
Language: Burmese
ဥမ်မ ဆလမဟ် (ရဒီယလ္လာဟု အန်ဟာ) မှ ကိုးကားသည်- အလ္လာဟ်ﷻ ၏ သံတမန်တော် ﷺ သည် အဘူ ဆလမဟ် (ရဒီယလ္လာဟု အန်ဟု) ကွယ်လွန်သောအခါ ထံသို့ ကြွရောက်တော်မူသည်၊ မျက်လုံးများ ပြူးဆန်ထွာနေသည်ကို မြင်တော်မူ၍ ﷺ မျက်လုံးများကို ပိတ်ပြီး ဤသို့ မိန့်တော်မူသည်- ဝိညာဉ်ကို ဆွဲဆောင်ပြီးနောက် မျက်စီမှာ ၎င်းကို လိုက်ကြောင်းဖြစ်သည်၊ ၎င်း၏ မိသားစုမှ အချို့သောသူများ ငိုကြွေးဟစ်ကြည်ကြသည်၊ ﷺ မိန့်တော်မူသည်- ကောင်းသောအရာမှတပါး ကိုယ်တော်တို့ကိုယ်ကိုသာ ဒုအာ မပြုကြပါနဲ့၊ ကောင်းကင်တမန်တော်တို့သည် သင်တို့ ဆိုသည်ကို 'အာမိန်' ဟု ဆိုကြသည်
Reference: မွတ်ဆလင်: ၉၂၀