Loading...
Language: Burmese
ရှဟ်ရ် ဗင်း ဟဝ်ရ်ရ်ှဗ် (ရ.) ဆိုသည် — ‹ ကျွန်တော် အုမ်မ် ဆလမဟ် (ရ.အ.) ကို ဆိုခဲ့သည် — ‹ မုအ်မင်နင်မယ်တော် — အလ္လာဟ်၏ ရစူလ် (ﷺ) ကိုယ်တော်နှင့်အတူ ရှိသောအခါ အများဆုံး မိန့်ဆိုတော်မူသောဒုအာ မည်သည်ဖြစ်သည်ဟု› ဆိုသည်။ သူမ ဆိုကြောင်: — ‹ ကိုယ်တော် အများဆုံး မိန့်ဆိုတော်မူသောဒုအာမှာ:
يَا مُقَلِّبَ الْقُلُوبِ ثَبِّتْ قَلْبِي عَلَى دِيْنِكَ
ယ မုကအလ္လိဗလ်-ကုလုဗ်, သဗ္ဗိတ် ကလ်ဗိ 'အလာ ဒိနိက်
‹ အို နှလုံးသားများကို ပြောင်းလဲစေသောသူ — ကိုယ်တော်၏ ဒီနတော်ပေါ်တွင် ကျွန်ုပ်၏ နှလုံးသားကို မြဲမြံစေပါ› ‹ ကျွန်မ ဆိုခဲ့သည် — အို အလ္လာဟ်၏ ရစူလ် (ﷺ) — ကိုယ်တော် မကြာမကြာ (ဤဒုအာ) ကို ဘာကြောင်း ဒုအာပြုလုပ်တော်မူသနည်း›ဟု — ကိုယ်တော် (ﷺ) မိန့်ဆိုတော်မူသည် — ‹ အို အုမ်မ် ဆလမဟ် — မုချ မည်သည့်လူသားမဆို ၎င်း၏ နှလုံးသားသည် အလ္လာဟ်၏ လက်ချောင်းများမှ လက်ချောင်းနှစ်ခုကြား ရှိ၏ — သို့ဖြင့် ကိုယ်တော် ဆန္ဒရှိသူကို မြဲမြံစေ၍ ဆန္ဒရှိသူကို လမ်းမှားစေ၏›
Reference: ဆဟီဟ် (အာလ်ဗာနီ)။ တိရ်မိဒ်ဟ်: ၃၅၂၂