Loading...
Language: Burmese
အဗ်ဗာစ် ဗင်း အဗ်ဒ်-အလ်-မုတ်တလိဗ် (ရ.အ.) ဆိုသည် — ‹ ကျွန်တော် ဆိုခဲ့သည် — ‹ အို အလ္လာဟ်၏ ရစူလ် (ﷺ) — ကျွန်တော် အလ္လာဟ်ထံ တောင်းဆိုနိုင်မည့်အရာ ကျွန်တော်ကို သင်ကြားပေးပါ› ဟု — ကိုယ်တော် (ﷺ) မိန့်ဆိုတော်မူသည် — ‹ အလ္လာဟ်ထံ အလ်-အာဖိယဟ် (ကောင်းကျိုး) ကို တောင်းဆိုပါ› ဟု — ထို့နောက် ကျွန်တော် တစ်ရက်ကြာပြီး လာကာ ဆိုခဲ့သည် — ‹ အို အလ္လာဟ်၏ ရစူလ် (ﷺ) — ကျွန်တော် အလ္လာဟ်ထံ တောင်းဆိုနိုင်မည့်အရာ ကျွန်တော်ကို သင်ကြားပေးပါ› ဟု — ကိုယ်တော် ကျွန်တော်ကို မိန့်ဆိုတော်မူသည် — ‹ အို အဗ်ဗာစ် — အို အလ္လာဟ်၏ ရစူလ်၏ ဦးလေး — ဒုနိယာနှင့် အာခိရဟ်တွင် အလ္လာဟ်ထံ အလ်-အာဖိယဟ် (ကောင်းကျိုး) ကို တောင်းဆိုပါ›
Reference: ဆဟီဟ် (အာလ်ဗာနီ)။ တိရ်မိဒ်ဟ်: ၃၅၁၄