Loading...
Language: Burmese
နဗီ ﷺ သည် ဆုတောင်းနေသောသူ ဤသို့ ဆိုသည်ကို ကြားတော်မူသည် -
اَللَّهُمَّ إِنِّي أَسْأَلُكَ بِأَنَّ أَشْهَدُ أَنَّكَ أَنْتَ اللَّهُ لَا إِلَهَ إِلَّا أَنْتَ الْأَحَدُ الصَّمَدُ الَّذِيْ لَمْ يَلِدْ وَلَمْ يُوْلَدْ وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ
အလ္လာဟုမ္မ အင်နိ အဆ်-အလုက ဗိ အင်န အရှ-ဟဒု အင်နက အန်တအလ္လဟု လာ အိလာဟ အိလ္လာ အန်တလ် အ'ဟဒုဆ် ဆမဒုလ္လဒိ လန်် ယလိဒ် ဝ လန်် ယုလဒ် ဝ လန်် ယကုန်် လဟူ ကုဖုဝန် အ'ဟဒ်
အိုး ﷻ ကိုယ်တော်သည် အလ္လာဟ်ﷻ ဖြစ်ကြောင်း ကျွန်ုပ် သက်သေခံသောကြောင်် ﷻ ထံ တောင်းဆိုပါ၏၊ ကိုးကွယ်ဖွယ်ရာ ကောင်းသောသူ ﷻ မှတပါး မရှိပေ၊ တစ်ဆူတည်းဖြစ်သောဘုရား၊ ဖန်ဆင်းမှုမမှီသောသူ၊ မွေးသားမရှိပြီး မွေးခြင်းမခံသောသူ၊ မည်သူမျှ ﷻ ၏ ညီမျှဖက်မရှိပေ ထို့နောက် နဗီ ﷺ မိန့်တော်မူသည်- "ကိုယ်တော်သည် ﷻ ၏ အကြီးမြတ်ဆုံးနာမ်တော်ဖြင့် ﷻ ထံ ဆုတောင်းခဲ့သည်၊ ဤနာမ်တော်ဖြင့် တောင်းဆိုသောအခါ ﷻ ပေးသနားတော်မူပြီး ဤနာမ်တော်ဖြင့် ဆုတောင်းသောအခါ ﷻ ဖြေဆော်တော်မူသည်"
Reference: ဆဟီးဟ် (အဒ်ဗာနီ)၊ နဆာဣ: ၁၃၀၀