Loading...
Language: Burmese
အဗူ ဟုရိုင်ရဟ် (ရဒီယလ္လာဟု အန်ဟု) မှ ဆိုသည်- လူများ အသစ်သောသစ်သီးများကို နဗီ (ﷺ) ထံ ယူဆောင်လာတတ်ကြသည်။ နဗီ (ﷺ) ၎င်းကို လက်ခံပြီး ဆိုလေ့ ရှိတော်မူသည်-
اَللَّهُمَّ بَارِكْ لَنَا فِي ثَمَرِنَا، وَبَارِكْ لَنَا فِي مَدِينَتِنَا، وَبَارِكْ لَنَا فِي صَاعِنَا، وَبَارِكْ لَنَا فِي مُدِّنَا
အလ္လာဟုမ္မ ဗာရိက် လနာ ဖီ သမရိနာ, ဝ ဗာရိက် လနာ ဖီ မဒီနတိနာ ဝ ဗာရိက် လနာ ဖီ ဆာ'အနာ, ဝ ဗာရိက် လနာ ဖီ မုဒ္ဒိနာ
အို အလ္လာဟ်၊ ကျွန်တော်တို့ ၏ ထန်းသီးများ၌ ကောင်းချီးပေးတော်မူပြီး ကျွန်တော်တို့ မြို့တော်၌ ကောင်းချီးပေးတော်မူပါ၊ ကျွန်တော်တို့ ဆာ (ချိန်ကိရိယာ) နှင့် မဒ် (ချိန်ကိရိယာ) ၌ ကောင်းချီးပေးတော်မူပါ။
Reference: မွတ်စလင်မ်- ၁၃၇၃