Loading...
Language: Burmese
အဗူ မူဆာ အဆ်ရ်ရီ (ရဓိ) မှ ဖော်ပြသည်'" နဗီ (ﷺ) ဤဒုအာကို ဖတ်ရွတ်ကြလေ့ ရှိသည်-
اَللَّهُمَّ اغْفِرْ لِي خَطِيْئَتِيْ وَجَهْلِيْ وَإِسْرَافِي فِي أَمْرِيْ وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي اَللَّهُمَّ اغْفِرْ لِي جِدِّيْ وَهَزَلِيْ وَخَطَئِيْ وَعَمْدِيْ وَكُلُّ ذَلِكَ عِنْدِيْ اَللَّهُمَ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي أَنْتَ الْمُقَدِّمُ وَأَنْتَ الْمُؤَخِّرُ وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيْرٌ
အလ္လာဟုမ္မ-အဃ်ဖိရ် လီ ခတီ'အတီ၊ ဝ ဂ်ဟ်လီ၊ ဝ အိဆ်ရာဖီ ဖီ အမ်ရီ၊ ဝ မာ အန်တ အ'လမု ဗိဟိ မိန်နီ'" အလ္လာဟုမ္မ-အဃ်ဖိရ် လီ ဂ်ိဒ္ဒီ ဝ ဟဇလီ၊ ဝ ခတာ'ဣ ဝ 'အမ်ဒီ၊ ဝ ကုလ္လု ဒါလိကာ 'ဣန်ဒီ'" အလ္လာဟုမ္မ-အဃ်ဖိရ် လီ မာ ကဒ္ဒမ်တု ဝ မာ အဃ်ခဃ်ရ်တု၊ ဝ မာ အဆ်ရရ်တု၊ ဝ မာ အ'လန်တု၊ ဝ မာ အန်တ အ'လမု ဗိဟိ မိန်နီ'" အန်တလ်-မုကဒ္ဒိမု၊ ဝ အန်တလ်-မုအဃ်ခဃိရ်'" ဝ အန်တ 'အလာ ကုလ္လိ ရှဲ'ဣနိ ကဒီရ်
အို အလ္လာဟ်! ကျွန်တော်၏ အမှားများ၊ မသိနားမလည်မှုများ၊ ကိစ္စရပ်များတွင် အလွန်အမင်း ကျူးလွန်မိမှုများကို ခွင့်လွှတ်ပေးပါ'" ကိုယ်တော်သည် ကျွန်တော်ထက် ပိုမို ကောင်းစွာ သိတော်မူ၏'" အို အလ္လာဟ်! ကျွန်တော် မှတ်မှတ်ရရ ပြုမိသော ဒုစရိုက်ကိုနှင့် ပေါ့လျော့ကာ ပြုမိသောဒုစရိုက်ကို၊ မသိနားမလည်ဘဲ ပြုမိသောဒုစရိုက်ကိုနှင့် ဆန္ဒရှိရှိ ပြုမိသောဒုစရိုက်ကို ခွင့်လွှတ်ပေးပါ'" ဤအမှားအားလုံး ကျွန်တော်တွင် ရှိ၏'" အို အလ္လာဟ်! ကျွန်တော် ယခင် ပြုမိသောဒုစရိုက်ကိုနှင့် နောင်ပြုမိမည့်ဒုစရိုက်ကို၊ လျှိုဝှက်ပြုမိသောဒုစရိုက်ကိုနှင့် ထင်ရှားစွာ ပြုမိသောဒုစရိုက်ကိုနှင့် ကိုယ်တော်သာ ကျွန်တော်ထက် ပိုကောင်းစွာ သိတော်မူသောဒုစရိုက်များကို ခွင့်လွှတ်ပေးပါ'" ကိုယ်တော်သည် ပထမဆုံး ဖြစ်တော်မူ၏'" ကိုယ်တော်သည် နောက်ဆုံး ဖြစ်တော်မူ၏'" ကိုယ်တော်သည် အရာရာ အပေါ် အစွမ်းကြီးသူ ဖြစ်တော်မူ၏'"
Reference: မွတ်စလင်မ်မ်- ၂၇၁၉