Loading surah...
Back to Burmese Quran
52 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓر ۚ كِتَٰبٌ أَنزَلْنَٰهُ إِلَيْكَ لِتُخْرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذْنِ رَبِّهِمْ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ
အလစ်ဖ်၊ လမ်၊ ရာ။ ဤ(ကုရ်အာန်)သည်ကားအကြင်ကျမ်းမြတ်ပင်တည်း။ အသင်သည် လူသားအားလုံးတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အမှောင်ထုမှအလင်းသို့ (ဝါ) တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်မြတ်၏လမ်းသို့ ထုတ်ဆောင်(ကယ်တင်)အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အသင်၏ထံသို့ ချပေးသနားတော် မူခဲ့လေသတည်း။
ٱللَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَوَيْلٌۭ لِّلْكَٰفِرِينَ مِنْ عَذَابٍۢ شَدِيدٍ
အကြင် အလ္လာဟ်အရှင်မြတ်(၏လမ်းသို့) မိုးကောင်းကင်များ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ပထဝီမြေ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရာများပင်။ ကာဖိရ်သွေဖည်ငြင်းပယ်ကုန်သော သူတို့၌မူကား ပြင်းထန်သော ပြစ်ဒဏ်ရှိသည်။
ٱلَّذِينَ يَسْتَحِبُّونَ ٱلْحَيَوٰةَ ٱلدُّنْيَا عَلَى ٱلْءَاخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًا ۚ أُو۟لَٰٓئِكَ فِى ضَلَٰلٍۭ بَعِيدٍۢ
အကြင်သူတို့သည် ပစ္စက္ခ မျက်မှောက်လောကီဘဝ၌ အသက်ရှင်ခြင်းကို တမလွန်ဘဝထက် သာပို၍ပင် မြတ်နိုးကြကုန်သည်။ ထိုမှတစ်ပါး ၎င်းတို့သည် (လူတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးကုန်သည်။ ထို့ပြင်၎င်းတို့သည် ယင်း လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေလျက်ရှိကြကုန်သည်။ ဤသူတို့ကား (အမှန်နှင့်)အလွန်ဝေးလံသောလမ်းမှား၌ ရှိနေကြကုန်သတည်း။
وَمَآ أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِۦ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ
စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့(ပြောဆိုသုံးစွဲသော)ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏အမိန့်ပညတ်တော်များကို)ထင်ရှား စွာ ထုတ်ဖော်ပြောဆို ရှင်းလင်းပြနိုင်ခြင်းငှာ စေလွှတ်တော်မူခဲ့ပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ထားရှိတော် မူလေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ် သည်သာလျှင် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَٰتِنَآ أَنْ أَخْرِجْ قَوْمَكَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَذَكِّرْهُم بِأَيَّىٰمِ ٱللَّهِ ۚ إِنَّ فِى ذَٰلِكَ لَءَايَٰتٍۢ لِّكُلِّ صَبَّارٍۢ شَكُورٍۢ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာတော် များနှင့်တကွ စေလွှတ်တော်မူ(၍ ဤသို့ အမိန့်တော် ထုတ်ပြန်တော်မူ)ခဲ့၏။ အသင်သည် မိမိအမျိုးသားတို့ကို အမှောင်ထုမှအလင်းသို့ ထုတ်ဆောင်ပါလေ။ ထိုမှတစ်ပါး အသင်သည်ယင်းအမျိုးသားတို့အား အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်မူများကိုပြန်လည်၍ သတိရစေပါလေ။ ဧကန်မလွဲ ယင်းကျေးဇူးတော်များတွင် အလွန်ခန္တီတရားထားရှိသူတိုင်း၊ အလွန်ကျေးဇူးတော်ကို သိတတ်သူတိုင်းအဖို့ သက်သေလက္ခဏာများသည်ရှိကုန်သတည်း။
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ ٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ إِذْ أَنجَىٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ وَيُذَبِّحُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ ۚ وَفِى ذَٰلِكُم بَلَآءٌۭ مِّن رَّبِّكُمْ عَظِيمٌۭ
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား(ဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သတိရကြလေကုန်။ အကြင်အခါဝယ် ထိုအရှင်မြတ်သည် အသင်တို့အားဖိရ်အောင်(န်)၏ အခြွေအရံတို့၏ (ဘေးအန္တရာယ်များ)မှကယ်ဆယ်တော် မူခဲ့လေသည်။ ယင်း ဖိရ်အောင်(န်)၏ အခြွေအရံတို့သည် အသင်တို့၌ ပြင်းထန်လှစွာသော ဘေးအန္တရာယ်များကို သက်ရောက်စေလျက်ရှိခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်အသင်တို့၏ သားယောက်ျားကလေးများကိုသတ်ဖြတ်၍၊အသင်တို့၏ (သမီး) မိန်းကလေးများကိုမူကား အသက်နှင့် ထားလေ့ရှိခဲ့ကြကုန်၏။ အမှန်သော်ကား ထိုတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှုသည် ရှိခဲ့ချေသတည်း။
وَإِذْ تَأَذَّنَ رَبُّكُمْ لَئِن شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِن كَفَرْتُمْ إِنَّ عَذَابِى لَشَدِيدٌۭ
ထိုမှတစ်ပါး (ပြန်လည်၍သတိရကြလေကုန်၊)အကြင်အခါဝယ် အသင်တို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် (အသင်တို့အား)အကယ်၍ အသင်တို့သည်ကျေးဇူးတော်ကို သိတတ်ခဲ့ကြလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အား တိုး၍ချီးမြှင့် ပေးသနားတော်မူမည်ဖြစ်ကြောင်း။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ကျေးဇူးကန်းခဲ့ကြသည် ရှိသော်၊ ဧကန်မလွဲ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြင်းထန်လှကြောင်း၊ သိစေတော်မူလေသတည်း။
وَقَالَ مُوسَىٰٓ إِن تَكْفُرُوٓا۟ أَنتُمْ وَمَن فِى ٱلْأَرْضِ جَمِيعًۭا فَإِنَّ ٱللَّهَ لَغَنِىٌّ حَمِيدٌ
ထို့ပြင် (နဗီတမန်တော်)မူစာသည်(မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အကယ်၍ အသင်တို့နှင့်တကွ ကမ္ဘာမြေဝယ် ရှိသမျှသော သူခပ်သိမ်းတို့သည် ကျေးဇူးကန်းကြပါသော်လည်း၊(ထိုအရှင်မြတ်၌ တစ်စုံတစ်ရာကျိုးယုတ်မှု အလျှင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော်)ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
أَلَمْ يَأْتِكُمْ نَبَؤُا۟ ٱلَّذِينَ مِن قَبْلِكُمْ قَوْمِ نُوحٍۢ وَعَادٍۢ وَثَمُودَ ۛ وَٱلَّذِينَ مِنۢ بَعْدِهِمْ ۛ لَا يَعْلَمُهُمْ إِلَّا ٱللَّهُ ۚ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَرَدُّوٓا۟ أَيْدِيَهُمْ فِىٓ أَفْوَٰهِهِمْ وَقَالُوٓا۟ إِنَّا كَفَرْنَا بِمَآ أُرْسِلْتُم بِهِۦ وَإِنَّا لَفِى شَكٍّۢ مِّمَّا تَدْعُونَنَآ إِلَيْهِ مُرِيبٍۢ
အသင်တို့ထံ အသင်တို့အလျင် ရှိခဲ့ကြဘူး သောနူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ ဆမူဒ်အမျိုးသားများနှင့် ၎င်းတို့နောက်တွင် ရှိခဲ့ဖူးကြ သောသူတို့၏သတင်းသည် မရောက်ရှိခဲ့လေသလော။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အတိအကျ မည်သူမျှမသိပေ။ ၎င်းတို့ထံ ၎င်းတို့၏ရစူလ်တမန်တော်များသည် ထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည်မိမိတို့၏လက်များကို ယင်းရစူလ်တမန်တော်များ၏ ပါးစပ်များထဲသို့(တစ်နည်း) မိမိတို့၏ ပါးစပ်များထဲသို့ တွန်းထိုးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က(ဤသို့)ပြောဆိုခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အကြင်အရာကို ငြင်းပယ်ခဲ့ကြလေပြီ။အသင်တို့သည် ထိုအရာနှင့်တကွ စေလွှတ်ခြင်းခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် အကြင်အရာနှင့်စပ်လျဉ်း၍ ယုံမှားသံသယဖြစ်စေသော ဒွိဟ၌ပင်ရှိကြပေသည်။အသင်တို့သည် ကျွန်ုပ်တို့အား ထိုအရာဘက်သို့ ဖိတ်ခေါ်လျက်ရှိကြကုန်သည်။
۞ قَالَتْ رُسُلُهُمْ أَفِى ٱللَّهِ شَكٌّۭ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ۚ قَالُوٓا۟ إِنْ أَنتُمْ إِلَّا بَشَرٌۭ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ ءَابَآؤُنَا فَأْتُونَا بِسُلْطَٰنٍۢ مُّبِينٍۢ
၎င်းတို့၏ ရစူလ်တမန်တော်များက(၎င်းတို့အား)အသို့ပါနည်း၊ (အသင်တို့၌)အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ ဒွိဟသံသယ ရှိနေပါသလော။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ဖန်ဆင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ပြစ်မှုများမှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူအံ့သောငှာလည်းကောင်း၊ အသင်တို့အား ကန့်သတ်ထားသော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူအံ့သောငှာ လည်းကောင်း၊ဖိတ်ခေါ်တော်မူလေသည်ဟု ပြောဆိုဖြေကြားခဲ့လေသည်။ (ထိုရောအခါဝယ်) ၎င်းတို့က (မိမိတို့၏ ရစူလ်တမန်တော်များအားဤသို့တုံ့ပြန်)ပြောဆိုကြလေသည်။ အသင်တို့သည်ကျွန်ုပ်တို့ကဲ့သို့ပင် လူသားမျှသာဖြစ်ကြပေသည်။ အသင်တို့သည် ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏အဖ၊ ဘိုးဘေးများ ကိုးကွယ်လျက်ရှိခဲ့ကြသည်ကိုမှ ပိတ်ပင်တားဆီးရန် ကြံရွယ်ကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်တို့ထံ ထင်ရှားသော တန်ခိုးပြာဋိဟာကို ယူဆောင်ခဲ့ကြလေကုန်။
قَالَتْ لَهُمْ رُسُلُهُمْ إِن نَّحْنُ إِلَّا بَشَرٌۭ مِّثْلُكُمْ وَلَٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ ۖ وَمَا كَانَ لَنَآ أَن نَّأْتِيَكُم بِسُلْطَٰنٍ إِلَّا بِإِذْنِ ٱللَّهِ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ
၎င်းတို့အား ၎င်းတို့၏ ရစူလ်တမန်တော်များက(ဤသို့)ပြောဆိုဖြေကြားခဲ့ပေသည်။ (အချင်းတို့၊ဧကန်မလွဲ)ငါတို့သည် အသင်တို့ကဲ့သို့ပင် လူသားများသာဖြစ်ကြပေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူအပေါ်၌ ကျေးဇူးပြုတော်မူလေ့ရှိပေသည်။ စင်စစ်သော်ကား ငါတို့၌ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး အသင်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ခုကိုယူဆောင်လာကြရန် အခွင့်အာဏာမရှိပေ။ အမှန်သော်ကားမုအ်မင်န် သက်ဝင် ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ယုံပုံလွှဲအပ်ကြရာကုန်သတည်း။
وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدْ هَدَىٰنَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَآ ءَاذَيْتُمُونَا ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُتَوَكِّلُونَ
စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား ငါတို့၏ (အကျိုးဖြစ်ထွန်းစေမည့်) လမ်းများကိုညွှန်ကြား ပြသတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်ပင် ငါတို့သည် အသင်တို့ ငါတို့အား ဘေးဒုက္ခပေးခဲ့ကြသည်များနှင့်စပ်လျဉ်း၍ မုချသည်းခံကြရတော့မည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အမှန်စင်စစ် ယုံပုံလွှဲအပ် အားကိုးအားထားသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်အားကိုးအားထား ပြုလုပ်ကြရာ ကုန်သတည်း။
وَقَالَ ٱلَّذِينَ كَفَرُوا۟ لِرُسُلِهِمْ لَنُخْرِجَنَّكُم مِّنْ أَرْضِنَآ أَوْ لَتَعُودُنَّ فِى مِلَّتِنَا ۖ فَأَوْحَىٰٓ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ ٱلظَّٰلِمِينَ
ထိုမှတစ်ပါး ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည်မိမိတို့ ရစူလ်တမန်တော်များအားဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ၊နယ်မြေအတွင်းမှ မုချနှင်ထုတ်ကြပေမည်။ သို့တည်းမဟုတ်အသင်တို့သည် ကျွန်ုပ်ကို၏သာသနာထဲသို့ မုချပြန်ဝင်ကြရလိမ့်မည်ဟုပြောဆို (ခြိမ်းခြောက်)ခဲ့လေသည်။ ထိုရောအခါဝယ် ၎င်းရစူလ်တမန်တော်များထံ ၎င်းတို့၏အရှင်မြတ်ကမလွဲဧကန် ငါအရှင်မြတ်သည်(ဤသို့) မတရားပြုမူသောသူတို့အား မုချပျက်စီးစေတော်မူအံ့ဟု အမိန့်တော်ချပေးတော်မူခဲ့လေသတည်း။
وَلَنُسْكِنَنَّكُمُ ٱلْأَرْضَ مِنۢ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِى وَخَافَ وَعِيدِ
၎င်းပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့မရှိကြသည့်နောက်တွင် အသင်တို့အား မြို့ရွာနယ်မြေ၌ နေရာချ၍ပေးတော်မူအံ့။ ဤ(ကတိဝန်ခံချက်)သည်ကား ငါအရှင်မြတ်၏ ေ့ရှတော်မှောက်ဝယ် မတ်တတ်ရပ်ရမည်ကို စိုးရိမ်သောသူ၏အဖို့လည်းကောင်း၊ ငါအရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်ကို ကြောက်ရွံ့သောသူ၏အဖို့လည်းကောင်း၊ ဖြစ်ပေသတည်း။
وَٱسْتَفْتَحُوا۟ وَخَابَ كُلُّ جَبَّارٍ عَنِيدٍۢ
ယင်း(ရစူလ်တမန်တော်သို့မဟုတ် ယင်းကာဖိရ်သွေဖည်ငြင်းပယ်သောသူ)တို့သည် အကူအညီ သို့မဟုတ်အဆုံးအဖြတ်တောင်းခဲ့ကြလေသည်။ ထိုအခါ ခေါင်းမာသောမောက်မာသူအသီးသီးတို့သည် ရည်ရွယ်ချက် (မအောင်မြင်)ပျက်စီးဆုံးပါးခဲ့လေသတည်း။
مِّن وَرَآئِهِۦ جَهَنَّمُ وَيُسْقَىٰ مِن مَّآءٍۢ صَدِيدٍۢ
၎င်း၏ရှေ့ဝယ် ဂျဟန္နမ်ငရဲဘုံသည် ရှိနေပေသည်။ ၎င်းပြင် ယင်းသည် ပြည်ပုပ်ရေတိုက်ကျွေးခြင်းကို ခံရပေမည်။
يَتَجَرَّعُهُۥ وَلَا يَكَادُ يُسِيغُهُۥ وَيَأْتِيهِ ٱلْمَوْتُ مِن كُلِّ مَكَانٍۢ وَمَا هُوَ بِمَيِّتٍۢ ۖ وَمِن وَرَآئِهِۦ عَذَابٌ غَلِيظٌۭ
(၎င်းသည် ယင်းပြည်ပုပ်ရေကို တစ်ကျိုက်စီသောက်မျိုအံ့။ သို့ရာတွင် ၎င်းသည် ယင်းပြည် ပုတ်ရေကိုလည်ချောင်းအောက် ခဲယဉ်းစွာမျိုချရလတ္တံ့)။ ၎င်းပြင် မရဏသေခြင်းတရားသည် အဖက်ဖက်မှ ယင်း၏ထံသို့ ရောက်ရှိလာပေအံ့။ သို့ရာတွင် ၎င်းမှာမူကား သေဆုံးနိုင်မည်မဟုတ်ပေ။ထိုမှတစ်ပါး ၎င်း၏ေ့ရှ၌ ပြင်းထန်လှစွာသော(အခြား)ပြစ်ဒဏ်တစ်မျိုးလည်းရှိအံ့သတည်း။
مَّثَلُ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ ۖ أَعْمَٰلُهُمْ كَرَمَادٍ ٱشْتَدَّتْ بِهِ ٱلرِّيحُ فِى يَوْمٍ عَاصِفٍۢ ۖ لَّا يَقْدِرُونَ مِمَّا كَسَبُوا۟ عَلَىٰ شَىْءٍۢ ۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلْبَعِيدُ
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား သွေဖည်ငြင်းပယ်ခဲ့ကြကုန်သော သူတို့၏ အကျင့်သီလများ၏ဥပမာကား အကြင် ပြာနှင့်တူပေသည်။ ထိုပြာကိုလေမုန်တိုင်းကျသောနေ့တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်ခဲ့လေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေ ဆည်းပူးခဲ့ကြသောအရာများအနက်မှ မည်သည့်တစ်စုံတစ်ရာ(အကျိုးကျေးဇူး)ကိုမျှ (ခံစားနိုင်ရန်) တတ်စွမ်းနိုင်ကြမည် မဟုတ်ပေ။ ဤသည်အလွန်ဝေးစွာသောလမ်းမှားခြင်း ပင် ဖြစ်ချေသတည်း။
أَلَمْ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍۢ جَدِيدٍۢ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်း ကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊(တိကျ) မှန်ကန်စွာ ဖန်ဆင်းတော် မူခဲ့သည်ကို အသင်သည်မြင်လေသလော။ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ဖယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ် (အသင်တို့အစား) ယူဆောင်လာတော်မူပေမည်။
وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍۢ
စင်စစ်မူကား ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပေ။
Page 1 of 3 (52 ayahs)