Loading surah...
Back to Burmese Quran
99 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓر ۚ تِلْكَ ءَايَٰتُ ٱلْكِتَٰبِ وَقُرْءَانٍۢ مُّبِينٍۢ
အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်ကား(အဖက်ဖက်မှပြည့်စုံသော)ကျမ်းဂန်ဓမ္မက္ခန်၏ အာယတ်တော်များသည်လည်းကောင်း၊ ထင်ရှားလှစွာသော ကုရ်အာန်ကျမ်းတော်မြတ်၏အာယတ်တော်များသည်လည်းကောင်း၊ ဖြစ်ပေသတည်း။
رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُوا۟ لَوْ كَانُوا۟ مُسْلِمِينَ
ကာဖိရ် သွေဖည်ငြင်းပယ်သောသူများသည်အကယ်၍သာ ၎င်းတို့သည် မုစ်လင်မ်များ ဖြစ်ခဲ့ကြပါလျှင်ကောင်းလေစွတကားဟု အကြိမ်ကြိမ် အဖန်ဖန် အာသာဆန္ဒထားရှိကြကုန်အံ့။
ذَرْهُمْ يَأْكُلُوا۟ وَيَتَمَتَّعُوا۟ وَيُلْهِهِمُ ٱلْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် ထို(ကာဖိရ်သွေဖည်ငြင်းပယ်သော) သူတို့အား (လက်ရှိအခြေအနေအတိုင်း) စား(သောက်နေထိုင်)ကြရန်လည်းကောင်း၊ (လောကီစည်းစိမ်များ၌နစ်မွန်းကာ) အကျိုးခံစား လျက်ရှိကြရန်လည်းကောင်း၊ ထိုသူတို့၏မျှော်လင့်ချက်သည် ထိုသူတို့အား အာရုံလွှဲပြောင်းထားရှိရန်လည်းကောင်း၊ စွန့်လွှတ်၍ထားပါလေ။ မကြာမြင့်မီပင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှု၏အကျိုးကို) သိရှိကြကုန်အံ့။
وَمَآ أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌۭ مَّعْلُومٌۭ
စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ် ပြဌာန်းအပ်သောအချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည်မဟုတ်ပေ။
مَّا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَـْٔخِرُونَ
မည်သည့်လူမျိုးမျှပင် မိမိတို့၏(သတ်မှတ်ပြဌာန်းပြီးဖြစ်သော) အချိန်ကာလထက်စော၍ သွား နိုင်ကြမည်လည်းမဟုတ်ပေ။ (ယင်းသတ်မှတ်ပြဌာန်း အပ်သောအချိန်ကာလကို) နောက်ချန်၍ နေနိုင်ကြမည်လည်း မဟုတ်ချေ။
وَقَالُوا۟ يَٰٓأَيُّهَا ٱلَّذِى نُزِّلَ عَلَيْهِ ٱلذِّكْرُ إِنَّكَ لَمَجْنُونٌۭ
၎င်းပြင် (အို-နဗီတမန်တော်) ထို (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့က (အသင့်အား) အို-ဆုံးမဩဝါဒ(ကုရ်အာန်ကျမ်းတော်မြတ်)ချပေးသနားတော်မူခြင်းခံရသောသူဧကန်စင်စစ် အသင်သည် အမှန်ပင် စိတ်ဖောက်ပြန်သူဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
لَّوْ مَا تَأْتِينَا بِٱلْمَلَٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ
အကယ်၍ အသင်သည် (သစ္စာဝါဒီ)မှန်ကန်စွာပြောဆိုသူဖြစ်ခဲ့ပါလျှင် အဘယ်ကြောင့် အသင်သည် မလာအိကဟ် ကောင်းကင်တမန်တော်များ အား ကျွန်ုပ်တို့ထံ ခေါ်ဆောင်မလာသနည်း။
مَا نُنَزِّلُ ٱلْمَلَٰٓئِكَةَ إِلَّا بِٱلْحَقِّ وَمَا كَانُوٓا۟ إِذًۭا مُّنظَرِينَ
(စင်စစ်သော်ကား) ငါအရှင်မြတ်သည် တိကျမှန်ကန်သောစီရင်ဆုံးဖြတ်ချက်မရှိဘဲလျက် မလာအိကဟ် ကောင်းကင်တမန်များကို ချပေးတော်မူသည် မဟုတ်ပေ။ ထိုမှတပါး၎င်းတို့သည် ထို(ကောင်းကင်တမန်များ ရောက်ရှိလာကြသော)အခါ ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူခြင်းကို ခံရသူများလည်း ဖြစ်ကြမည် မဟုတ်ပေ။
إِنَّا نَحْنُ نَزَّلْنَا ٱلذِّكْرَ وَإِنَّا لَهُۥ لَحَٰفِظُونَ
ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတာ်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။
وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ فِى شِيَعِ ٱلْأَوَّلِينَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်၏အလျင် ရှေးအုပ်စုများတွင်လည်း(နဗီတမန်တော်များအား) စေလွှတ်တော်မူခဲ့လေသည်။
وَمَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်တစ်ပါးပါး ရောက်ရှိလာတိုင်း ၎င်းတို့သည် ထိုရစူလ်တမန်တော်အား ပြက်ရယ်သမှု ပြုလေ့ရှိခဲ့ကြသည်သာတည်း။
كَذَٰلِكَ نَسْلُكُهُۥ فِى قُلُوبِ ٱلْمُجْرِمِينَ
ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သောသူတို့၏ စိတ်နှလုံးများ၌ ယင်း (ပြက်ရယ်သမှုပြုခြင်း)ကို သို့မဟုတ် ယင်းကုရ်အာန်ကို လမ်းဖွင့်၍ပေးတော်မူ၏။(ထည့်သွင်းပေးတော်မူ၏)။
لَا يُؤْمِنُونَ بِهِۦ ۖ وَقَدْ خَلَتْ سُنَّةُ ٱلْأَوَّلِينَ
(သို့ဖြစ်ပေရာ) ထို (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်)ကို မယုံကြည်ကြချေ။ အမှန်စင်စစ်သော်ကား ရှေးသူဟောင်းတို့၏အစဉ်အလာသည် လွန်လေပြီး ဖြစ်ပေသတည်း။
وَلَوْ فَتَحْنَا عَلَيْهِم بَابًۭا مِّنَ ٱلسَّمَآءِ فَظَلُّوا۟ فِيهِ يَعْرُجُونَ
အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် မိုးကောင်းကင်၌ တံခါးပေါက်တစ်ခုခုကို ဖွင့်ပေးတော်မူခဲ့ပါလျှင် ထို့နောက် ၎င်းတို့သည် နေ့ကြောင်တောင်ပင် ထိုတံခါးပေါက်မှ (ဆင်း)တက်(သွားလာ)ကုန်ကြအံ့။
لَقَالُوٓا۟ إِنَّمَا سُكِّرَتْ أَبْصَٰرُنَا بَلْ نَحْنُ قَوْمٌۭ مَّسْحُورُونَ
(ထိုသို့သောအခါမျိုး၌လည်း) ၎င်းတို့က ကျွန်ုပ်၏မျက်စိများသည်(လှည့်စား)ပိတ်ပင်ထားခြင်းကို ခံခဲ့ကြရပေသည်။ ထိုမျှမက ကျွန်ုပ်တို့သည် စုန်းပြုစားခြင်းကို ခံခဲ့ကြရသောလူစုပင် ဖြစ်ကြပေသည်ဟု ပြောဆိုကြမည်မှာ အမှန်ပင်။
وَلَقَدْ جَعَلْنَا فِى ٱلسَّمَآءِ بُرُوجًۭا وَزَيَّنَّٰهَا لِلنَّٰظِرِينَ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်၌ ဂြိုဟ်နက္ခတ်များကို ပြုလုပ်(ဖန်ဆင်း) တော်မူ၍ယင်းမိုးကိုကြည့်ရှုသူတို့အဖို့ မျက်စိပသာဒ ဖြစ်စေတော်မူခဲ့လေသည်။
وَحَفِظْنَٰهَا مِن كُلِّ شَيْطَٰنٍۢ رَّجِيمٍ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမိုးကို နှင်ထုတ်ခြင်းခံရသောရှိုင်တွာန်မိစ္ဆာကောင် အသီးသီးတို့မှ ထိန်းသိမ်းစောင့်ရှောက်တော်မူသည်။
إِلَّا مَنِ ٱسْتَرَقَ ٱلسَّمْعَ فَأَتْبَعَهُۥ شِهَابٌۭ مُّبِينٌۭ
သို့ရာတွင် အကြင် ရှိုင်တွာန်မိစ္ဆာကောင် (တစ်ဦးဦး)သည် တိတ်တဆိတ် (စကားကို) နားထောင်ခဲ့ပါလျှင်(ခိုးဝှက်နားထောင်ခဲ့ပါလျှင်) လင်းဝင်းသော မီးတောက်မီးလျှံသည်၎င်း၏နောက်သို့ (ထက်ကြပ်မကွာ) လိုက်လေတော့သတည်း။
وَٱلْأَرْضَ مَدَدْنَٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ شَىْءٍۢ مَّوْزُونٍۢ
၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေကို ဖြန့်ခင်းတော်မူ၍ ယင်းပထဝီမြေ၌ လေးလံသော တောင်ကြီးများကိုချထားတော်မူလေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်ယင်းပထဝီမြေ၌ ခန့်မှန်း (သတ်မှတ်)ပြီးဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့လေသည်။
وَجَعَلْنَا لَكُمْ فِيهَا مَعَٰيِشَ وَمَن لَّسْتُمْ لَهُۥ بِرَٰزِقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုပထဝီမြေ၌အသင် တို့အဖို့လည်းကောင်း၊ အသင်တို့ စားနပ်ရိက္ခာ ထောက်ပံ့ခြင်းမပြုသော သူတို့အဖို့လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းမှုများကို ပြုလုပ် (စီမံ) ထားတော်မူခဲ့လေသတည်း။
Page 1 of 5 (99 ayahs)