Loading surah...
Back to Burmese Quran
128 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَتَىٰٓ أَمْرُ ٱللَّهِ فَلَا تَسْتَعْجِلُوهُ ۚ سُبْحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشْرِكُونَ
အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်း အမိန့်တော်ကို အလျင်စလိုမတောင်းကြကုန်လင့်။ ထိုအရှင်မြတ်သည်ယင်း(မုရ်ှရစ်က်)တို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်လျက် ရှိကြသည်တို့မှ သန့်ရှင်းစင်ကြယ်မြင့်မြတ် လှတော်မူပေသတည်း။
يُنَزِّلُ ٱلْمَلَٰٓئِكَةَ بِٱلرُّوحِ مِنْ أَمْرِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦٓ أَنْ أَنذِرُوٓا۟ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ
ထိုအရှင်မြတ်သည် မိမိ၏အမိန့်တော်ဖြင့် မိမိကျွန်များအနက်မှ အလိုရှိတော်မူသောသူများထံ မလာအိကဟ်ကောင်းကင်တမန်များအား ဝဟီအမိန့်တော်နှင့်တကွ ဆင်းသက်(လာရောက်) စေတော်မူ၏။ (ထိုအမိန့်တော်မှာ) အသင်(နဗီတမန်တော်)တို့သည် ဧကန်စင်စစ် ငါအရှင်မြတ်မှ တစ်ပါး၊အခြားကိုးကွယ်ရာ အလျှင်းမရှိရာ၊ ငါအရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြရမည်ဟု သတိပေးနှိုးဆော်ကြလေကုန် (ဟူ၍ဖြစ်သည်)။
خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ تَعَٰلَىٰ عَمَّا يُشْرِكُونَ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မှန်ကန်သောရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည်၎င်းတို့ တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက် ရှိကြသည်တို့ထက်မြင့်မြတ်လှတော်မူပေသတည်း။
خَلَقَ ٱلْإِنسَٰنَ مِن نُّطْفَةٍۢ فَإِذَا هُوَ خَصِيمٌۭ مُّبِينٌۭ
ထိုအရှင်မြတ်သည် လူသားကို ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်၎င်းတို့သည် ရုတ်တရက် ထင်ရှားသော အန်တုသူ ဖြစ်လာ၏။
وَٱلْأَنْعَٰمَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌۭ وَمَنَٰفِعُ وَمِنْهَا تَأْكُلُونَ
၎င်းပြင် ထိုအရှင်မြတ်သည် အခြေလေးချောင်းတိရိစ္ဆာန်များကိုလည်း ဖန်ဆင်းတော်မူခဲ့လေသည်။ အသင်တို့အဖို့ ထိုခြေလေးချောင်းတိရစ္ဆာန်များ၌ အနွေးထည်သည်လည်းကောင်း၊ အခြားအကျိုးကျေးဇူးများသည်လည်းကောင်း၊ ရှိပေသည်။ ထိုမှတစ်ပါး အသင်တို့သည် ယင်းခြေလေးချောင်း တိရစ္ဆာန်များ အနက်မှပင် (စားဖွယ်ရာများကို) စားသုံးကြကုန်၏။
وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ
၎င်းပြင် အသင်တို့အဖို့ ယင်းခြေလေးချောင်းတိရစ္ဆာန်များတွင် အသင်တို့သည်(၎င်းတို့ကို)ညနေချမ်းတွင်စားကျက်မှ (အိမ်သို့) ပြန်သွင်းလာကြ သောအချိန်၌လည်းကောင်း၊ အသင်တို့သည် နံနက်ယံတွင် စားကျက်သို့လွှတ်ကြသောအချိန်၌လည်းကောင်း၊ နစှ လ် ဖို ယွ အ် ကြောင်း လည်း ရေှိ ပသည။်
وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍۢ لَّمْ تَكُونُوا۟ بَٰلِغِيهِ إِلَّا بِشِقِّ ٱلْأَنفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌۭ رَّحِيمٌۭ
ထိုမှတစ်ပါး ယင်းခြေလေးချောင်းတိရစ္ဆာန်များသည် အသင်တို့၏ ဝန်စည်စလယ်များကို အသင်တို့ အလွန်အမင်း ခဲယဉ်းစွာသာလျှင် ရောက်ရှိနိုင်ကြသောမြို့ရွာသို့ သယ်ပိုး(၍ပို့ဆောင်)ခြင်းကိုလည်း ပြုကြကုန်သည်။ ဧကန်စင်စစ်အသင်တို့၏အရှင်မြတ်သည် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာ တာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَٱلْخَيْلَ وَٱلْبِغَالَ وَٱلْحَمِيرَ لِتَرْكَبُوهَا وَزِينَةًۭ ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ
၎င်းပြင် (ထိုအရှင်မြတ်သည်ပင်လျှင်)မြင်း၊ လားနှင့်မြည်းတိရစ္ဆာန်များကိုလည်း အသင်တို့သည် ၎င်းတို့ကို စီးနင်းကြရန်လည်းကောင်း၊ (အသင်တို့အဖို့)လှပတင့်တယ်မှုရှိစေရန်လည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့ပေသည်)။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့မသိကြသော (မြောက်များစွာသော)အရာများကိုလည်း ဖန်ဆင်းတော်မူလေသည်။
وَعَلَى ٱللَّهِ قَصْدُ ٱلسَّبِيلِ وَمِنْهَا جَآئِرٌۭ ۚ وَلَوْ شَآءَ لَهَدَىٰكُمْ أَجْمَعِينَ
စင်စစ်သော်ကား ဖြောင့်မှန်သော လမ်းကိုပြတော်မူရန်မှာ အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် တည်ရှိပေသည်။ စင်စစ် ထိုလမ်းများအနက် ကွေ့ ကောက်သောလမ်းများသည်လည်းရှိပေသည်။ သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော် မူခဲ့ပါလျှင် အသင်တို့အားလုံးကိုတရားလမ်းမှန်ကို ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
هُوَ ٱلَّذِىٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ ۖ لَّكُم مِّنْهُ شَرَابٌۭ وَمِنْهُ شَجَرٌۭ فِيهِ تُسِيمُونَ
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (အသင်တို့အဖို့) မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထိုရေမှပင် အသင်တို့သည် သောက်သုံးကြကုန်၏။ ၎င်းပြင် ထိုရေကြောင့်ပင် (သစ်ပင်၊ မြက်ပင်စသည်ဖြင့်၊အမျိုးမျိုးသော)အပင်(များ)သည် ပေါက်ရောက်လေသည်။အသင်တို့သည် ထိုအပင်များ၌ပင်(တိရစ္ဆာန်များကို) ထိန်းကျောင်းကြပေသည်။
يُنۢبِتُ لَكُم بِهِ ٱلزَّرْعَ وَٱلزَّيْتُونَ وَٱلنَّخِيلَ وَٱلْأَعْنَٰبَ وَمِن كُلِّ ٱلثَّمَرَٰتِ ۗ إِنَّ فِى ذَٰلِكَ لَءَايَةًۭ لِّقَوْمٍۢ يَتَفَكَّرُونَ
ထိုအရှင်မြတ်သည် အသင်တို့၏အကျိုးငှာ ထိုရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ သံလွင်ပင် များကိုလည်းကောင်း၊ စွန်ပလွံပင်များကိုလည်းကောင်း၊ စပျစ်(ပင်)များကိုလည်းကောင်း၊ သီးနှံမျိုးစုံတို့ကို လည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌စဉ်းစားဆင်ခြင်ချင့်ချိန် သုံးသပ်သူတို့ အဖို့ အမှန်ပင်သက်သေလက္ခဏာသည်ရှိချေသတည်း။
وَسَخَّرَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ وَٱلشَّمْسَ وَٱلْقَمَرَ ۖ وَٱلنُّجُومُ مُسَخَّرَٰتٌۢ بِأَمْرِهِۦٓ ۗ إِنَّ فِى ذَٰلِكَ لَءَايَٰتٍۢ لِّقَوْمٍۢ يَعْقِلُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အကျိုးငှာ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊သူရိယနေမင်းကိုလည်းကောင်း၊ လစန္ဒာကိုလည်း ကောင်း၊အမိန့်ကို လိုက်နာစေတော်မူခဲ့၏။ ထိုမှတစ်ပါး ကြယ်နက္ခတ်တို့သည်လည်း ထိုအရှင်မြတ်၏အမိန့်တော်နှင့် လိုက်နာစေခြင်းကိုခံခဲ့ကြရပြီ ဖြစ်၏။ဧကန်မလွဲ ဤသည်၌ နားလည်ကြကုန်သော သူတို့အဖို့သက်သေသာဓကများသည်ရှိကြပေသည်။
وَمَا ذَرَأَ لَكُمْ فِى ٱلْأَرْضِ مُخْتَلِفًا أَلْوَٰنُهُۥٓ ۗ إِنَّ فِى ذَٰلِكَ لَءَايَةًۭ لِّقَوْمٍۢ يَذَّكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည်တို့မှာတစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။မုချဧကန်ဤသည်၌ တရားကျကြသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။
وَهُوَ ٱلَّذِى سَخَّرَ ٱلْبَحْرَ لِتَأْكُلُوا۟ مِنْهُ لَحْمًۭا طَرِيًّۭا وَتَسْتَخْرِجُوا۟ مِنْهُ حِلْيَةًۭ تَلْبَسُونَهَا وَتَرَى ٱلْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အကြင်ရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ လတ်ဆတ်သောအသားကိုစားသုံးကြအံ့ သောငှာလည်းကောင်း၊ အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ မိမိတို့ဆင်ယင်ကြကုန်သောလက်ဝတ်လက်စားတန်ဆာများကို ထုတ်ယူ(ဆင်ယင်သုံးစွဲ) ကြအံ့သောငှာလည်းကောင်း၊ နိုင်နင်းစေတော်မူခဲ့၏။ ၎င်းအပြင်အသင်သည် သင်္ဘောများကို ထိုပင်လယ်သမုဒ္ဒရာ၌ ရေကိုခွဲ၍သွားလာလျက်ရှိကြသည်ကို တွေ့မြင်ရလေသည်။ ထိုမှတပါးအသင်တို့သည် (ပင်လယ်ခရီးဖြင့် ကူးလူးဆက်ဆံသွားလာခြင်းအားဖြင့်) ထိုအရှင်မြတ်၏ကျေးဇူးတော်(တည်းဟူသော စီးပွားဥစ္စာ)ကို ရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြအံ့သောငှာလည်းကောင်း၊ (ထိုပင်လယ်သမုဒ္ဒရာကို နိုင်နင်းစေတော်မူခဲ့ပေသည်)။
وَأَلْقَىٰ فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِكُمْ وَأَنْهَٰرًۭا وَسُبُلًۭا لَّعَلَّكُمْ تَهْتَدُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ မြစ်ချောင်းများကို လည်းကောင်း၊ (ပြုလုပ်တော်မူခဲ့လေသည်)။
وَعَلَٰمَٰتٍۢ ۚ وَبِٱلنَّجْمِ هُمْ يَهْتَدُونَ
၎င်းပြင် အမှတ်သညာမှတ်တိုင်များကိုလည်း(ပြုလုပ်တော်မူခဲ့၏)။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း(လူတို့သည်) လမ်းများကို ရှာတွေ့ကြကုန်၏။
أَفَمَن يَخْلُقُ كَمَن لَّا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ
သို့ပါလျက် ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းနိုင်သော သူကဲ့သို့ ဖြစ်တော်မူပါမည်လော။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) သတိမရကြလေသသလော။ (နားမလည်ကြလေသလော)။
وَإِن تَعُدُّوا۟ نِعْمَةَ ٱللَّهِ لَا تُحْصُوهَآ ۗ إِنَّ ٱللَّهَ لَغَفُورٌۭ رَّحِيمٌۭ
စင်စစ်သော်ကား အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကြသည်ရှိသော် အသင်တို့သည် ယင်းကျေးဇူးတော်များကို (အလျှင်း)ရေတွက်နိုင်ကြမည်မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်၊အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَٱللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြသောအကြောင်းကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော အကြောင်းကိစ္စများကိုလည်းကောင်း၊ (ကောင်းစွာ)သိရှိတော်မူပေသည်။
وَٱلَّذِينَ يَدْعُونَ مِن دُونِ ٱللَّهِ لَا يَخْلُقُونَ شَيْـًۭٔا وَهُمْ يُخْلَقُونَ
စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်၏အပြင်၎င်းတို့ ဟစ်ခေါ်ကြကုန်သောသူတို့သည် တစ်စုံတစ်ရာကိုမျှဖန်ဆင်းနိုင်ကြသည်မဟုတ်။ ၎င်းတို့(ကိုယ်တိုင်)သည်ပင်လျှင်ဖန်ဆင်းခြင်းကိုခံခဲ့ကြရပေသတည်း။
Page 1 of 7 (128 ayahs)