Loading surah...
Back to Burmese Quran
78 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُوا۟ رَبَّكُمْ ۚ إِنَّ زَلْزَلَةَ ٱلسَّاعَةِ شَىْءٌ عَظِيمٌۭ
အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ ဧကန်စင်စစ် ကိယာမတ်၏ မြေငလျင်လှုပ်ခြင်းသည် အကြီးအကျယ် ကြောက်မက်ဖွယ် ကိစ္စတစ်ရပ်ပင်ဖြစ်ချေသည်။
يَوْمَ تَرَوْنَهَا تَذْهَلُ كُلُّ مُرْضِعَةٍ عَمَّآ أَرْضَعَتْ وَتَضَعُ كُلُّ ذَاتِ حَمْلٍ حَمْلَهَا وَتَرَى ٱلنَّاسَ سُكَٰرَىٰ وَمَا هُم بِسُكَٰرَىٰ وَلَٰكِنَّ عَذَابَ ٱللَّهِ شَدِيدٌۭ
ယင်းမြေငလျင်လှုပ်ခြင်းကို အသင်တို့ တွေ့မြင်ကြသောနေ့တွင် နို့တိုက်သောမိခင်တိုင်းသည် မိမိနို့တိုက်လျက်ရှိသော ကလေးကို (လုံးဝ) မေ့လျော့၍ သွားပေမည်။ ၎င်းပြင် သန္ဓေရှိသူတိုင်းသည်လည်း (ကြောက်ရွံ့ထိတ်လန့်ကာ) မိမိ၌ရှိသောသန္ဓေလျှောကျပေမည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား မူးယစ်တွေဝေမိန်းမောနေသူများအဖြစ် တွေ့မြင်ပေမည်။ စင်စစ်၎င်းတို့သည် မူးယစ်တွေဝေမိန်းမောနေသူများ(အလျင်း)မဟုတ် သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကား ပြင်းထန်လှပေသတည်း။
وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍۢ وَيَتَّبِعُ كُلَّ شَيْطَٰنٍۢ مَّرِيدٍۢ
စင်စစ် လူတို့အနက် အကြင်သို့သောသူလည်းရှိ၏။ ထိုသူသည် အသိပညာမရှိဘဲလျက် အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံပြုသည်။ ၎င်းပြင် ထိုသူသည်ဆိုးသွမ်း ပုန်ကန်သော "ရှိုင်တွာန်" မိစ္ဆာကောင် အသီးသီး၏နောက်သို့လိုက်သည်။
كُتِبَ عَلَيْهِ أَنَّهُۥ مَن تَوَلَّاهُ فَأَنَّهُۥ يُضِلُّهُۥ وَيَهْدِيهِ إِلَىٰ عَذَابِ ٱلسَّعِيرِ
(အမှန်သော်ကား) ထို "ရှိုင်တွာန်" မိစ္ဆာကောင်နှင့်ပတ်သက်၍ စီရင်ပြဋ္ဌာန်းပြီးဖြစ်သည်မှာ မည်သူမဆို ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်အား အဆွေခင်ပွန်း ပြုလုပ်ခဲ့မူ ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်သည် ထိုသူအားလမ်းမှားစေခြင်းကိုလည်းကောင်း၊ ထိုသူအား အလျှံ ပြောင်ပြောင် တောက်လောင်သောငရဲမီး၏ ပြစ်ဒဏ်သို့ လမ်းညွှန်ခြင်းကိုလည်းကောင်း၊ဧကန်မလွဲ ပြုလုပ်မည်ဖြစ်သည်ဟု စီရင်ပြဋ္ဌာန်းပြီး ဖြစ်ချေသတည်း။
يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمْ فِى رَيْبٍۢ مِّنَ ٱلْبَعْثِ فَإِنَّا خَلَقْنَٰكُم مِّن تُرَابٍۢ ثُمَّ مِن نُّطْفَةٍۢ ثُمَّ مِنْ عَلَقَةٍۢ ثُمَّ مِن مُّضْغَةٍۢ مُّخَلَّقَةٍۢ وَغَيْرِ مُخَلَّقَةٍۢ لِّنُبَيِّنَ لَكُمْ ۚ وَنُقِرُّ فِى ٱلْأَرْحَامِ مَا نَشَآءُ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ثُمَّ نُخْرِجُكُمْ طِفْلًۭا ثُمَّ لِتَبْلُغُوٓا۟ أَشُدَّكُمْ ۖ وَمِنكُم مَّن يُتَوَفَّىٰ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرْذَلِ ٱلْعُمُرِ لِكَيْلَا يَعْلَمَ مِنۢ بَعْدِ عِلْمٍۢ شَيْـًۭٔا ۚ وَتَرَى ٱلْأَرْضَ هَامِدَةًۭ فَإِذَآ أَنزَلْنَا عَلَيْهَا ٱلْمَآءَ ٱهْتَزَّتْ وَرَبَتْ وَأَنۢبَتَتْ مِن كُلِّ زَوْجٍۭ بَهِيجٍۢ
အို-လူခပ်သိမ်းတို့၊ အကယ်၍ အသင်တို့သည်ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေကြပါလျှင်(အသင်တို့သည် မိမိတို့နှင့် မိမိတို့၏ ပတ်ဝန်းကျင်ကို လေးနက်စွာ စဉ်းစား၍ ကြည့်ကြလေကုန်)။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ရှေ့ဝယ် (မိမိတန်ခိုးတော်ကို) ထင်ရှားစေခြင်းငှာ အသင်တို့အား (ပထမသော်)မြေကြီးဖြင့်လည်းကောင်း၊ ထို့နောက် သုတ်ရည်ဖြင့်လည်းကောင်း၊ ထို့နောက် သွေးခဲဖြင့်လည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင်ပုံကျသော အသားတုံးဖြင့်လည်းကောင်း၊ အင်္ဂါမစုံ ပုံမကျသော အသားတုံးဖြင့်လည်းကောင်း၊(အဆင့်ဆင့်) ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည်သားအိမ်များတွင် မိမိအလိုရှိတော်မူသည်ကို (သုတ်ရည်ကို)သတ်မှတ် ပိုင်းခြားအပ်သော အချိန်ကာလတိုင်အောင် တည်စေတော်မူပြီးနောက် အသင်တို့အား (အမိဝမ်းတွင်းမှ အပြင်သို့နို့စို့အရွယ်)ကလေးသူငယ်အဖြစ် ထွက်စေ တော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏ လူလားမြောက်သောအရွယ်သို့ ရောက်ရှိနိုင်ကြရန်(ငါအရှင်မြတ်သည် မွေးမြူတော်မူပြန်၏။) ၎င်းပြင် အသင်တို့အနက် (အရွယ်မရောက် လူလားမမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိ၏။ ထိုနည်းတူစွာအသင်တို့တွင် အယုတ်ညံ့ဆုံးသော အသက်အရွယ်သို့ပြန်ရောက်ရသော သူများလည်းရှိ၏။ ထို့ကြောင့် ၄င်းသည် (အရာရာကို) သိရှိပြီးနောက်သော်မှပင် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနိုင်တော့ချေ။ ထိုမှတစ်ပါး အသင်သည် ပထဝီမြေကို သွေ့ခြောက်လျက် တွေ့မြင်လေသည်။တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်ဝယ် (မိုး)ရေကို(ရွာသွန်း၍) ကျစေတော်မူသောအခါ ယင်းမြေ(မှ သစ်ပင်ဝါးပင်များ) ပေါက်ရောက် လှုပ်ရှားလာလေသည်။ ထို့ပြင် တိုးတက်မြင့်မားလာလေသည်။ ထို့ပြင် အထူးနှစ်မြို့ဖွယ်ဖြစ်သော(သစ်သီးသစ်ဥ ကောက်ပဲ သီးနှံ) အမျိုးအစား အသီးသီးတို့ကိုပေါက်ရောက်စေလေသည်။
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلْحَقُّ وَأَنَّهُۥ يُحْىِ ٱلْمَوْتَىٰ وَأَنَّهُۥ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ
ဤသည်တို့ ဖြစ်ရခြင်းအကြောင်းကား ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်တည်ရှိတော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် သေသူအပေါင်းကို ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။
وَأَنَّ ٱلسَّاعَةَ ءَاتِيَةٌۭ لَّا رَيْبَ فِيهَا وَأَنَّ ٱللَّهَ يَبْعَثُ مَن فِى ٱلْقُبُورِ
ထိုမှတစ်ပါး ဧကန်မလွဲ ကိယာမတ်သည်လည်း(မုချ)ဆိုက်ရောက်မည်ဖြစ်သည်။ ယင်းကိယာမတ်နှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာအလျင်းမရှိပြီ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများတွင်ရှိသူတို့ကို ဧကန်စင်စစ် ရှင်ပြန်ထစေတော်မူမည် ဖြစ်သတည်း။
وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍۢ وَلَا هُدًۭى وَلَا كِتَٰبٍۢ مُّنِيرٍۢ
စင်စစ် လူတို့တွင် အသိပညာ လုံးဝမရှိဘဲလျက်လည်းကောင်း၊ မည်သည့်သက်သေထင်ရှား တင်ပြချက်မျှမရှိဘဲလျက်လည်းကောင်း၊ မည်သည့်ရှင်းလင်းစေသော ကျမ်းဂန်မျှမရှိဘဲလျက်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုတတ်သူလည်း ရှိပေသည်။
ثَانِىَ عِطْفِهِۦ لِيُضِلَّ عَن سَبِيلِ ٱللَّهِ ۖ لَهُۥ فِى ٱلدُّنْيَا خِزْىٌۭ ۖ وَنُذِيقُهُۥ يَوْمَ ٱلْقِيَٰمَةِ عَذَابَ ٱلْحَرِيقِ
(မာန်မာနထောင်လွှားကာ)မိမိလည်ပင်းကိုလိမ်လျက်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင် မြတ်၏လမ်းတော်မှလွဲမှားစေခြင်းငှာ ထိုသူ၌ (ဤ) ပစ္စုပ္ပန်လောကတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူအား (ကျွမ်းလောင်စေသောငရဲ)မီး၏ ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်ပေသည်။
ذَٰلِكَ بِمَا قَدَّمَتْ يَدَاكَ وَأَنَّ ٱللَّهَ لَيْسَ بِظَلَّٰمٍۢ لِّلْعَبِيدِ
ဤသို့ဖြစ်ရခြင်းမှာ အသင်၏လက်နှစ်ဖက်သည် တင်ကူး၍ပို့ခဲ့သော(ပြစ်မှုဒုစရိုက်များ)ကြောင့်ပင်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်များအားနှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပြီ။
وَمِنَ ٱلنَّاسِ مَن يَعْبُدُ ٱللَّهَ عَلَىٰ حَرْفٍۢ ۖ فَإِنْ أَصَابَهُۥ خَيْرٌ ٱطْمَأَنَّ بِهِۦ ۖ وَإِنْ أَصَابَتْهُ فِتْنَةٌ ٱنقَلَبَ عَلَىٰ وَجْهِهِۦ خَسِرَ ٱلدُّنْيَا وَٱلْءَاخِرَةَ ۚ ذَٰلِكَ هُوَ ٱلْخُسْرَانُ ٱلْمُبِينُ
၎င်းပြင် လူတို့တွင် ဘေးအစွန်းဖျား၌(ရပ်တည်၍)အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ လည်းရှိပေသည်။ တစ်ဖန် အကယ်၍ ထိုသူ၌အကျိုးကျေးဇူး တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို နှစ်သိမ့်ကျေနပ်ခဲ့လေသည်။ သို့ရာတွင် အကယ်၍ ထိုသူ၌စမ်းသပ်မှု တစ်စုံတစ်ရာသက်ရောက်ခဲ့မှု ထိုသူသည် မိမိမျက်နှာလှည့်၍ ပြန်သွားခဲ့လေသည်။ ထိုသူသည် (ဤ)ပစ္စက္ခ လောကီဘဝကိုလည်းကောင်း၊ နောင်တမလွန်ဘဝကို လည်းကောင်း၊(နှစ်ခုစလုံးကိုပင်)လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ဤသည်ထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင်တည်း။
يَدْعُوا۟ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُۥ وَمَا لَا يَنفَعُهُۥ ۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلْبَعِيدُ
(စင်စစ်သော်ကား) ထိုသူသည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ မိမိအားအကျိုးယုတ်စေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ မိမိအားအကျိုး ဖြစ်ထွန်းစေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ ဟစ်ခေါ်လျက်ရှိပေသည်။ ဤကား (အမှန်တရားနှင့်) အလွန်ဝေးလံသော လမ်းမှားခြင်းပင်။
يَدْعُوا۟ لَمَن ضَرُّهُۥٓ أَقْرَبُ مِن نَّفْعِهِۦ ۚ لَبِئْسَ ٱلْمَوْلَىٰ وَلَبِئْسَ ٱلْعَشِيرُ
(အမှန်စင်စစ်) ထိုသူသည် အကြင်အရာကို ဟစ်ခေါ်လျက်ရှိပေသည်။ ထိုအရာ၏ အကျိုးယုတ်စေမှုသည် ၎င်း၏ အကျိုးဖြစ်စေခြင်းထက် ပိုမို၍ပင်နီးကပ်လျက်ရှိပေသည်။စင်စစ်(ထိုသူဟစ်ခေါ်လျက်ရှိသောအရာမှာမူကား)အလွန်ယုတ်ညံ့သော ကြည့်ရှုထောက်မသူ၊ ၎င်းပြင် အလွန်ယုတ်ညံ့သောအဆွေခင်ပွန်းပင် ဖြစ်ပေသတည်း။
إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ جَنَّٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ ۚ إِنَّ ٱللَّهَ يَفْعَلُ مَا يُرِيدُ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်ရွယ်တော်မူသောကိစ္စကို(ပြီးမြောက်အောင်) ပြုလုပ်တော်မူပေသည်။
مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ ٱللَّهُ فِى ٱلدُّنْيَا وَٱلْءَاخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى ٱلسَّمَآءِ ثُمَّ لْيَقْطَعْ فَلْيَنظُرْ هَلْ يُذْهِبَنَّ كَيْدُهُۥ مَا يَغِيظُ
မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင် ထိုသူသည် ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်တန်းဆွဲချိတ်ရမည်။ ထို့နောက် ၎င်းသည်(ယင်းအကူအညီကို)ဖြတ်တောက် (ရပ်စဲစေ)ရမည်။(တစ်နည်း)ထိုသူသည် ကြိုးတစ်ချောင်းကို(ယူကာ)မိမိလည်ပင်းကို ချည်၍ (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းပြီးနောက်(မိမိလည်မျိုကို)ညှစ်သတ်ရမည်။ တစ်ဖန် မိမိကြံစည်ချက်သည်(မိမိအား) အမျက်ထွက်စေသောကိစ္စကို ပျောက်လွင့်စေသလောဟု စဉ်းစားဆင်ခြင်၍ ကြည့်ရပေမည်။
وَكَذَٰلِكَ أَنزَلْنَٰهُ ءَايَٰتٍۭ بَيِّنَٰتٍۢ وَأَنَّ ٱللَّهَ يَهْدِى مَن يُرِيدُ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထင်ရှားလှစွာသော သက်သေလက္ခဏာ အာယတ်တော်များအဖြစ် ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပေသတည်း။
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَٱلَّذِينَ هَادُوا۟ وَٱلصَّٰبِـِٔينَ وَٱلنَّصَٰرَىٰ وَٱلْمَجُوسَ وَٱلَّذِينَ أَشْرَكُوٓا۟ إِنَّ ٱللَّهَ يَفْصِلُ بَيْنَهُمْ يَوْمَ ٱلْقِيَٰمَةِ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ
ဧကန်စင်စစ် "မုအ်မင်န်" သက်ဝင်ယုံကြည် သူ့တို့သည်လည်းကောင်း၊ ရေ၀တီဘာသာဝင်တို့သည်လည်းကောင်း၊ ဆွာဗီတို့သည်လည်းကောင်း၊ န(ဆ်)ရာနီတို့သည်လည်းကောင်း၊ မဂျူစီ မီးကိုးကွယ်သူတို့သည်လည်းကောင်း၊"မုရှ်ရစ်က်"တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူတို့သည်လည်းကောင်း၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့စပ်ကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မျက်မြင်ဒိဋ္ဌ) သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
أَلَمْ تَرَ أَنَّ ٱللَّهَ يَسْجُدُ لَهُۥ مَن فِى ٱلسَّمَٰوَٰتِ وَمَن فِى ٱلْأَرْضِ وَٱلشَّمْسُ وَٱلْقَمَرُ وَٱلنُّجُومُ وَٱلْجِبَالُ وَٱلشَّجَرُ وَٱلدَّوَآبُّ وَكَثِيرٌۭ مِّنَ ٱلنَّاسِ ۖ وَكَثِيرٌ حَقَّ عَلَيْهِ ٱلْعَذَابُ ۗ وَمَن يُهِنِ ٱللَّهُ فَمَا لَهُۥ مِن مُّكْرِمٍ ۚ إِنَّ ٱللَّهَ يَفْعَلُ مَا يَشَآءُ ۩
ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လသည်လည်းကောင်း၊ ကြယ် နက္ခတ်များသည်လည်းကောင်း၊ တောင်များသည် လည်းကောင်း၊ သစ်ပင်များသည်လည်းကောင်း၊ တိရစ္ဆာန်များသည်လည်းကောင်း၊ မြောက်များစွာသော လူတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားသာလျှင် ဦးချကြသည်ကို အသင်သည် မသိပါသလော။သို့ရာတွင် (လူတို့အနက်) မြောက်များစွာ သောသူတို့အပေါ်၌ပြစ်ဒဏ်သည် အတည်ဖြစ်လေပြီ။ စင်စစ်သော်ကား မည်သူအားမဆို အလ္လာဟ်အရှင်မြတ်သည် ဂုဏ်အသရေ ယုတ်ညံ့စေတော်မူပါလျှင်၊ ထိုသူအား (ဂုဏ်အသရေ) ချီးမြှင့်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကို ပြုလုပ်တော် မူပေသတည်း။
۞ هَٰذَانِ خَصْمَانِ ٱخْتَصَمُوا۟ فِى رَبِّهِمْ ۖ فَٱلَّذِينَ كَفَرُوا۟ قُطِّعَتْ لَهُمْ ثِيَابٌۭ مِّن نَّارٍۢ يُصَبُّ مِن فَوْقِ رُءُوسِهِمُ ٱلْحَمِيمُ
ဤအုပ်စုနှစ်စုကား မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းပွားခဲ့ ကြသောအုပ်စုနှစ်စုပင်။ သို့ဖြစ်ပေရာ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြသောသူတို့အဖို့ မီးဖြင့်ပြီးသော အဝတ်အထည်များသည် ကိုက်ညှပ်(ချုပ်စပ်)ပြီးဖြစ်ပေမည်။ (ထို့ပြင်) ၎င်းတို့၏ဦးခေါင်းများထက်မှ ကျိုက်ကျိုက်ဆူသောရေ သွန်းလောင်းခြင်းခံရမည်။
يُصْهَرُ بِهِۦ مَا فِى بُطُونِهِمْ وَٱلْجُلُودُ
ထိုရေကြောင့် ထိုသူတို့၏ဝမ်းဗိုက်များ၌ရှိသောအရာ (အူသိမ်အူမ၊ အသည်း၊ နှလုံး) စသည်တို့သည်လည်းကောင်း၊ အသားအရည်တို့သည် လည်းကောင်း၊ အရည်ပျော်၍သွားကြပေမည်။
Page 1 of 4 (78 ayahs)