Loading surah...
Back to Burmese Quran
112 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱقْتَرَبَ لِلنَّاسِ حِسَابُهُمْ وَهُمْ فِى غَفْلَةٍۢ مُّعْرِضُونَ
လူသားတို့အား စစ်ဆေးရန် အချိန်ကာလသည်၎င်းတိုနှင့် နီးကပ်၍လာခဲ့လေပြီ။ အမှန်သော်ကား ၎င်းတို့သည်မျက်နှာလွှဲလျက် ပေါ့ဆမှု၌ပင် ရှိကြသေး၏။
مَا يَأْتِيهِم مِّن ذِكْرٍۢ مِّن رَّبِّهِم مُّحْدَثٍ إِلَّا ٱسْتَمَعُوهُ وَهُمْ يَلْعَبُونَ
၎င်းတို့ထံ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မည်သည့်သစ်လွင်သော သတိပေးနှိုးဆော်ချက်မဆို ရောက်လတ်သော်၎င်းတို့သည် ယင်းသတိပေး နှိုးဆော်ချက်ကိုပြက်ချော်ပြောင်လှောင်၍သာနားထောင်ကြကုန်၏။
لَاهِيَةًۭ قُلُوبُهُمْ ۗ وَأَسَرُّوا۟ ٱلنَّجْوَى ٱلَّذِينَ ظَلَمُوا۟ هَلْ هَٰذَآ إِلَّا بَشَرٌۭ مِّثْلُكُمْ ۖ أَفَتَأْتُونَ ٱلسِّحْرَ وَأَنتُمْ تُبْصِرُونَ
၎င်းတို့၏ စိတ်နှလုံးများသည် (ယင်းသတိ ပေးနှိုးဆော်ချက်ကို) ဂရုမမူဘဲ(ရှိကြ၏)။ ၎င်းပြင် (ယင်း)ကျူးလွန်သောသူတို့က ဤသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မိမိတို့ သိမြင်ကြ လျက်၌ပဉ္စလက်(ဆိုင်ရာစကား)ကို (နားထောင်ရန်) လာကြဦးမည်လောဟု လျှို့ဝှက်ဆွေးနွေးကြကုန်၏။
قَالَ رَبِّى يَعْلَمُ ٱلْقَوْلَ فِى ٱلسَّمَآءِ وَٱلْأَرْضِ ۖ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
(နဗီတမန်တော်က)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်၌(ရှိသောစကား)ကိုဖြစ်စေ၊ ပထဝီမြေ၌(ရှိသောစကား)ကို ဖြစ်စေ၊ (အလုံးစုံသော)စကားကို သိတော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
بَلْ قَالُوٓا۟ أَضْغَٰثُ أَحْلَٰمٍۭ بَلِ ٱفْتَرَىٰهُ بَلْ هُوَ شَاعِرٌۭ فَلْيَأْتِنَا بِـَٔايَةٍۢ كَمَآ أُرْسِلَ ٱلْأَوَّلُونَ
ထိုသို့မဟုတ်၊ စင်စစ်မှာကား ယင်း(မိစ္ဆာဝါဒီ) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (ဤကုရ်အာန်ကျမ်းသည်) ဂယောင်ချောက်ချားမြင်မက်သော အိပ်မက်မျှသာ ဖြစ်သည်။ ထိုမျှမက စင်စစ်မှာကား ယင်း(မုဟမ္မဒ်)သည် ဤ(ကုရ်အာန်ကျမ်းတော်)ကို ကြံဖန်(သီကုံး)ခဲ့သည်။ ထိုမျှသာမက စင်စစ်မူကား ယင်း(မုဟမ္မဒ်)သည် လင်္ကာဆရာတစ်ဦးပင် ဖြစ်ပေသည်။ ထိုသို့မဟုတ်ခဲ့လျှင် ရှေးသူဟောင်းများ (ရစူလ်တမန်တော်အဖြစ်)စေလွှတ်ခြင်း ခံခဲ့ရသကဲ့သို့ပင် ယင်း(မုဟမ္မဒ်)သည်လည်း ကျွန်ုပ်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ရာကို ယူလာသင့်၏။
مَآ ءَامَنَتْ قَبْلَهُم مِّن قَرْيَةٍ أَهْلَكْنَٰهَآ ۖ أَفَهُمْ يُؤْمِنُونَ
၎င်းတို့အလျင် ငါအရှင်မြတ် ပျက်စီးစေတော်မူခဲ့သောမည်သည့်မြို့ရွာ(မှမြို့သူရွာသားများ)မျှပင် (တန်ခိုးများကို တွေ့မြင်ကြပါလျှက်နှင့်ပင်)သက်ဝင် ယုံကြည်ခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ဤသူတို့သည် သက်ဝင်ယုံကြည်ကြဦးမည်လော။
وَمَآ أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًۭا نُّوحِىٓ إِلَيْهِمْ ۖ فَسْـَٔلُوٓا۟ أَهْلَ ٱلذِّكْرِ إِن كُنتُمْ لَا تَعْلَمُونَ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်ကလည်း ယောက်ျားများကိုသာလျှင်(ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့ထံ "ဝဟ်ယ်"အမိန့်တော်ကို ပို့တော်မူလေသည်။ သို့ဖြစ်ပေရာ အကယ်၍အသင်တို့သည် (မိမိကိုယ်တိုင်)မသိကြလျှင် (ရှေး)ကျမ်းဂန်ရရှိသူများအား မေးမြန်း(၍ကြည့်)ကြလေကုန်။
وَمَا جَعَلْنَٰهُمْ جَسَدًۭا لَّا يَأْكُلُونَ ٱلطَّعَامَ وَمَا كَانُوا۟ خَٰلِدِينَ
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)တို့အား အစာအဟာရ စား(သောက်)ခြင်း မပြုကြသောခန္ဓာကိုယ်များ(အဖြစ်) ပြုလုပ်(ဖန်ဆင်း) တော်မူခဲ့သည်လည်းမဟုတ်ပေ။ ထို(ရစူလ်တမန်တော်)များသည် (အသက်သေဆုံးခြင်းမရှိဘဲ) အမြဲထာဝရ (အသက်ရှင်)နေသူများလည်းမဖြစ်ခဲ့ကြချေ။
ثُمَّ صَدَقْنَٰهُمُ ٱلْوَعْدَ فَأَنجَيْنَٰهُمْ وَمَن نَّشَآءُ وَأَهْلَكْنَا ٱلْمُسْرِفِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(ရစူလ်တမန်တော်)များအဖို့ (၎င်းတို့နှင့်ထားရှိတော်မူခဲ့သော)ကတိကို တည်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)များအားလည်းကောင်း၊ မိမိတို့အလိုရှိ တော်မူသောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့လေသည်။သို့ရာတွင် ငါအရှင်မြတ်သည် စည်းကမ်းကျူးလွန်သူတို့အားပျက်စီးစေတော်မူခဲ့၏။
لَقَدْ أَنزَلْنَآ إِلَيْكُمْ كِتَٰبًۭا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ
မလွဲဧကန် ငါအရှင်မြတ်သည် အသင်တို့ထံအကြင်ကဲ့သို့သော ကျမ်းဂန်တစ်စောင်ကို ပေးသနားတော်မူခဲ့ပြီးဖြစ်၏။ ယင်းကျမ်းဂန်တွင် အသင်တို့အား သတိပေး နှိုးဆော်ချက်(များ)ပါရှိ၏။ သို့ပါလျက် အသင်တို့သည် မသိ နားမလည်ကြလေသလော။
وَكَمْ قَصَمْنَا مِن قَرْيَةٍۢ كَانَتْ ظَالِمَةًۭ وَأَنشَأْنَا بَعْدَهَا قَوْمًا ءَاخَرِينَ
စင်စစ် ငါအရှင်မြတ်သည် များစွာသောကျူးလွန်လျက်ရှိခဲ့သောမြို့ရွာများကို ပျက်စီးစေတော်မူခဲ့၏။ ၎င်းပြင်ယင်းမြို့ရွာများ(ပျက်စီးသွားပြီး)နောက်တွင် ငါအရှင်မြတ်သည်အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူခဲ့၏။
فَلَمَّآ أَحَسُّوا۟ بَأْسَنَآ إِذَا هُم مِّنْهَا يَرْكُضُونَ
သို့ဖြစ်ပေရာ ယင်းမြို့ရွာသားတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ် (သက်ရောက်လာသည်) ကို သိမြင်ကြသောအခါ ရုတ်တရက် ၎င်းတို့သည် ယင်းမြို့ရွာများမှ ထွက်ပြေးကြကုန်၏။
لَا تَرْكُضُوا۟ وَٱرْجِعُوٓا۟ إِلَىٰ مَآ أُتْرِفْتُمْ فِيهِ وَمَسَٰكِنِكُمْ لَعَلَّكُمْ تُسْـَٔلُونَ
(ထိုအခါ ကောင်းကင်တမန်များက ၄င်းတို့အားပြက်ရယ်သောအားဖြင့်)"အသင်တို့သည် မပြေးကြကုန်လင့်။ အသင်တို့သည် စည်းစိမ်အဖြစ် ချီးမြှင့် ပေးသနားခြင်းခံခဲ့ ကြရသော ဥစ္စာပစ္စည်းများ(ရှိရာ)သို့လည်းကောင်း၊ မိမိတို့နေအိမ်များသို့လည်းကောင်း၊ပြန်ခဲ့ကြလေကုန်။ အသင်တို့သည် မေးမြန်းခြင်း ခံကြရာသည်၊"(ဟုပြောဆိုခဲ့ကြကုန်၏)။
قَالُوا۟ يَٰوَيْلَنَآ إِنَّا كُنَّا ظَٰلِمِينَ
(ထိုအခါ) ယင်းမြို့သူရွာသားတို့က "ဪ-ဖြစ်မှ ဖြစ်ရလေခြင်း၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည်သာလျှင်မတရားမှုကို ကျူးလွန်သူများဖြစ်ခဲ့ကြ သည်တကား" ဟု ပြောဆို (ညည်းညူမြည်တမ်း)ခဲ့ကြကုန်၏။
فَمَا زَالَت تِّلْكَ دَعْوَىٰهُمْ حَتَّىٰ جَعَلْنَٰهُمْ حَصِيدًا خَٰمِدِينَ
၎င်းတို့၏ ထို ဟစ်အော်မြည်တမ်းမှုသည် (ဆက်လက်၍) ရှိမြဲအတိုင်းပင်ရှိနေခဲ့၏။ နောက်ဆုံးတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရိတ်သိမ်းပြီးဖြစ်သော လယ်ယာကိုငြိမ်းသွားသော မီး(ကဲ့သို့) ပြုလုပ်တော်မူခဲ့ပေသတည်း။
وَمَا خَلَقْنَا ٱلسَّمَآءَ وَٱلْأَرْضَ وَمَا بَيْنَهُمَا لَٰعِبِينَ
စင်စစ် ငါအရှင်မြတ်သည် မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ) နှစ်ခု၏အကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ကစားသူအဖြစ်(အပျင်းပြေ)ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ။
لَوْ أَرَدْنَآ أَن نَّتَّخِذَ لَهْوًۭا لَّٱتَّخَذْنَٰهُ مِن لَّدُنَّآ إِن كُنَّا فَٰعِلِينَ
အကယ်၍သာ ငါအရှင်မြတ်သည် အပျင်းပြေကစားစရာကိုသာ ပြုလုပ်ရန် ရည်စူးတော်မူခဲ့ပါလျှင် ငါအရှင်မြတ်သည် ယင်းကစားစရာကို ဧကန်မုချ မိမိအထံတော်၌ ရှိသည်တို့အနက်မှပင် ပြုလုပ်ထားတော်မူပေမည်။ အကယ်၍သာ ငါအရှင်မြတ်သည် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူခဲ့ပါလျှင်။
بَلْ نَقْذِفُ بِٱلْحَقِّ عَلَى ٱلْبَٰطِلِ فَيَدْمَغُهُۥ فَإِذَا هُوَ زَاهِقٌۭ ۚ وَلَكُمُ ٱلْوَيْلُ مِمَّا تَصِفُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် အမှန်ကို အမှားပေါ်၌ပစ်ပေါက်တော်မူ၏။ ထိုအခါ ယင်းအမှန်သည် ထိုအမှား၏ဦးနှောက်ကို ထွက်စေ၏။ ထိုအခါယင်းအမှားသည် ရုတ်တရက် ပျောက်ပျက်သွားလေ၏။ စင်စစ်အသင်တို့၌ မိမိတို့၏ ကြံဖန်စွပ်စွဲချက်များကြောင့် ပျက်စီးခြင်းသည် ရှိပေမည်။
وَلَهُۥ مَن فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ وَمَنْ عِندَهُۥ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِۦ وَلَا يَسْتَحْسِرُونَ
စင်စစ်သော်ကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိသူအားလုံး တို့သည်ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် ထိုအရှင်မြတ်၏အပါးတော်၌ ရှိနေသူတို့သည်ထိုအရှင်မြတ်အား ခဝပ်ခြင်းမှ မာန်မာနထောင်လွှားကြသည် မဟုတ်ပေ။ မောပန်းကြသည်လည်း မရှိပေ။
يُسَبِّحُونَ ٱلَّيْلَ وَٱلنَّهَارَ لَا يَفْتُرُونَ
ယင်း (အပါးတော်၌ ရှိသူတို့သည်) (ထို အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို နေ့ညဉ့်မပြတ် မြွက်ဆိုဘာဝနာ စီးဖြန်းလျက်ရှိကြကုန်၏။ ရပ်တန့်ကြသည်ဟူ၍လည်း မရှိပေ။
Page 1 of 6 (112 ayahs)