Loading surah...
Back to Burmese Quran
64 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سُورَةٌ أَنزَلْنَٰهَا وَفَرَضْنَٰهَا وَأَنزَلْنَا فِيهَآ ءَايَٰتٍۭ بَيِّنَٰتٍۢ لَّعَلَّكُمْ تَذَكَّرُونَ
(ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရကြအံ့သောငှာ ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။
ٱلزَّانِيَةُ وَٱلزَّانِى فَٱجْلِدُوا۟ كُلَّ وَٰحِدٍۢ مِّنْهُمَا مِا۟ئَةَ جَلْدَةٍۢ ۖ وَلَا تَأْخُذْكُم بِهِمَا رَأْفَةٌۭ فِى دِينِ ٱللَّهِ إِن كُنتُمْ تُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْءَاخِرِ ۖ وَلْيَشْهَدْ عَذَابَهُمَا طَآئِفَةٌۭ مِّنَ ٱلْمُؤْمِنِينَ
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော မိန်းမသည်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော ယောက်ျားသည်လည်းကောင်း၊ အသင်တို့သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးစီကို ကြိမ်ဒဏ် အချက်ပေါင်းတစ်ရာစီ ရိုက်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြလျှင် ၎င်းတို့နှစ်ဦးအပေါ်၌ ကရုဏာသက်ရောက်မှုသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်ကို လိုက်နာဆောင်ရွက်ရာ တွင် ချုပ်တည်းခြင်း အလျှင်းမရှိစေရ။ ထို့ပြင် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ပေးသည်ကို "မုအ်မင်န်" သက်ဝင် ယုံကြည်သူတစ်စုသည် လာရောက် ကြည့်ရှုကြရမည် ဖြစ်သတည်း။
ٱلزَّانِى لَا يَنكِحُ إِلَّا زَانِيَةً أَوْ مُشْرِكَةًۭ وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوْ مُشْرِكٌۭ ۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلْمُؤْمِنِينَ
ကာမေသုမိစ္ဆာစာရကျူးလွန်သော ယောက်ျားသည်ကား ကာမေသုမိစ္ဆာစာရကျူးလွန်သောမိန်းမ သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော မိန်းမအပြင် အခြား(သူတော်စင်အမျိုးသမီးများ)နှင့် ထိမ်းမြားသည်မဟုတ်ပေ။ ထိုနည်းတူစွာ ကာမေသုမိစ္ဆာစာရ ကျူးလွန်သောမိန်းမနှင့်လည်း ကာမေသုမိစ္ဆာစာရ ကျူးလွန်သောယောက်ျား သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော ယောက်ျားနှင့်သာလျှင် ထိမ်းမြားလေသည်။ စင်စစ် ဤ(ကာမေသုမိစ္ဆာစာရကျူးလွန်သော မိန်းမများနှင့်ထိမ်းမြားမှု)သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီး ဖြစ်ချေသတည်း။
وَٱلَّذِينَ يَرْمُونَ ٱلْمُحْصَنَٰتِ ثُمَّ لَمْ يَأْتُوا۟ بِأَرْبَعَةِ شُهَدَآءَ فَٱجْلِدُوهُمْ ثَمَٰنِينَ جَلْدَةًۭ وَلَا تَقْبَلُوا۟ لَهُمْ شَهَٰدَةً أَبَدًۭا ۚ وَأُو۟لَٰٓئِكَ هُمُ ٱلْفَٰسِقُونَ
၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီးများအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသော သူတို့အား အသင်တို့သည် ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်အခါမျှ ၎င်းတို့၏ မည်သို့ သောသက်သေခံချက်ကိုမျှ လက်မခံကြကုန်လင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းကမ်းဖောက်ဖျက်သူများ ဖြစ်ကြကုန်၏။
إِلَّا ٱلَّذِينَ تَابُوا۟ مِنۢ بَعْدِ ذَٰلِكَ وَأَصْلَحُوا۟ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ
သို့ရာတွင် အကြင်သူတို့သည် ထို့နောက် ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်ခဲ့ကြသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَٱلَّذِينَ يَرْمُونَ أَزْوَٰجَهُمْ وَلَمْ يَكُن لَّهُمْ شُهَدَآءُ إِلَّآ أَنفُسُهُمْ فَشَهَٰدَةُ أَحَدِهِمْ أَرْبَعُ شَهَٰدَٰتٍۭ بِٱللَّهِ ۙ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ
ထို့ပြင် မိမိတို့၏ဇနီးကြင်ရာများအား (ကာမေသုမိစ္ဆာစာရမှုကျူးလွန်ပါသည်ဟု) စွပ်စွဲသောသူတို့သည် ၎င်းတို့၌ မိမိတို့အပြင် သက်သေများမရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ မိမိသည် သစ္စာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုရမည်။
وَٱلْخَٰمِسَةُ أَنَّ لَعْنَتَ ٱللَّهِ عَلَيْهِ إِن كَانَ مِنَ ٱلْكَٰذِبِينَ
၎င်းပြင် ပဉ္စမအကြိမ်တွင် အကယ်၍ မိမိသည် မုသာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျိန်ဆဲချက်သည် ကျရောက်ပါစေဟုဆိုရမည်။
وَيَدْرَؤُا۟ عَنْهَا ٱلْعَذَابَ أَن تَشْهَدَ أَرْبَعَ شَهَٰدَٰتٍۭ بِٱللَّهِ ۙ إِنَّهُۥ لَمِنَ ٱلْكَٰذِبِينَ
၎င်းပြင် ထိုဇနီးကြင်ရာသည် အလ္လာဟ်အရှင် မြတ်အားတိုင်တည်၍ ဧကန်မလွဲ ထိုယောက်ျားသည် မုသာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုခြင်းသည် ထိုဇနီးကြင်ရာမှ ပြစ်ဒဏ်တော်ကို ဖယ်ရှားမည်ဖြစ်သည်။
وَٱلْخَٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيْهَآ إِن كَانَ مِنَ ٱلصَّٰدِقِينَ
ထို့ပြင် ပဉ္စမအကြိမ်၌ အကယ်၍ ထိုယောက်ျားသည် သစ္စာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်သည် ကျရောက်ပါစေဟု ထွက်ဆိုရမည်။
وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ
စင်စစ်သော်ကား အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်သည်လည်းကောင်း၊ မရှိခဲ့လျှင် (အမှန်ကိုပေါ်လွင်စေတော်မူခဲ့မည်သာ။) သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား တောင်းပန်ဝန်ခံ ချက်ကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့အား ဝန်ချတောင်းပန်နိုင်ကြရန် အလို့ငှာ အခွင့်အရေးပေးတော်မူခြင်းပင် ဖြစ်ပေသတည်း။
إِنَّ ٱلَّذِينَ جَآءُو بِٱلْإِفْكِ عُصْبَةٌۭ مِّنكُمْ ۚ لَا تَحْسَبُوهُ شَرًّۭا لَّكُم ۖ بَلْ هُوَ خَيْرٌۭ لَّكُمْ ۚ لِكُلِّ ٱمْرِئٍۢ مِّنْهُم مَّا ٱكْتَسَبَ مِنَ ٱلْإِثْمِ ۚ وَٱلَّذِى تَوَلَّىٰ كِبْرَهُۥ مِنْهُمْ لَهُۥ عَذَابٌ عَظِيمٌۭ
ဧကန်အမှန်(ဤ)မုသားစွပ်စွဲချက်ကို ဖြန့်ချီခဲ့သောသူတို့ကား အသင်တို့အနက်မှ အုပ်စု(ကလေး)တစ်ခုပင် ဖြစ်၏။ အသင်တို့သည် မိမိတို့နှင့်ပတ်သက်၍ ယင်းမုသားစွပ်စွဲချက်ကို ဆိုးရွားလှသည်ဟု မယူဆကြကုန်လင့်။ အမှန်စင်စစ်မှာမူကား ယင်းမုသားစွပ်စွဲချက်သည် အသင်တို့နှင့်ပတ်သက်၍ ကောင်းလှပေသည်။ ထိုအုပ်စုအနက် အသီးသီး၌ မိမိရှာဖွေဆည်းပူးခဲ့သော ပြစ်မှုသည်ရှိပေသည်။ ထိုမှတစ်ပါး ယင်းမုသားစွပ်စွဲမှု(ကိုဖြန့်ချီရာ၌) (အများဆုံး တာဝန်ယူ ဆောင်ရွက်ခဲ့သော)သူ၌မူ အလွန်ကြီးလေးလှသော ပြစ်ဒဏ်သည် ရှိပေသတည်း။
لَّوْلَآ إِذْ سَمِعْتُمُوهُ ظَنَّ ٱلْمُؤْمِنُونَ وَٱلْمُؤْمِنَٰتُ بِأَنفُسِهِمْ خَيْرًۭا وَقَالُوا۟ هَٰذَآ إِفْكٌۭ مُّبِينٌۭ
ယင်းမုသားစွပ်စွဲချက်ကို အသင်တို့ကြားသိခဲ့စဉ်က ‘မုအ်မင်န်’ ယောက်ျားတို့သည်လည်းကောင်း၊ ‘မုအ်မင်န်’ မိန်းမတို့သည်လည်းကောင်း၊ မိမိတို့ အချင်းချင်းနှင့်ပက်သက်၍ အဘယ်ကြောင့် ကောင်းမွန်သော ထင်မြင်ချက်ကို မထင်မြင်မ ယူဆခဲ့ကြသနည်း။ ထိုမှတစ်ပါး ထို ‘မုအ်မင်န်’ ယောက်ျား မိန်းမတို့က ဤသည် ထင်ရှားလှစွာသော မုသားစွပ်စွဲချက်ပင် ဖြစ်သည်ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။
لَّوْلَا جَآءُو عَلَيْهِ بِأَرْبَعَةِ شُهَدَآءَ ۚ فَإِذْ لَمْ يَأْتُوا۟ بِٱلشُّهَدَآءِ فَأُو۟لَٰٓئِكَ عِندَ ٱللَّهِ هُمُ ٱلْكَٰذِبُونَ
ထို(မုသားစွပ်စွဲခဲ့ကြသော)လူစုသည် အဘယ်ကြောင့် ယင်းစွပ်စွဲချက်နှင့် စပ်လျဉ်း၍ သက်သေလေးယောက် တင်မပြခဲ့ကြသနည်း။ စင်စစ် ၎င်းတို့သည် သက်သေတင်မပြခဲ့ကြသောကြောင့် ၎င်းတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။
وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ فِى ٱلدُّنْيَا وَٱلْءَاخِرَةِ لَمَسَّكُمْ فِى مَآ أَفَضْتُمْ فِيهِ عَذَابٌ عَظِيمٌ
စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ထိုအရှင်၏ ကရုဏာတော်သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ မရှိခဲ့လျှင် အသင်တို့ နစ်မွန်းလျှက် ရှိခဲ့ကြသောကိစ္စနှင့် စပ်လျဉ်း၍ အသင်တို့၌ အလွန်ကြီးလေးလှစွာသော ပြစ်ဒဏ်သည် အမှန်ပင်သက်ရောက်ခဲ့ပြီး ဖြစ်ချေသည်။
إِذْ تَلَقَّوْنَهُۥ بِأَلْسِنَتِكُمْ وَتَقُولُونَ بِأَفْوَاهِكُم مَّا لَيْسَ لَكُم بِهِۦ عِلْمٌۭ وَتَحْسَبُونَهُۥ هَيِّنًۭا وَهُوَ عِندَ ٱللَّهِ عَظِيمٌۭ
အကြင်အခါ၌ အသင်တို့သည် ယင်းကိစ္စကို မိမိတို့လျှာများဖြင့် လက်ခံပြောဆိုနေခဲ့ကြ၏။ ထို့ပြင် မိမိတို့ အလျှင်းမသိသော အကြောင်းကိစ္စကို မိမိတို့နှုတ်များဖြင့် မြွက်ဆိုနေခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းကိစ္စကို ပေါ့ပေါ့ဆဆ သာမန်ကိစ္စဟု ထင်မှတ်နေကြကုန်၏။ အမှန်စင် စစ်မှာမူကား ယင်းကိစ္စသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန်ကြီးလေးလှသောကိစ္စပင် ဖြစ်ချေသတည်း။
وَلَوْلَآ إِذْ سَمِعْتُمُوهُ قُلْتُم مَّا يَكُونُ لَنَآ أَن نَّتَكَلَّمَ بِهَٰذَا سُبْحَٰنَكَ هَٰذَا بُهْتَٰنٌ عَظِيمٌۭ
၎င်းပြင် အသင်တို့သည် ယင်းမုသားစွပ်စွဲချက်ကို ကြားခဲ့ကြသောအခါ "(အို-အလ္လာဟ်အရှင်မြတ်) အရှင်မြတ် သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်ုပ်တို့သည် ဤသည်ကို (မိမိတို့နှုတ်ဖြင့်) ပြောဆိုကြရန် အလျှင်းမထိုက်။ ဤသည် ကြီးကျယ်လှစွာသော သွားပုပ်လေလွင့် မတရားပြောဆိုချက်မျှသာဖြစ်ပေသည်" ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။
يَعِظُكُمُ ٱللَّهُ أَن تَعُودُوا۟ لِمِثْلِهِۦٓ أَبَدًا إِن كُنتُم مُّؤْمِنِينَ
အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြပါလျှင် အသင်တို့သည် ယင်းကဲ့သို့သော အပြုအမူမျိုးကို နောက်ထပ်၍ မပြုရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမတော် မူလေသည်။
وَيُبَيِّنُ ٱللَّهُ لَكُمُ ٱلْءَايَٰتِ ۚ وَٱللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို ရှင်းလင်းစွာ မိန့်ကြားတော်မူပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّ ٱلَّذِينَ يُحِبُّونَ أَن تَشِيعَ ٱلْفَٰحِشَةُ فِى ٱلَّذِينَ ءَامَنُوا۟ لَهُمْ عَذَابٌ أَلِيمٌۭ فِى ٱلدُّنْيَا وَٱلْءَاخِرَةِ ۚ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
ဧကန်စင်စစ် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော သူတို့တွင် မဖွယ်မရာ ညစ်ညမ်းသောစကားပျံ့ပွားခြင်းကို နှစ်သက်လိုလားသောသူတို့၌ (ဤ) မျက်မှောက်လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင်လည်းကောင်း၊ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်သည်ရှိပေမည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သိရှိတော်မူ၏။ အသင်တို့မူကား မသိနားမလည်ကြချေ။
وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ وَأَنَّ ٱللَّهَ رَءُوفٌۭ رَّحِيمٌۭ
စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ထိုအရှင်မြတ်၏ကရုဏာတော်မရှိခဲ့မူ(အမှန်ပင် အသင်တို့၌ ပြစ်ဒဏ်ကို အဆောတလျင် သက်ရောက်စေတော်မူခဲ့ပေမည်)။ သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ သနားကြင် နာတော်မူထသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူထသောအရှင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ပေရာ အသင်တို့အား တောင်းပန် ဝန်ချနိုင်ရန် အခြေအနေကို ဖန်တီး၍ ပေးသနားတော်မူခဲ့ပေသည်။)
Page 1 of 4 (64 ayahs)