Loading surah...
Back to Burmese Quran
77 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ تَبَارَكَ ٱلَّذِى نَزَّلَ ٱلْفُرْقَانَ عَلَىٰ عَبْدِهِۦ لِيَكُونَ لِلْعَٰلَمِينَ نَذِيرًا
အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို မိမိ၏ကျွန်အပေါ်၀ယ် ချပေးသနားတော်မူခဲ့သော အရှင်မြတ်သည် ကောင်းချီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါပေသည်။ သို့ချပေးသနားတော်မူခြင်းမှာ ထိုကျွန်(ဝါ)တမန်တော်မုဟမ္မဒ်)သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ ချပေးသနားတော်မူခြင်းပင် ဖြစ်ပေသည်။ (တစ်နည်း) မိမိကျွန်၏ အပေါ်ဝယ် ထိုကျွန်သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို ချပေးသနားတော်မူသော အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါပေသည်။
ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَلَمْ يَتَّخِذْ وَلَدًۭا وَلَمْ يَكُن لَّهُۥ شَرِيكٌۭ فِى ٱلْمُلْكِ وَخَلَقَ كُلَّ شَىْءٍۢ فَقَدَّرَهُۥ تَقْدِيرًۭا
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။
وَٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةًۭ لَّا يَخْلُقُونَ شَيْـًۭٔا وَهُمْ يُخْلَقُونَ وَلَا يَمْلِكُونَ لِأَنفُسِهِمْ ضَرًّۭا وَلَا نَفْعًۭا وَلَا يَمْلِكُونَ مَوْتًۭا وَلَا حَيَوٰةًۭ وَلَا نُشُورًۭا
သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်းခံကြရလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပက်သက်၍ပင် မည်သည့် အကျိုးယုတ်စေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်၊ မည်သည့် အကျိုးဖြစ်ထွန်းစေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး (တစ်စုံတစ်ယောက်အား) အသက်သေဆုံးခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) အသက်ရှင်စေခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) ရှင်ပြန်ထစေခြင်းကိုလည်းကောင်း၊ အလျှင်း ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေတကား။
وَقَالَ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَٰذَآ إِلَّآ إِفْكٌ ٱفْتَرَىٰهُ وَأَعَانَهُۥ عَلَيْهِ قَوْمٌ ءَاخَرُونَ ۖ فَقَدْ جَآءُو ظُلْمًۭا وَزُورًۭا
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့က ဤ "ကုရ်အာန်ကျမ်းတော်မြတ်" သည် ဤသူ (တမန်တော်မြတ်) လီဆယ်ဖန်တီးထားသော မုသားသက်သက်ပင်ဖြစ်သည်။ ဤကိစ္စ၌ ၎င်းအား အခြားအမျိုးသားများကလည်း ကူညီရိုင်းပင်းခဲ့ကြသည်ဟု ပြောဆိုကြလေသည်။ (ယင်းသို့ ပြောဆို၍) ထိုကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြီးအကျယ် မတရားမှုကိုလည်းကောင်း၊ အကြီးအကျယ် မုသား စကားကိုလည်းကောင်း၊ ကျူးလွန်ခဲ့ကြလေပြီ။
وَقَالُوٓا۟ أَسَٰطِيرُ ٱلْأَوَّلِينَ ٱكْتَتَبَهَا فَهِىَ تُمْلَىٰ عَلَيْهِ بُكْرَةًۭ وَأَصِيلًۭا
၎င်းပြင် ထိုကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က"(ဤကုရ်အာန်ကျမ်းမြတ်သည်)ဤသူ ရေးမှတ်စေခဲ့သော ရှေးသူဟောင်းတို့၏ အခြေအမြစ် မရှိသောပုံပြင်များသာ ဖြစ်သည်။ တစ်ဖန် ထိုအခြေအမြစ်မရှိသော၊ ပုံပြင်များကို ဤသူ၏ရှေ့ဝယ် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း ဖတ်ကြားရလေသည်" ဟု ပြောဆိုကြကုန်၏။
قُلْ أَنزَلَهُ ٱلَّذِى يَعْلَمُ ٱلسِّرَّ فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ إِنَّهُۥ كَانَ غَفُورًۭا رَّحِيمًۭا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ဤ(ကုရ်အာန် ကျမ်းတော်)ကို မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို သိရှိတော်မူသော အရှင်မြတ်က ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَقَالُوا۟ مَالِ هَٰذَا ٱلرَّسُولِ يَأْكُلُ ٱلطَّعَامَ وَيَمْشِى فِى ٱلْأَسْوَاقِ ۙ لَوْلَآ أُنزِلَ إِلَيْهِ مَلَكٌۭ فَيَكُونَ مَعَهُۥ نَذِيرًا
ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။
أَوْ يُلْقَىٰٓ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُۥ جَنَّةٌۭ يَأْكُلُ مِنْهَا ۚ وَقَالَ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًۭا مَّسْحُورًا
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။
ٱنظُرْ كَيْفَ ضَرَبُوا۟ لَكَ ٱلْأَمْثَٰلَ فَضَلُّوا۟ فَلَا يَسْتَطِيعُونَ سَبِيلًۭا
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပက်သက်၍ မည်ကဲ့သို့သော ဥပမာပုံဆောင်ချက်များ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည်မည်သည့် (ထွက်) လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည် မဟုတ်ပေတကား။
تَبَارَكَ ٱلَّذِىٓ إِن شَآءَ جَعَلَ لَكَ خَيْرًۭا مِّن ذَٰلِكَ جَنَّٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ وَيَجْعَل لَّكَ قُصُورًۢا
အကြင်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပေသည်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင့်အား ထို့ထက်ပင်ပို၍ ကောင်းမွန်သော အကြင်ဥယျာဉ်များကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိချေ မည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား ခမ်းနားသိုက်မြိုက်သော အဆောက်အအုံများကိုလည်း ချီးမြှင့်ပေးသနား တော်မူပေမည်။
بَلْ كَذَّبُوا۟ بِٱلسَّاعَةِ ۖ وَأَعْتَدْنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا
ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့ သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူ၏အဖို့ မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူပြီး ဖြစ်သည်။
إِذَا رَأَتْهُم مِّن مَّكَانٍۭ بَعِيدٍۢ سَمِعُوا۟ لَهَا تَغَيُّظًۭا وَزَفِيرًۭا
ယင်း မီးတောက်မီးလျှံသည် ထိုသူတို့အား အဝေးမှ မြင်လေသောအခါ၊ ထိုသူတို့သည် ယင်းမီးတောက်မီးလျှံ၏ ဆူညံခြင်းနှင့် အမျက်ဒေါသ ထွက်ခြင်းကိုလည်းကောင်း၊ မြည်ဟိန်းခြင်းကိုလည်းကောင်း၊ ကြားကြရပေမည်။
وَإِذَآ أُلْقُوا۟ مِنْهَا مَكَانًۭا ضَيِّقًۭا مُّقَرَّنِينَ دَعَوْا۟ هُنَالِكَ ثُبُورًۭا
ထို့ပြင် ၎င်းတို့သည် ယင်းငရဲ၌ ကျဉ်းမြောင်းသော နေရာတစ်ခုခုတွင် (သံကြိုးများဖြင့်) ခြေလက်တုပ်နှောင်လျက် ပစ်ချခြင်းခံကြရသောအခါ ၎င်းတို့သည် ထိုနေရာ၌ ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ကြပေမည်။
لَّا تَدْعُوا۟ ٱلْيَوْمَ ثُبُورًۭا وَٰحِدًۭا وَٱدْعُوا۟ ثُبُورًۭا كَثِيرًۭا
(ထိုအခါ ၎င်းတို့သည် ဤသို့ပြောကြားခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယနေ့ တစ်ခုတည်းသော ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ခြင်း မပြုကြကုန် လင့်။ မြောက်မြားစွာသော ပျက်စီးခြင်း (မရဏသေခြင်းတရား) များကို ဟစ်ခေါ်ကြလေကုန်။
قُلْ أَذَٰلِكَ خَيْرٌ أَمْ جَنَّةُ ٱلْخُلْدِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۚ كَانَتْ لَهُمْ جَزَآءًۭ وَمَصِيرًۭا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ဤ (ဒုက္ခ)သည် ကောင်းလေသလော၊ သို့တည်းမဟုတ် "မွတ္တကီ" သူတော်စင်များ ကတိပေးခြင်းခံကြရသော အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည့် "ဂျန္နတ်" သုခသည် ကောင်းမြတ်လေသလော။ ယင်း ဂျန္နတ် သုခသည် ထိုမွတ္တကီသူတော်စင်တို့အဖို့ အကျိုးလည်းဖြစ် သည်။ နောက်ဆုံး ပြန်လည်ရာဌာနလည်း ဖြစ်ပေသည်။
لَّهُمْ فِيهَا مَا يَشَآءُونَ خَٰلِدِينَ ۚ كَانَ عَلَىٰ رَبِّكَ وَعْدًۭا مَّسْـُٔولًۭا
၎င်းတို့သည် ယင်း"ဂျန္နတ်" သုခတွင် မိမိတို့ အလိုရှိကြသည်များကို ရရှိကြပေမည်။ ၎င်းတို့သည် ယင်း(ဂျန္နတ် သုခ) ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းသူများ ဖြစ်ကြပေမည်။ (ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ (ကျေးဇူးတော် အလျောက်) လျှောက်ထားအပ်သော ကတိပင် ဖြစ်ပေသတည်း။
وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمْ أَضْلَلْتُمْ عِبَادِى هَٰٓؤُلَآءِ أَمْ هُمْ ضَلُّوا۟ ٱلسَّبِيلَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ထိုသူတို့သူတို့ အားလည်းကောင်း၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် ကိုးကွယ်ကြသောသူတို့အား လည်းကောင်း၊ စုရုံးတော်မူပြီးလျှင် "အသင်တို့သည်ပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် လမ်းလွဲခဲ့ကြလေသလော"ဟု မေးမြန်း တော်မူပေမည်။
قَالُوا۟ سُبْحَٰنَكَ مَا كَانَ يَنۢبَغِى لَنَآ أَن نَّتَّخِذَ مِن دُونِكَ مِنْ أَوْلِيَآءَ وَلَٰكِن مَّتَّعْتَهُمْ وَءَابَآءَهُمْ حَتَّىٰ نَسُوا۟ ٱلذِّكْرَ وَكَانُوا۟ قَوْمًۢا بُورًۭا
(ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။
فَقَدْ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًۭا وَلَا نَصْرًۭا ۚ وَمَن يَظْلِم مِّنكُمْ نُذِقْهُ عَذَابًۭا كَبِيرًۭا
ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။
وَمَآ أَرْسَلْنَا قَبْلَكَ مِنَ ٱلْمُرْسَلِينَ إِلَّآ إِنَّهُمْ لَيَأْكُلُونَ ٱلطَّعَامَ وَيَمْشُونَ فِى ٱلْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍۢ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًۭا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Page 1 of 4 (77 ayahs)