Loading surah...
Back to Burmese Quran
227 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ طسٓمٓ
သွာ၊ စီမ်၊ မီမ်။
تِلْكَ ءَايَٰتُ ٱلْكِتَٰبِ ٱلْمُبِينِ
ဤသည် ထင်ရှားလှစွာသောကျမ်းဂန်၏ (အာယတ်) တော်များပင်။
لَعَلَّكَ بَٰخِعٌۭ نَّفْسَكَ أَلَّا يَكُونُوا۟ مُؤْمِنِينَ
(အို-နဗီတမန်တော်၊)၎င်း(မက္ကာမြို့သား)တို့သည် သက်ဝင်ယုံကြည်ခြင်း မရှိကြသောကြောင့် အသင်သည် မိမိကိုယ်ကို သတ်သေချင်လုမတတ် ဖြစ်နေဘိ၏။
إِن نَّشَأْ نُنَزِّلْ عَلَيْهِم مِّنَ ٱلسَّمَآءِ ءَايَةًۭ فَظَلَّتْ أَعْنَٰقُهُمْ لَهَا خَٰضِعِينَ
အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် မိုးကောင်းကင်မှ သက်သေလက္ခဏာတော် တစ်ပါးကို ၎င်းတို့အပေါ်၌ ချပေးတော်မူမည်။ ထိုအခါ ၎င်းတို့၏ လည်တိုင်များသည် ယင်းသက်သေလက္ခဏာ၏ ရှေ့မှောက်ဝယ် ကိုင်းညွှတ်ရိုကျိုး လာကြပေမည်။
وَمَا يَأْتِيهِم مِّن ذِكْرٍۢ مِّنَ ٱلرَّحْمَٰنِ مُحْدَثٍ إِلَّا كَانُوا۟ عَنْهُ مُعْرِضِينَ
စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ အထံတော်မှ မည်သည့် သစ်လွင်သော ဆုံးမဩဝါဒမဆို ၎င်းတို့ထံ ရောက်ရှိလာပါလျှင် ၎င်းတို့သည် ယင်းဆုံးမဩဝါဒဘက်မှ မျက်နှာလွှဲ၍ နေလေ့ရှိကြသည်သာ။
فَقَدْ كَذَّبُوا۟ فَسَيَأْتِيهِمْ أَنۢبَٰٓؤُا۟ مَا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
ယခုသော် ၎င်းတို့သည် (ယင်းဆုံးမဩဝါဒကို)မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့ ပြက်ရယ်သမှုပြုလျက် ရှိခဲ့ကြသောအရာ၏ အဖြစ်မှန်သည် မကြာမြင့်မီပင် ၎င်းတို့ထံ ရောက်ရှိလာပေမည်။
أَوَلَمْ يَرَوْا۟ إِلَى ٱلْأَرْضِ كَمْ أَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۢ كَرِيمٍ
၎င်းတို့သည် ပထဝီမြေကို မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ တင့်တယ် ကောင်းမြတ်လှစွာသော(သစ်ဥ၊ သစ်ပွင့်၊ သစ်သီးအစရှိသော) အမျိုးအစားတိုင်းမှ အဘယ်မျှလောက် များပြားစွာ ပေါက်ရောက်စေတော်မူခဲ့ပါသနည်း။
إِنَّ فِى ذَٰلِكَ لَءَايَةًۭ ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ
ဧကန်စင်စစ် ဤသည်၌ ကြီးကျယ်လှစွာသော သက်သေလက္ခဏာတစ်ရပ်ရှိပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည် ကြသည်မဟုတ်ပေ။
وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَإِذْ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئْتِ ٱلْقَوْمَ ٱلظَّٰلِمِينَ
ထိုမှတစ်ပါး တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မူစာအား အသင်သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)နှိပ်စက်ညှဉ်းပန်းသူတို့ထံ သွားပါလေဟု(မိန့်ကြား)တော်မူခဲ့၏။
قَوْمَ فِرْعَوْنَ ۚ أَلَا يَتَّقُونَ
(မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ညှဉ်းပန်းသူများကား) ဖစ်ရ်အောင်န်၏ အမျိုးသားပင်တည်း။ ၎င်းတို့သည် မကြောက်ရွံ့ကြလေသလော။
قَالَ رَبِّ إِنِّىٓ أَخَافُ أَن يُكَذِّبُونِ
(ထိုအခါ) ထိုမူစာသည်(ဤသို့)လျှောက်ထားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့က ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။
وَيَضِيقُ صَدْرِى وَلَا يَنطَلِقُ لِسَانِى فَأَرْسِلْ إِلَىٰ هَٰرُونَ
၎င်းပြင် ကျွန်တော်မျိုးသည် စိတ်ကျဉ်းကျပ်သည့်ပြင် ကျွန်တော်မျိုး၏လျှာမှာလည်း သွက်လက်ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်(ကျွန်တော်မျိုး၏နောင်တော်) ဟာရူန်၏ထံသို့လည်း(ဝဟ်ယ်)အမိန့် တော်ပို့သတော်မူပါ။
وَلَهُمْ عَلَىَّ ذَنۢبٌۭ فَأَخَافُ أَن يَقْتُلُونِ
ထိုမှတစ်ပါး ၎င်းတို့နှင့်ပက်သက်၍ ကျွန်တော်မျိုး၏အပေါ်၌ အပြစ်တစ်ခုလည်းရှိနေပါသဖြင့် ၎င်းတို့ သည်ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကိုလည်း ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
قَالَ كَلَّا ۖ فَٱذْهَبَا بِـَٔايَٰتِنَآ ۖ إِنَّا مَعَكُم مُّسْتَمِعُونَ
ထိုအရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ (အို-မူစာ၊ ၎င်းတို့သည် အသင့်အား) အလျှင်း (သတ်ဖြတ်နိုင်ကြမည်) မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့ (ညီနောင်)နှစ်ဦးသည် ငါအရှင်မြတ်၏ အမိန့်တော်များနှင့်တကွ သွားကြလေကုန်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ(အသင်တို့နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို)နားထောင်လျက်ပင် ရှိတော်မူပေမည်။
فَأْتِيَا فِرْعَوْنَ فَقُولَآ إِنَّا رَسُولُ رَبِّ ٱلْعَٰلَمِينَ
သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ဖစ်ရ်အောင်န်၏ထံသို့သွား၍ (ဤသို့)ပြောဆိုကြလေကုန်။ ဧကန်စင်စစ် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင် စေလွှတ်တော်မူသည့် ရစူလ်တမန်တော်(များ)ပင် ဖြစ်ကြသည်။
أَنْ أَرْسِلْ مَعَنَا بَنِىٓ إِسْرَٰٓءِيلَ
အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါတို့နှင့်အတူ သွားခွင့်ပြုပါလေ။
قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًۭا وَلَبِثْتَ فِينَا مِنْ عُمُرِكَ سِنِينَ
ထိုဖစ်ရ်အောင်န်က (ဤသို့) ပြောဆိုခဲ့လေ၏။ (အို-မူစာ၊) ကျွန်ုပ်တို့သည် အသင့်အား ကလေးဘဝ၌ မိမိတို့ထံ ကျွေးမွေးစောင့်ရှောက်ခဲ့သည် မဟုတ်လော။ ၎င်းပြင် သင်သည် မိမိသက်တမ်းမှ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ထံတွင် နေထိုင်ခဲ့သည် မဟုတ်လော။
وَفَعَلْتَ فَعْلَتَكَ ٱلَّتِى فَعَلْتَ وَأَنتَ مِنَ ٱلْكَٰفِرِينَ
ထိုမှတစ်ပါး အသင်သည် မိမိပြုခဲ့သောပြစ်မှုကိုလည်း ကျူးလွန်ခဲ့သည် မဟုတ်လော။ စင်စစ် အသင်သည် ကျေးဇူးမသိတတ်သူ တစ်ဦးပင် ဖြစ်ပေသည်။
قَالَ فَعَلْتُهَآ إِذًۭا وَأَنَا۠ مِنَ ٱلضَّآلِّينَ
ထို(မူစာ)က (ဤသို့)ပြောဆိုဖြေကြားခဲ့၏။ ငါသည် ယင်းအပြုအမူကို မဆင်ခြင် မသိတတ်သောအခါ၌ မေ့မှား ပြုမိခဲ့ပေသည်။
Page 1 of 12 (227 ayahs)