Loading surah...
Back to Burmese Quran
88 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ طسٓمٓ
သွာ၊ စီန်၊ မီမ်။
تِلْكَ ءَايَٰتُ ٱلْكِتَٰبِ ٱلْمُبِينِ
ဤသည် ထင်ရှားလှစွာသောကျမ်းဂန်၏ အာယတ်တော်များပင်။
نَتْلُوا۟ عَلَيْكَ مِن نَّبَإِ مُوسَىٰ وَفِرْعَوْنَ بِٱلْحَقِّ لِقَوْمٍۢ يُؤْمِنُونَ
ငါအရှင်မြတ်သည်"မုအ်မင်န်"သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့အကျိုးငှာ မူစာနှင့်ဖစ်ရ်အောင်န်၏ အတ္ထုပ္ပတ္တိအချို့ကို အသင်၏ရှေ့ဝယ် တိကျမှန်ကန်စွာ ဖတ်ကြားတော်မူ၏။
إِنَّ فِرْعَوْنَ عَلَا فِى ٱلْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًۭا يَسْتَضْعِفُ طَآئِفَةًۭ مِّنْهُمْ يُذَبِّحُ أَبْنَآءَهُمْ وَيَسْتَحْىِۦ نِسَآءَهُمْ ۚ إِنَّهُۥ كَانَ مِنَ ٱلْمُفْسِدِينَ
ဧကန်မလွဲ ဖစ်ရ်အောင်န်သည် တိုင်းပြည်တွင် လွန်စွာမောက်မာလာလေပြီ။ ထို့ပြင် ၎င်းသည် ထိုတိုင်းသူပြည်သားတို့အား အုပ်စုအသီးသီး(ဖြစ်အောင်) ပြုလုပ်၍ထားသည်။ ၎င်းသည် ထိုအုပ်စုများအနက် အုပ်စုတစ်ခုကို အားအင်လျော့နည်းပါးအောင် ပြုလုပ်ထားသည်။ ၎င်းတို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်၍၊ ၎င်းတို့၏(သမီး) မိန်းကလေးများကိုမူကား သတ်ဖြတ်ခြင်းမပြုဘဲ အသက်နှင့်ထားသည်။ ဧကန်စင်စစ် ထိုဖစ်ရ်အောင်န်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတစ်ဦးပင်။
وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسْتُضْعِفُوا۟ فِى ٱلْأَرْضِ وَنَجْعَلَهُمْ أَئِمَّةًۭ وَنَجْعَلَهُمُ ٱلْوَٰرِثِينَ
သို့ရာတွင် ငါအရှင်မြတ်သည် တိုင်းပြည်တွင် အားအင်လျော့နည်းအောင် ပြုလုပ်ခြင်းခံခဲ့ကြရသူတို့အား ကျေးဇူးပြုတော်မူရန်လည်းကောင်း၊ ထိုသူတို့အား ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်တော်မူရန်လည်းကောင်း၊ ထိုသူတို့အား အမွေစားအမွေခံများ ပြုလုပ်တော်မူရန်လည်းကောင်း၊ အလိုရှိတော်မူ၏။
وَنُمَكِّنَ لَهُمْ فِى ٱلْأَرْضِ وَنُرِىَ فِرْعَوْنَ وَهَٰمَٰنَ وَجُنُودَهُمَا مِنْهُم مَّا كَانُوا۟ يَحْذَرُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ကမ္ဘာမြေဝယ် စိုးမိုးအုပ်ချုပ်သူများ ပြုတော်မူရန်လည်းကောင်း၊ ဖစ်ရ်အောင်န်-ဟာမာန်နှင့် ထိုဖစ်ရ်အောင်န်-ဟာမာန်နှစ်ဦး၏ ရဲမက်တို့အား ထို(အားအင်လျော့နည်းပါးသူတို့ဘက်မှ စိုးရိမ်လျက်ရှိကြသည်များကို (မျက်ဝါးထင်ထင်)ပြသတော်မူရန်လည်းကောင်း အလိုရှိတော်မူပေသတည်း)။
وَأَوْحَيْنَآ إِلَىٰٓ أُمِّ مُوسَىٰٓ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِى ٱلْيَمِّ وَلَا تَخَافِى وَلَا تَحْزَنِىٓ ۖ إِنَّا رَآدُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ ٱلْمُرْسَلِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာ၏မိခင်ထံသို့ (ဤသို့) အသိပေးတော်မူခဲ့၏။ အသင်သည် ထိုမူစာအား နို့ရည်တိုက်ကျွေးလော့။ ထို့နောက် အသင်သည် ထိုမူစာနှင့်ပက်သက်၍ စိုးရိမ်သောအခါ ၎င်းအား မြစ်ထဲသို့ပစ်လေလော့။ထို့ပြင် အသင်သည် စိုးရိမ်ခြင်းလည်း မရှိလေနှင့်။ ပူဆွေးခြင်းလည်း မရှိလေနှင့်။ ဧကန်အမှန် ငါအရှင်မြတ်သည် ထိုမူစာအား အသင့်ထံသို့ ပြန်ပို့ပေးတော်မူမည့်အရှင် ထိုမှတစ်ပါး ထိုမူစာအား ရစူလ်တမန်တော်များတွင် တစ်ပါးအပါအဝင် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူ၏။
فَٱلْتَقَطَهُۥٓ ءَالُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّۭا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَٰمَٰنَ وَجُنُودَهُمَا كَانُوا۟ خَٰطِـِٔينَ
ထို့နောက် ဖစ်ရ်အောင်န်၏ အိမ်သူအိမ်သားတို့သည် ထိုမူစာအား နောက်ဆုံးတွင် ထိုမူစာသည် မိမိတို့၏ရန်သူဖြစ်ရန်နှင့် (မိမိတို့အား) ပူဆွေးစေအံ့သောသူဖြစ်ရန် ကောက်ယူခဲ့ကြကုန်၏။ ဧကန်စင်စစ် ဖစ်ရ်အောင်န်သည်လည်းကောင်း၊ ဟာမာန်သည်လည်းကောင်း၊ ထိုဖစ်ရ်အောင်န်နှင့် ဟာမာန်၏ရဲမက်တို့သည်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။
وَقَالَتِ ٱمْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍۢ لِّى وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰٓ أَن يَنفَعَنَآ أَوْ نَتَّخِذَهُۥ وَلَدًۭا وَهُمْ لَا يَشْعُرُونَ
ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား ၎င်းတို့သည် (မိမိတို့မှာ ထိုသူငယ်လက်ချက်နှင့် ပျက်စီးကြရမည်ကို) မသိကြချေ။
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَٰرِغًا ۖ إِن كَادَتْ لَتُبْدِى بِهِۦ لَوْلَآ أَن رَّبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ ٱلْمُؤْمِنِينَ
ထိုမှတစ်ပါး မူစာ၏မိခင်စိတ်နှလုံးမှာ (လွန်စွာ)ဟာသွားခဲ့လေရာ (တုန်လှုပ်ချောက်ချား ထိတ်ထိတ် ပျာပျာဖြစ်သွားခဲ့ရာ) အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေအံ့သောငှာ ၎င်း၏စိတ်နှလုံးကို ခိုင်မြဲစေတော်မမူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းသည် ထိုမူစာ၏အကြောင်းကို ထုတ်ဖော် (ပြောဆို)အံ့ဆဲဆဲပင် ဖြစ်သွားခဲ့ပေသည်။
وَقَالَتْ لِأُخْتِهِۦ قُصِّيهِ ۖ فَبَصُرَتْ بِهِۦ عَن جُنُبٍۢ وَهُمْ لَا يَشْعُرُونَ
၎င်းပြင် ထို(မူစာ၏)မိခင်သည် ထိုမူစာ၏အစ်မအား အသင်သည် ၎င်းမူစာ၏နောက်သို့ လိုက်၍သွားလေဟုပြောဆိုခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏)အစ်မသည် ၎င်းမူစာအား အဝေးမှ(စောင့်၍)ကြည့်နေခဲ့လေ၏။ သို့ရာတွင်၎င်း(ဖစ်ရ်အောင်န်၏အိမ်သူအိမ်သား)တို့သည် (ထိုမူစာ၏အစ်မအား မူစာ၏အစ်မဖြစ်သည်ဟူ၍) မသိကြပေ။
۞ وَحَرَّمْنَا عَلَيْهِ ٱلْمَرَاضِعَ مِن قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰٓ أَهْلِ بَيْتٍۢ يَكْفُلُونَهُۥ لَكُمْ وَهُمْ لَهُۥ نَٰصِحُونَ
စင်စစ် ငါအရှင်မြတ်သည် မူလကပင် ထိုမူစာ၏အပေါ်၌ နို့ထိန်းသည်တို့၏နို့ရည်ကို (မစို့ရန်) တားမြစ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏) အစ်မက ကျွန်ုပ်သည် အသင်တို့အား ထိုကလေးသူငယ်ကို အသင်တို့အဖို့ မွေးမြူစောင့်ရှောက်၍ ပေးကြမည့်ပြင်၊ ထိုကလေးသူငယ်၏ ကောင်းကျိုးကို လိုလားသူများဖြစ်ကြသော အိမ်ထောင်သားချင်းတို့ကို ညွှန်ပြရပါမည်လောဟု ဆိုခဲ့လေ၏။
فَرَدَدْنَٰهُ إِلَىٰٓ أُمِّهِۦ كَىْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ ٱللَّهِ حَقٌّۭ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထို့နောက် ထိုမိခင်၏မျက်စိ အေးမြကြည်လင်စေရန်လည်းကောင်း၊ ထိုမိခင် ပူဆွေးမနေရန်လည်းကောင်း၊ အမှန်မုချ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သည်ကို ထိုမိခင်(လက်တွေ့)သိရှိရန်လည်းကောင်း၊ ငါအရှင်မြတ်သည် (မိမိထားရှိတော်မူသော ကတိတော်အတိုင်း) ထိုသားငယ်အား ၎င်း၏ မိခင်ထံ ပြန်ပို့ပေးတော်မူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် များစွာသောသူများသည် မသိကြပေ။
وَلَمَّا بَلَغَ أَشُدَّهُۥ وَٱسْتَوَىٰٓ ءَاتَيْنَٰهُ حُكْمًۭا وَعِلْمًۭا ۚ وَكَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
တစ်ဖန် ထိုမူစာသည် မိမိလူလားမြောက်သော အရွယ်သို့ရောက်ရှိပြီး (အသိဉာဏ်) ရင့်သန်လာသောအခါ၊ ငါအရှင်မြတ်သည် ထိုမူစာအား ဉာဏ် အမြော်အမြင်ကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးတော်မူသည်။
وَدَخَلَ ٱلْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍۢ مِّنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِن شِيعَتِهِۦ وَهَٰذَا مِنْ عَدُوِّهِۦ ۖ فَٱسْتَغَٰثَهُ ٱلَّذِى مِن شِيعَتِهِۦ عَلَى ٱلَّذِى مِنْ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ ٱلشَّيْطَٰنِ ۖ إِنَّهُۥ عَدُوٌّۭ مُّضِلٌّۭ مُّبِينٌۭ
၎င်းပြင် ထိုမူစာသည် (အရွယ်ရောက်ပြီး နောက်တစ်နေ့သ၌) မြို့တွင်းသို့ ထိုမြို့သူမြို့သားတို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန် ဝင်ရောက်ခဲ့ရာ ယင်းမြို့တွင်း၌ စကားများရန်ဖြစ်နေကြသော လူနှစ်ယောက်အား တွေ့ရှိခဲ့ပေသည်။ (ထိုနှစ်ယောက်အနက်) ဤသူတစ်ယောက်မှာ ထိုမူစာ၏အုပ်စုထဲမှဖြစ်ပြီး၊ အခြားတစ်ယောက်မှာကား ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်ခဲ့ပေသည်။ သို့ဖြစ်ပေရာ ထိုမူစာ၏အုပ်စုမှဖြစ်သောသူက ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်သောသူနှင့်ဆန့်ကျင်၍ အပူတပြင်း အကူအညီတောင်းခံခဲ့လေသည်။ ထိုအခါ မူစာသည် ၎င်းရန်သူအုပ်စုမှ ဖြစ်သောသူအား လက်သီးဖြင့်ထိုးပြီး ၎င်းအား အဆုံးစီရင်လိုက်လေသည်။ ထိုမူစာက ဤသည် ရှိုင်တွာန်မိစ္ဆာ အပြုအမူပင်ဖြစ်သည်။ ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်မှာ ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။
قَالَ رَبِّ إِنِّى ظَلَمْتُ نَفْسِى فَٱغْفِرْ لِى فَغَفَرَ لَهُۥٓ ۚ إِنَّهُۥ هُوَ ٱلْغَفُورُ ٱلرَّحِيمُ
ထိုမူစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်တွင်) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိကိုယ်ကို မိမိနှိပ်စက်မိပါပြီ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါဟု လျှောက်ထားပန်ကြားခဲ့ရာ ထိုအရှင်မြတ်သည် ၎င်းအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့ပေသည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင်လျှင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အလွန်တရာ ကြင်နာသနား ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
قَالَ رَبِّ بِمَآ أَنْعَمْتَ عَلَىَّ فَلَنْ أَكُونَ ظَهِيرًۭا لِّلْمُجْرِمِينَ
(ထိုအခါ) ထိုမူစာသည် အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့သည်ဖြစ်ရကား၊ ကျွန်တော်မျိုးသည်လည်း (နောင်တွင်) အပြစ်ရှိသူတို့အား မည်သည့်အခါမျှ အကူအညီပေးသူဖြစ်တော့မည် မဟုတ်ပါဟူ၍ လျှောက်ထားခဲ့ပေသတည်း။
فَأَصْبَحَ فِى ٱلْمَدِينَةِ خَآئِفًۭا يَتَرَقَّبُ فَإِذَا ٱلَّذِى ٱسْتَنصَرَهُۥ بِٱلْأَمْسِ يَسْتَصْرِخُهُۥ ۚ قَالَ لَهُۥ مُوسَىٰٓ إِنَّكَ لَغَوِىٌّۭ مُّبِينٌۭ
တစ်ဖန် (ထို)မူစာသည် မြို့ထဲတွင် ကြောက်ရွံ့စိုးရိမ်စွာ စောင့်မျှော်လျက် နံနက်မိုးလင်းခဲ့ရာ ရုတ်တရက် ယမန်နေ့က မိမိထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့တစ်ဖန် ထပ်မံ၍) မိမိအား ဟစ်ခေါ်နေပြန်၏။ ထိုမူစာက ၎င်းအား ဧကန်အမှန် အသင်သည် ထင်ရှားစွာသော လမ်းလွဲသူတစ်ဦးပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။
فَلَمَّآ أَنْ أَرَادَ أَن يَبْطِشَ بِٱلَّذِى هُوَ عَدُوٌّۭ لَّهُمَا قَالَ يَٰمُوسَىٰٓ أَتُرِيدُ أَن تَقْتُلَنِى كَمَا قَتَلْتَ نَفْسًۢا بِٱلْأَمْسِ ۖ إِن تُرِيدُ إِلَّآ أَن تَكُونَ جَبَّارًۭا فِى ٱلْأَرْضِ وَمَا تُرِيدُ أَن تَكُونَ مِنَ ٱلْمُصْلِحِينَ
တစ်ဖန် ထိုမူစာသည် မိမိတို့နှစ်ဦးလုံး၏ ရန်သူဖြစ်သောသူ(ကစ်ဗ်တွီ)အား လက်ရောက်ပြုရန် ကြံရွယ်ခဲ့လေရာ ထို(မိမိအုပ်စုထဲမှဖြစ်သော)သူက အို-မူစာ၊ အသင်သည် ယမန်နေ့က လူတစ်ယောက်အားသတ်ဖြတ်ဘိသကဲ့သို့ (ယခုမူ)ကျွန်ုပ်အား သတ်ဖြတ်လိုသလော။ အသင်သည် တိုင်းပြည်တွင် ရက်စက်စွာ စိုးမိုးအုပ်ချုပ်လိုသူ ဖြစ်ရန်သာလျှင်အလိုရှိပေသည်။ အသင်သည် စေ့စပ်၍ပေးသူမဟုတ်ဟု ပြောဆိုခဲ့ပေသတည်း။
وَجَآءَ رَجُلٌۭ مِّنْ أَقْصَا ٱلْمَدِينَةِ يَسْعَىٰ قَالَ يَٰمُوسَىٰٓ إِنَّ ٱلْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَٱخْرُجْ إِنِّى لَكَ مِنَ ٱلنَّٰصِحِينَ
၎င်းပြင် မြို့၏အစွန်မှ လူတစ်ယောက်သည် ပြေးလျက်လာပြီးလျှင်၊ အို-မူစာ၊ မှူးကြီးမတ်ရာတို့သည် အသင်နှင့်ပတ်သက်၍ အသင့်အား သတ်ပစ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြပေသည်။ သို့ပါ၍ အသင်သည် ထွက်သွားပါလေ။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုး လိုလားသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။
Page 1 of 5 (88 ayahs)