Loading surah...
Back to Burmese Quran
69 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓمٓ
အလိဖ်၊ လာမ်၊ မီမ်။
أَحَسِبَ ٱلنَّاسُ أَن يُتْرَكُوٓا۟ أَن يَقُولُوٓا۟ ءَامَنَّا وَهُمْ لَا يُفْتَنُونَ
လူတို့သည် ၎င်းတို့က ‘ကျွန်ုပ်တို့သည် ‘အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောကြသောကြောင့် မိမိတို့မှာစမ်းသပ်ခြင်း မခံကြရဘဲ လွှတ်ထားခြင်း ခံကြရမည်ဟု ထင်မှတ်ကြလေသလော။
وَلَقَدْ فَتَنَّا ٱلَّذِينَ مِن قَبْلِهِمْ ۖ فَلَيَعْلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُوا۟ وَلَيَعْلَمَنَّ ٱلْكَٰذِبِينَ
စင်စစ်သော်ကား မချွတ်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သော သူတို့အား စမ်းသပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာပြောဆိုကြသော သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။ ထိုမှတစ်ပါး ဧကန်မုချ ထိုအရှင်မြတ်သည် မုသာဝါဒီတို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။
أَمْ حَسِبَ ٱلَّذِينَ يَعْمَلُونَ ٱلسَّيِّـَٔاتِ أَن يَسْبِقُونَا ۚ سَآءَ مَا يَحْكُمُونَ
သို့တည်းမဟုတ် မကောင်းမှု ဒုစရိုက်များကိုကျင့်မူ(ကျူးလွန်)နေကြကုန်သော သူတို့သည် မိမိတို့မှာ ‘ငါအရှင်မြတ်(ဖမ်းဆီးကွပ်မျက်တော်မူခြင်း)မှ ထွက်ပြေးလွတ်မြောက်သွားကြမည်’ ဟု ထင်မှတ်ကြ လေသလော။ ၎င်းတို့၏ အဆုံးအဖြတ်မှာ အလွန်ဆိုးရွားလှပေသည်တကား။
مَن كَانَ يَرْجُوا۟ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَءَاتٍۢ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မျှော်လင့်လျက်ရှိခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်း၍ ထားတော်မူသော ကာလအပိုင်းအခြားသည် မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَمَن جَٰهَدَ فَإِنَّمَا يُجَٰهِدُ لِنَفْسِهِۦٓ ۚ إِنَّ ٱللَّهَ لَغَنِىٌّ عَنِ ٱلْعَٰلَمِينَ
အမှန်သော်ကား မည်သူမဆို ကြိုးပမ်းဆောင်ရွက်ခဲ့မူ ထိုသူသည် မိမိအကျိုးငှာ ကြိုးပမ်းဆောင်ရွက်သည်သာ ဖြစ်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို(မှ) လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّـَٔاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ ٱلَّذِى كَانُوا۟ يَعْمَلُونَ
အကြင်သူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြပါမူ၊ မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကို ၎င်းတို့မှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူလျက်ရှိခဲ့ကြသည်တို့ထက် ကောင်းမြတ်သော အစားကို ချီးမြှင့်ပေးသနားတော် မူအံ့သတည်း။
وَوَصَّيْنَا ٱلْإِنسَٰنَ بِوَٰلِدَيْهِ حُسْنًۭا ۖ وَإِن جَٰهَدَاكَ لِتُشْرِكَ بِى مَا لَيْسَ لَكَ بِهِۦ عِلْمٌۭ فَلَا تُطِعْهُمَآ ۚ إِلَىَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား(ဤသို့)အမိန့်ပေးတော်မူ၏။ အသင်သည် မိမိ၏ မိဘနှစ်ပါးတို့အား ကောင်းစွာပြုစုရမည်။ သို့ရာတွင် အကယ်၍ အသင်၌ အသိပညာ(သက်သေအထောက်အထား) မည်သည့်တစ်စုံတစ်ရာမျှ မရှိသောအရာကို အသင့်အား ငါအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးပမ်းအားထုတ်ခဲ့ကြလျှင် အသင်သည်(ယင်းတွဲဖက် ကိုးကွယ်မှုနှင့်စပ်လျဉ်း၍) ထိုမိဘနှစ်ပါး၏ စကားကို မလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိခဲ့ကြကုန်သော အမှုကိစ္စ(အလုံးစုံ)တို့နှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်။
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَنُدْخِلَنَّهُمْ فِى ٱلصَّٰلِحِينَ
၎င်းပြင် ‘အီမာန်’သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား ဧကန်စင်စစ် ငါအရှင်မြတ်သည် သူမွန်သူမြတ်တို့တွင် ဝင်ရောက်စေတော် မူအံ့သတည်း။
وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ فَإِذَآ أُوذِىَ فِى ٱللَّهِ جَعَلَ فِتْنَةَ ٱلنَّاسِ كَعَذَابِ ٱللَّهِ وَلَئِن جَآءَ نَصْرٌۭ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ ۚ أَوَلَيْسَ ٱللَّهُ بِأَعْلَمَ بِمَا فِى صُدُورِ ٱلْعَٰلَمِينَ
လူတို့တွင် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ" ဟု ပြောဆိုသူများလည်း ရှိကြပေသည်။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏လမ်းတော်၌) ဒုက္ခပေးခြင်းကို ခံခဲ့ကြရသောအခါ ၎င်းတို့သည် လူတို့၏ဒုက္ခပေးမှုကို အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကဲ့သို့ပင် ထင်မှတ်ယူဆကြလေသည်။ သို့ရာတွင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကူညီစောင်မမှု တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်ရှိသော် ၎င်းတို့က ‘ကျွန်ုပ်တို့သည်လည်း ဧကန်အမှန် အသင်တို့နှင့် အတူရှိခဲ့ကြပေသည်’ ဟု မုချဧကန် ပြောဆိုကြ ကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့၏စိတ်နှလုံးများအတွင်း ရှိသည်တို့ကို အသိတော်မူဆုံးပင် မဟုတ်ပါလော။
وَلَيَعْلَمَنَّ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَلَيَعْلَمَنَّ ٱلْمُنَٰفِقِينَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ‘မုနာဖစ်က်’ အယောင်ဆောင်တို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူအံ့သတည်း။
وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوا۟ ٱتَّبِعُوا۟ سَبِيلَنَا وَلْنَحْمِلْ خَطَٰيَٰكُمْ وَمَا هُم بِحَٰمِلِينَ مِنْ خَطَٰيَٰهُم مِّن شَىْءٍ ۖ إِنَّهُمْ لَكَٰذِبُونَ
စင်စစ် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့က’မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ‘အသင်တို့သည် ကျွန်ုပ်တို့၏ လမ်းစဉ်လိုက်နာကြလေကုန်၊ ကျွန်ုပ်တို့သည် အသင်တို့၏ ပြစ်မှုများကို ထမ်းရွက်ကြမည်’ ဟု ဆိုကြကုန်၏။စင်စစ်သော်ကား ၎င်းတို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ ပြစ်မှုများအနက်မှ အနည်းငယ်(သောပြစ်မှု) ကိုမျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًۭا مَّعَ أَثْقَالِهِمْ ۖ وَلَيُسْـَٔلُنَّ يَوْمَ ٱلْقِيَٰمَةِ عَمَّا كَانُوا۟ يَفْتَرُونَ
သို့ရာတွင် မုချစင်စစ် ၎င်းတို့သည် မိမိတို့၏ဝန်များကို လည်းကောင်း၊ မိမိတို့၏ဝန်များနှင့်အတူ အခြားသောဝန်များကို လည်းကောင်း၊ ထမ်းဆောင်ကြပေမည်။ ထိုမှတစ်ပါး မချွတ်ဧကန် ၎င်းတို့သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ လီဆယ်ဖန်တီးခဲ့ကြကုန်သော အရာများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရကုန်အံ့သတည်း။
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًۭا فَأَخَذَهُمُ ٱلطُّوفَانُ وَهُمْ ظَٰلِمُونَ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် ‘နူဟ်’အား ၎င်း၏အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၎င်းတို့တွင် နှစ်ပေါင်းကိုးရာငါးဆယ်တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက် ရေလွှမ်းမိုးခြင်း(ပြစ်ဒဏ်)သည် ၎င်းအမျိုးသားတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ အမှန်သော်ကား ထိုအမျိုးသားတို့မှာ မတရားသောသူများပင် ဖြစ်ခဲ့ကြကုန်၏။
فَأَنجَيْنَٰهُ وَأَصْحَٰبَ ٱلسَّفِينَةِ وَجَعَلْنَٰهَآ ءَايَةًۭ لِّلْعَٰلَمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို’နူဟ်’ အားလည်းကောင်း၊ သင်္ဘော၌ပါရှိခဲ့သောသူတို့အား လည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသင်္ဘောကို ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့ပေသတည်း။
وَإِبْرَٰهِيمَ إِذْ قَالَ لِقَوْمِهِ ٱعْبُدُوا۟ ٱللَّهَ وَٱتَّقُوهُ ۖ ذَٰلِكُمْ خَيْرٌۭ لَّكُمْ إِن كُنتُمْ تَعْلَمُونَ
ထိုမှတစ်ပါး အိဗ်ရာဟီမ်အား(လည်းငါအရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။)အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် မိမိ အမျိုးသားတို့အား(ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အား ခန့်ညားကြောက်ရွံ့ကြလေကုန်။ အကယ်၍ အသင်တို့သည် သိရှိကြလေသော် ဤသည် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။
إِنَّمَا تَعْبُدُونَ مِن دُونِ ٱللَّهِ أَوْثَٰنًۭا وَتَخْلُقُونَ إِفْكًا ۚ إِنَّ ٱلَّذِينَ تَعْبُدُونَ مِن دُونِ ٱللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًۭا فَٱبْتَغُوا۟ عِندَ ٱللَّهِ ٱلرِّزْقَ وَٱعْبُدُوهُ وَٱشْكُرُوا۟ لَهُۥٓ ۖ إِلَيْهِ تُرْجَعُونَ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်တုများကိုသာလျှင် ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် မုသား(အယူဝါဒ)ကို လီဆယ်ဖန်တီးကြကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့သည် ဆည်းကပ်ကိုးကွယ်လျက် ရှိကြသည်တို့မှာ အသင်တို့၏ စားနပ်ရိက္ခာကို လုံးဝပိုင်ဆိုင်ကြသည် မဟုတ်ပေ။သို့ဖြစ်ပေရာ အသင်တို့သည် (မိမိတု့ိအဖို့) စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှာဖွေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်ကို သိတတ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့အားလုံးတို့သည် ထိုအရှင်မြတ်အထံတော် သို့သာလျှင် ပြန်သွားကြရပေမည်။
وَإِن تُكَذِّبُوا۟ فَقَدْ كَذَّبَ أُمَمٌۭ مِّن قَبْلِكُمْ ۖ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلْبَلَٰغُ ٱلْمُبِينُ
သို့ရာတွင် အကယ်၍ အသင်တို့သည် (ငါ့အား)မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြလျှင် အသင်တို့အလျင်ရှိခဲ့ကြလေသော အုပ်စုများကလည်း (မိမိတို့၏ နဗီတမန်တော်များအား)မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား ရစူလ်တမန်တော်များအပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို လူသားတို့ထံ) ရှင်းလင်းထင်ရှားစွာ ပို့ဆောင်ရန်သာလျှင် တာဝန်ရှိပေသတည်း။
أَوَلَمْ يَرَوْا۟ كَيْفَ يُبْدِئُ ٱللَّهُ ٱلْخَلْقَ ثُمَّ يُعِيدُهُۥٓ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌۭ
အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကိုမည်သို့ စတင်ဖန်ဆင်းတော်မူသည်ကို ၎င်းတို့သည် မတွေ့မမြင် မဆင်ခြင်ခဲ့ကြလေသလော။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်အဖို့ လွန်စွာ လွယ်ကူလှပေသည်။
قُلْ سِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ بَدَأَ ٱلْخَلْقَ ۚ ثُمَّ ٱللَّهُ يُنشِئُ ٱلنَّشْأَةَ ٱلْءَاخِرَةَ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာ၍ ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို မည်သို့စတင် ဖန်ဆင်းတော်မူသည်ကို ကြည့်ရှုလေ့လာကြလေကုန်။ထို့နောက် တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် (ထိုအဖန်ဆင်းခံတို့အား) နောက်တစ်ကြိမ် ထပ်မံ၍ပင် ဖန်ဆင်းတော်မူမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
Page 1 of 4 (69 ayahs)