Loading surah...
Back to Burmese Quran
54 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَمْدُ لِلَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَلَهُ ٱلْحَمْدُ فِى ٱلْءَاخِرَةِ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ
မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှသော (သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာခြင်း အပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ထိုနည်းတူစွာ တမလွန်ဘဝ၌လည်း ထိုအရှင်မြတ်သည်သာလျှင် ချီးမွန်ထောပနာခြင်း အလုံးစုံတို့ကို ခံယူထိုက်တော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော် မူသောအရှင်ဖြစ်တော်မူ၏။
يَعْلَمُ مَا يَلِجُ فِى ٱلْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعْرُجُ فِيهَا ۚ وَهُوَ ٱلرَّحِيمُ ٱلْغَفُورُ
ထိုအရှင်မြတ်သည် ပထဝီမြေအတွင်းသို့ ဝင်သောအရာများကိုလည်းကောင်း၊ ယင်းပထဝီမြေ အတွင်းမှထွက်သောအရာများကို လည်းကောင်း၊ မိုးကောင်းကင်မှ သက်ဆင်းသောအရာများကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့တက်သွားသော အရာများကိုလည်းကောင်း၊ (အလုံးစုံတို့ကို)ကောင်း မွန်စွာ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَا تَأْتِينَا ٱلسَّاعَةُ ۖ قُلْ بَلَىٰ وَرَبِّى لَتَأْتِيَنَّكُمْ عَٰلِمِ ٱلْغَيْبِ ۖ لَا يَعْزُبُ عَنْهُ مِثْقَالُ ذَرَّةٍۢ فِى ٱلسَّمَٰوَٰتِ وَلَا فِى ٱلْأَرْضِ وَلَآ أَصْغَرُ مِن ذَٰلِكَ وَلَآ أَكْبَرُ إِلَّا فِى كِتَٰبٍۢ مُّبِينٍۢ
စင်စစ်သော်ကား ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံဆိုက်ရောက်လာမည်မဟုတ် ဟု ဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါ့အားမွေးမြူဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကို သိမြင်တော်မူသော၊ အရှင်မြတ်၏ ကစမ်၊ ယင်းရှင်ပြန်ထမည့်အချိန် ကာလသည် အသင်တို့ထံ အမှန်ပင် ဆိုက်ရောက်လာမည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အဏုမြူခန့်မျှသောဝတ္ထုပစ္စည်းသည်ပင်လျှင် ထိုအရှင်မြတ်၏ အသိပညာမှကွယ်ပျောက်နေသည်ဟူ၍မရှိပေ။ စင်စစ်သော်ကား ယင်းအဏုမြူ ထက်သေးငယ်သော အရာဝတ္ထုပင်ဖြစ်စေ၊ (ယင်းအဏုမြူထက်)ကြီးသော အရာဝတ္ထုပင်ဖြစ်စေ၊ ထင်ရှားစွာသောမှတ်တမ်းစာအုပ်တွင် (ရေးသားပြီး)ဖြစ်ပေသည်။
لِّيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ ۚ أُو۟لَٰٓئِكَ لَهُم مَّغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ
(ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်စေခြင်းမှာ) ထိုအရှင်မြတ်သည် အီမာန် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့အား အစားပေးတော်မူရန်ပင် ဖြစ်၏။ထိုကဲ့သို့သော သူတို့အဖို့မှာကား လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မြင့်မြတ်စွာသော စားနပ်ရိက္ခာသည်လည်းကောင်း၊ ရှိပေသည်။
وَٱلَّذِينَ سَعَوْ فِىٓ ءَايَٰتِنَا مُعَٰجِزِينَ أُو۟لَٰٓئِكَ لَهُمْ عَذَابٌۭ مِّن رِّجْزٍ أَلِيمٌۭ
သို့ရာတွင် ငါအရှင်မြတ်၏ အာယတ်တော်များကိပျက်ပြားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသူတို့မှာမူကား ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ဘေးအန္တရာယ်တည်းဟူသော ပြစ်ဒဏ်သည် ရှိပေမည်။
وَيَرَى ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ ٱلَّذِىٓ أُنزِلَ إِلَيْكَ مِن رَّبِّكَ هُوَ ٱلْحَقَّ وَيَهْدِىٓ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ
စင်စစ်မှာကား အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့သည် အသင့်ထံ ချပေးခြင်းခံခဲ့ရသော (ကုရ်အာန်ကျမ်းတော်)သည် မှန်ကန်သည်ဟူ၍ လည်းကောင်း၊ ထို(ကုရ်အာန်ကျမ်းတော်)သည် အလွန်တရာနိုင်နင်းလွှမ်းမိုးတော် မူသော၊ ချီးမွမ်းထောပနာခြင်းအပေါင်းကိုအလွန်တရာ ခံယူထိုက်တော်မူသော၊ အရှင်မြတ်၏လမ်းကိုညွှန်ပြသည်ဟူ၍လည်းကောင်း၊ (သိ)မြင်ကြကုန်သတည်း။
وَقَالَ ٱلَّذِينَ كَفَرُوا۟ هَلْ نَدُلُّكُمْ عَلَىٰ رَجُلٍۢ يُنَبِّئُكُمْ إِذَا مُزِّقْتُمْ كُلَّ مُمَزَّقٍ إِنَّكُمْ لَفِى خَلْقٍۢ جَدِيدٍ
ထိုမှတစ်ပါး ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က (အချင်းချင်း) ပြောဆိုကြကုန်၏။ ကျွန်ုပ်တို့သည်အသင်တို့အား အကြင်ယောက်ျားတစ်ယောက်ကို ညွှန်ပြကြရမည်လော။ ထိုသူသည် အသင်တို့အား အသင်တို့သည် လုံးဝမွမွကြေအောင် ချေပစ်ခြင်းခံခဲ့ကြရလေသောအခါ ဧကန်မလွဲအသင်တို့သည် အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရမည်ဟု သတင်းပေး၏။
أَفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَم بِهِۦ جِنَّةٌۢ ۗ بَلِ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْءَاخِرَةِ فِى ٱلْعَذَابِ وَٱلضَّلَٰلِ ٱلْبَعِيدِ
ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်စွပ်စွဲခဲ့လေသလော၊ သို့တည်းမဟုတ် ထိုသူ၌ ရူးသွပ်ခြင်းဝေဒနာ ရှိနေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အာခိရတ် တမလွန်ဘဝကို မယုံကြည်သောသူတို့သည်သာလျှင် ပြစ်ဒဏ်၌လည်းကောင်း၊ ဝေးလံသော လမ်းမှားမှု၌လည်းကောင်း၊ ရှိနေကြကုန်၏။
أَفَلَمْ يَرَوْا۟ إِلَىٰ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۚ إِن نَّشَأْ نَخْسِفْ بِهِمُ ٱلْأَرْضَ أَوْ نُسْقِطْ عَلَيْهِمْ كِسَفًۭا مِّنَ ٱلسَّمَآءِ ۚ إِنَّ فِى ذَٰلِكَ لَءَايَةًۭ لِّكُلِّ عَبْدٍۢ مُّنِيبٍۢ
ထိုသူတို့သည် မိမိတို့ ရှေ့နောက်(ထက်အောက်)ရှိနေသော မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မမြင်ကြလေသလော။ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား မြေမျိုစေတော်မူပေမည်။ သို့တည်း မဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးကောင်းကင်၏ အပိုင်းအစများကို ကျရောက်စေတော်မူပေမည်။ ဧကန်စင်စစ် ဤသည်၌ (ငါအရှင်မြတ်ဘက်သို့)ပြန်လှည့်ကြသော ကျွန်တိုင်းအဖို့ (လုံလောက်သော) သက်သေသာဓကရှိပေသတည်း။
۞ وَلَقَدْ ءَاتَيْنَا دَاوُۥدَ مِنَّا فَضْلًۭا ۖ يَٰجِبَالُ أَوِّبِى مَعَهُۥ وَٱلطَّيْرَ ۖ وَأَلَنَّا لَهُ ٱلْحَدِيدَ
မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)ဒါဝူဒ်အား မိမိအထံတော်မှ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (ထို့ပြင် ငါအရှင်မြတ်သည် တောင်များကို)အို-တောင်တို့ အသင်တို့သည်ဒါဝူဒ်နှင့်အတူ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြကုန်လော့ (ဟုမိန့်ကြားတော်မူခဲ့၏)။ ထိုနည်းတူစွာ ငှက်တိရစ္ဆာန်များကိုလည်း (ငါအရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့၏)ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အဖို့ အသံကိုပျော့ပျောင်း စေတော်မူခဲ့၏။
أَنِ ٱعْمَلْ سَٰبِغَٰتٍۢ وَقَدِّرْ فِى ٱلسَّرْدِ ۖ وَٱعْمَلُوا۟ صَٰلِحًا ۖ إِنِّى بِمَا تَعْمَلُونَ بَصِيرٌۭ
(ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အားမိန့်ကြားတော်မူခဲ့၏။) အသင်သည် ပြည့်စုံသော သံချပ်အကျႌရှည်များကို ပြုလုပ်ပါလေ။ ၎င်းပြင် အသင်သည် (ကွင်းဆက်များကို) ဆက်ရာတွင် သင့်မြတ်အောင် ချိန်ဆခန့်မှန်း၍ ပြုလုပ်ပါလေ။ ထို့ပြင် (အို-ဒါဝူဒ်၏သားမြေးတို့) အသင်တို့သည်(ထိုဒါဝူဒ်နှင့်အတူ) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြလေကုန်၊ ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်တို့ ကျင့်မူပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
وَلِسُلَيْمَٰنَ ٱلرِّيحَ غُدُوُّهَا شَهْرٌۭ وَرَوَاحُهَا شَهْرٌۭ ۖ وَأَسَلْنَا لَهُۥ عَيْنَ ٱلْقِطْرِ ۖ وَمِنَ ٱلْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِۦ ۖ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ ٱلسَّعِيرِ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။
يَعْمَلُونَ لَهُۥ مَا يَشَآءُ مِن مَّحَٰرِيبَ وَتَمَٰثِيلَ وَجِفَانٍۢ كَٱلْجَوَابِ وَقُدُورٍۢ رَّاسِيَٰتٍ ۚ ٱعْمَلُوٓا۟ ءَالَ دَاوُۥدَ شُكْرًۭا ۚ وَقَلِيلٌۭ مِّنْ عِبَادِىَ ٱلشَّكُورُ
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။
فَلَمَّا قَضَيْنَا عَلَيْهِ ٱلْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِۦٓ إِلَّا دَآبَّةُ ٱلْأَرْضِ تَأْكُلُ مِنسَأَتَهُۥ ۖ فَلَمَّا خَرَّ تَبَيَّنَتِ ٱلْجِنُّ أَن لَّوْ كَانُوا۟ يَعْلَمُونَ ٱلْغَيْبَ مَا لَبِثُوا۟ فِى ٱلْعَذَابِ ٱلْمُهِينِ
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။
لَقَدْ كَانَ لِسَبَإٍۢ فِى مَسْكَنِهِمْ ءَايَةٌۭ ۖ جَنَّتَانِ عَن يَمِينٍۢ وَشِمَالٍۢ ۖ كُلُوا۟ مِن رِّزْقِ رَبِّكُمْ وَٱشْكُرُوا۟ لَهُۥ ۚ بَلْدَةٌۭ طَيِّبَةٌۭ وَرَبٌّ غَفُورٌۭ
ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊ ဥယျာဉ်နှစ်ခုရှိခဲ့၏။(၎င်းတို့မှာ မိမိတို့၏ နဗီတမန်တော်များမှ တစ်ဆင့် ဤသို့မိန့်ကြားခြင်းကို ခံခဲ့ကြကုန်၏။) အသင်တို့သည် မိမိတို့၏ အရှင်မြတ်က ချီးမြှင့် ပေးသနားတော်မူသော စားနပ်ရိက္ခာကို စားသုံးကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အားကျေးဇူးတင်ရှိကြလေကုန်။ (အသင်တို့၏မြို့ရွာမှာ) ကောင်းမွန်သန့်ပြန့်သောမြို့ရွာဖြစ်၍ (အသင်တို့၏ အရှင်မြတ်မှာလည်း)လွန်စွာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
فَأَعْرَضُوا۟ فَأَرْسَلْنَا عَلَيْهِمْ سَيْلَ ٱلْعَرِمِ وَبَدَّلْنَٰهُم بِجَنَّتَيْهِمْ جَنَّتَيْنِ ذَوَاتَىْ أُكُلٍ خَمْطٍۢ وَأَثْلٍۢ وَشَىْءٍۢ مِّن سِدْرٍۢ قَلِيلٍۢ
သို့ရာတွင် ၎င်းတို့သည် (အမိန့်တော်ကို လိုက်နာခြင်းမရှိကြဘဲ) မျက်နှာလွှဲခဲ့ကြပေရာ ငါအရှင်မြတ်သည်၎င်းတို့အပေါ်၌ အရင်မ် ရေကာတာမှ ပြင်းစွာ စီးဆင်းသောရေကို လွှတ်ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ဥယျာဉ်နှစ်ခု၏အစား အခြားဥယျာဉ်နှစ်ခုကိုလဲလှယ်၍ ပေးတော်မူခဲ့၏။ ထိုဥယျာဉ်နှစ်ခုမှာ ဖန်သော၊ခါးသော၊ အရသာမကောင်းသော၊ သစ်သီးဝလံများ၊ ထင်းရှုးပင်များနှင့် အနည်းငယ်မျှသောဆီးပင်များရှိသော ဥယျာဉ်နှစ်ခုပင် ဖြစ်ခဲ့ကြ၏။
ذَٰلِكَ جَزَيْنَٰهُم بِمَا كَفَرُوا۟ ۖ وَهَلْ نُجَٰزِىٓ إِلَّا ٱلْكَفُورَ
ဤကား ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ကျေးဇူးကန်းမှုကြောင့် ပေးတော်မူခဲ့သော အပြစ်ဒဏ်ပင်ဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အလွန်ကျေးဇူးကန်းသော သူတို့အားသာလျှင်(ယင်းကဲ့သို့သော)အပြစ်ပေးလေ့ရှိတော်မူပေသတည်း။
وَجَعَلْنَا بَيْنَهُمْ وَبَيْنَ ٱلْقُرَى ٱلَّتِى بَٰرَكْنَا فِيهَا قُرًۭى ظَٰهِرَةًۭ وَقَدَّرْنَا فِيهَا ٱلسَّيْرَ ۖ سِيرُوا۟ فِيهَا لَيَالِىَ وَأَيَّامًا ءَامِنِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့နှင့်ငါအရှင်မြတ် သုခချမ်းသာနှင့် ပြည့်စုံစေတော်မူခဲ့သော မြို့ရွာများ၏အကြား၌ မြင်လွယ်သောမြို့ရွာများကို စည်ကားစေတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများ၌ခရီး ထောက်များကိုလည်း သတ်မှတ်၍ ပေးတော်မူခဲ့၏။(၎င်းပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။)အသင်တို့သည် ယင်းမြို့ရွာများတွင် ဘေးအန္တရာယ် ကင်းငြိမ်းစွာ နေ့ရောညပါ ခရီးသွားလာကြလေကုန်။
فَقَالُوا۟ رَبَّنَا بَٰعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوٓا۟ أَنفُسَهُمْ فَجَعَلْنَٰهُمْ أَحَادِيثَ وَمَزَّقْنَٰهُمْ كُلَّ مُمَزَّقٍ ۚ إِنَّ فِى ذَٰلِكَ لَءَايَٰتٍۢ لِّكُلِّ صَبَّارٍۢ شَكُورٍۢ
ထိုအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားမွေးမြူဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ခရီးလမ်းများကို ကွာဝေးစေတော်မူပါဟု လျှောက်ထားကြကုန်၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုပင် နှိပ်စက်ကလူ ပြုခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့(၏အကြောင်း အတ္ထုပ္ပတိ္တ)ကို ယုံတမ်းစကားများပြုလုပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကစဉ့်ကလျား ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲဤသည့်(ဖြစ်ရပ်)၌ လွန်စွာကျေးဇူးသိတတ်သော၊ သည်းခံခြင်းတရားထားရှိသူ တိုင်းအဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကုန်သတည်း။
وَلَقَدْ صَدَّقَ عَلَيْهِمْ إِبْلِيسُ ظَنَّهُۥ فَٱتَّبَعُوهُ إِلَّا فَرِيقًۭا مِّنَ ٱلْمُؤْمِنِينَ
စင်စစ်ဧကန် အီဗ်လီစ် သည် ၎င်းတို့ (အာဒမ်၏သားသမီးများ)နှင့်ပတ်သက်သော မိမိ၏ ထင်မြင်ယူဆချက်ကို မှန်ကန်ကြောင်းတွေ့ရှိခဲ့၏။ အကြောင်းမူကား မုအ်မင်န်သက်ဝင်ယုံကြည်သူ များဖြစ်ကြသောလူစုမှအပ ၎င်းတို့မှာ ထိုအီဗ်လီစ် ၏နောက်သို့ လိုက်ခဲ့ကြသောကြောင့်ပင်။
Page 1 of 3 (54 ayahs)