Loading surah...
Back to Burmese Quran
45 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَمْدُ لِلَّهِ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ جَاعِلِ ٱلْمَلَٰٓئِكَةِ رُسُلًا أُو۟لِىٓ أَجْنِحَةٍۢ مَّثْنَىٰ وَثُلَٰثَ وَرُبَٰعَ ۚ يَزِيدُ فِى ٱلْخَلْقِ مَا يَشَآءُ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ
ချီးမွမ်းထောပနာ အပေါင်းတို့သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊တီထွင်ဖန်ဆင်းတော်မူသော၊ အတောင်ပံနှစ်ခုစီ၊ သုံးခုစီ၊လေးခုစီရှိသောမလာအိကဟ်ကောင်းကင်တမန်တို့အား စေတမန်များအဖြစ်ခန့်အပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်သင့်၏။ ထိုအရှင်မြတ်သည် ဖန်ဆင်းမှု၌ မိမိအလိုရှိတော်မူသည့်အရာကို တိုးပွားများပြား ပိုမိုစေတော်မူ၏။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
مَّا يَفْتَحِ ٱللَّهُ لِلنَّاسِ مِن رَّحْمَةٍۢ فَلَا مُمْسِكَ لَهَا ۖ وَمَا يُمْسِكْ فَلَا مُرْسِلَ لَهُۥ مِنۢ بَعْدِهِۦ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ
အလ္လာဟ်အရှင်မြတ်က လူတို့အဖို့ ဖွင့်ပေးတော်မူသော ကရုဏာတော်ကို ပိတ်ပင်တားဆီးနိုင်သူဟူ၍ အလျင်းမရှိချေ။ ထိုနည်းတူစွာ ထိုအရှင်မြတ် ပိတ်ပင် တားဆီးတော်မူသောအရာကိုလည်း ထိုအရှင်မြတ်ပိတ်ပင် တားဆီးတော်မူပြီးနောက် ပို့ပေးနိုင်သောသူဟူ၍ အလျှင်းမရှိပြီ။ စင်စစ်ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
يَٰٓأَيُّهَا ٱلنَّاسُ ٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ ۚ هَلْ مِنْ خَٰلِقٍ غَيْرُ ٱللَّهِ يَرْزُقُكُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۚ لَآ إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ
အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့သတိရ ကြလေကုန်။အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာပေးသည့် ဖန်ဆင်းသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိပါသေးသလော၊ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။
وَإِن يُكَذِّبُوكَ فَقَدْ كُذِّبَتْ رُسُلٌۭ مِّن قَبْلِكَ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ
(အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့သည်အသင့်အား မုသာဝါဒီဟု စွပ်စွဲငြင်းပယ်ကြပါလျှင် (အသင်သည် စိတ်ငြိုငြင်မှုမရှိပါလေနှင့်၊) ဧကန်အမှန် အသင့်အလျင်ရှေးရစူလ်တမန်တော်များသည်လည်း မုသာဝါဒီများဟူ၍စွပ်စွဲငြင်းပယ်ခြင်း ခံခဲ့ကြရလေ၏။ အမှန်သော်ကား အရေးကိစ္စအလုံးစုံတို့မှာ အလ္လာဟ် အရှင်မြတ်ထံတော်သို့သာလျှင်ပြန်လည် ရောက်ကြ ရပေမည်။
يَٰٓأَيُّهَا ٱلنَّاسُ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ ۖ فَلَا تَغُرَّنَّكُمُ ٱلْحَيَوٰةُ ٱلدُّنْيَا ۖ وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلْغَرُورُ
အို-လူအပေါင်းတို့၊ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်ထားရှိတော်မူသောကတိသည် မှန်ကန်၏။ သို့ဖြစ်ပေရာလောကီဘဝ၌ အသက်ရှင်ခြင်းသည်လည်း အသင်တို့အားလှည့်ဖြားခြင်းမပြုစေရ၊ လှည့်စားသူ ရှိုင်တွာန်(မိစ္ဆာကောင်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရ။
إِنَّ ٱلشَّيْطَٰنَ لَكُمْ عَدُوٌّۭ فَٱتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُوا۟ حِزْبَهُۥ لِيَكُونُوا۟ مِنْ أَصْحَٰبِ ٱلسَّعِيرِ
မလွဲဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် အသင်တို့၏ရန်သူပင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်အား (မိမိတို့၏) ရန်သူဟူ၍ပင်အသိအမှတ်ပြုကြလေကုန်။ (စင်စစ် သော်ကား) ထို ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် မိမိဘက်သားများအား (ငရဲဘုံ၏)မီးတောက်မီးလျှံ၌ လားကြရသူတို့တွင် အပါအဝင်ဖြစ်ကြစေရန်သာလျှင် ဖိတ်ခေါ်လေသတည်း။
ٱلَّذِينَ كَفَرُوا۟ لَهُمْ عَذَابٌۭ شَدِيدٌۭ ۖ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَهُم مَّغْفِرَةٌۭ وَأَجْرٌۭ كَبِيرٌ
‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိချေသည်။ သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြ ကုန်သော သူတို့အဖို့မှာမူကားလွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည်လည်းကောင်း၊ ရှိပေသည်။
أَفَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ فَرَءَاهُ حَسَنًۭا ۖ فَإِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَٰتٍ ۚ إِنَّ ٱللَّهَ عَلِيمٌۢ بِمَا يَصْنَعُونَ
သို့ဖြစ်ပေရာ အသို့ပါနည်း။ မိမိ၏ မကောင်းမှုများသည် မိမိအမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသောကြောင့် ယင်းမကောင်းသောကျင့်မူများကိုအကောင်းဟူ၍ ထင်မြင်လာသောသူသည် အမှားကို အမှန်ဟုထင်မြင်သောသူနှင့်တူလေသည်။ စင်စစ်မှာကား ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားလမ်းမှား၌ ထားတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်၏အသက်ဇီဝိန်သည် ၎င်းတို့နှင့်ပတ်သက်၍ဆွေးကာတွေးကာ မဆုံးပါးစေရ။ ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှ တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَٱللَّهُ ٱلَّذِىٓ أَرْسَلَ ٱلرِّيَٰحَ فَتُثِيرُ سَحَابًۭا فَسُقْنَٰهُ إِلَىٰ بَلَدٍۢ مَّيِّتٍۢ فَأَحْيَيْنَا بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ ٱلنُّشُورُ
စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် လေများကို စေလွှတ်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့နောက်ယင်းလေများသည် မိုးတိမ်များကို သယ်ဆောင်၍ သွားကြလေ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်များကို(သွေ့ခြောက်)သေလျက်ရှိသော နယ်မြေဒေသများသို့ မောင်းနှင်တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(မိုးတိမ်များမှရွာသွန်းသော)ရေဖြင့် (သွေ့ခြောက်)သေနေသောမြေကိုပြန်လည် စိမ်းလန်းစိုပြည်စေတော်မူ၏။ ရှင်ပြန်ထခြင်းသည်လည်း ဤနည်းအတိုင်းပင် ဖြစ်ချေသည်။
مَن كَانَ يُرِيدُ ٱلْعِزَّةَ فَلِلَّهِ ٱلْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ ٱلْكَلِمُ ٱلطَّيِّبُ وَٱلْعَمَلُ ٱلصَّٰلِحُ يَرْفَعُهُۥ ۚ وَٱلَّذِينَ يَمْكُرُونَ ٱلسَّيِّـَٔاتِ لَهُمْ عَذَابٌۭ شَدِيدٌۭ ۖ وَمَكْرُ أُو۟لَٰٓئِكَ هُوَ يَبُورُ
မည်သူမဆိုဂုဏ်အသရေကိုအလိုရှိလျှင်(အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် လျှောက်ထားရပေမည်။)အကြောင်းမူကား အလုံးစုံသော ဂုဏ်အသရေတို့မှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိသောကြောင့်ပင်။ စင်ကြယ် သန့်ပြန်သောစကားရပ်များသည် ထိုအရှင်မြတ်အထံတော်သို့ပင် တက်သွားကြ ပေသည်။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလဟူသည်ထိုစင်ကြယ်သန့်ပြန်သောစကားများကို ပင့်မြှောက်ပို့ဆောင်၍ ပေးလေသည်။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်သော သူတို့၌မူကား ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ အကြံအစည်တို့မှာလည်း ပျက်ပြား၍ သွားကြပေမည်။
وَٱللَّهُ خَلَقَكُم مِّن تُرَابٍۢ ثُمَّ مِن نُّطْفَةٍۢ ثُمَّ جَعَلَكُمْ أَزْوَٰجًۭا ۚ وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِۦ ۚ وَمَا يُعَمَّرُ مِن مُّعَمَّرٍۢ وَلَا يُنقَصُ مِنْ عُمُرِهِۦٓ إِلَّا فِى كِتَٰبٍ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌۭ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက်ကလလရေကြည်ဖြင့်(ဖန်ဆင်းတော်မူခဲ့၏)။ ထိုနောက် ထိုအရှင်မြတ်သည် အသင်တို့အား စုံတွဲများ ပြုလုပ်တော်မူခဲ့၏။စင်စစ် မည်သည့်မိန်းမတစ်ဦးတစ်ယောက်မျှပင် ထိုအရှင်မြတ်မသိတော်မူပဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိ၊ သားဖွားခြင်းလည်းမရှိပေ။ ထိုနည်းတူစွာ မည်သည့်အသက်ရှည်သောသူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ ပို၍သတ်မှတ်သည်လည်းမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှလျော့၍ သတ်မှတ်သည်လည်းမရှိ။ သို့ရာတွင် ဤသည်တို့သည် မှတ်တမ်းတော်၌ ရေးမှတ်ပြီးဖြစ်သည်။ ဧကန်မလွဲ ဤသည်ကားအလ္လာဟ်အရှင်မြတ်၌ လွန်စွာ လွယ်ကူလှပေသတည်း။
وَمَا يَسْتَوِى ٱلْبَحْرَانِ هَٰذَا عَذْبٌۭ فُرَاتٌۭ سَآئِغٌۭ شَرَابُهُۥ وَهَٰذَا مِلْحٌ أُجَاجٌۭ ۖ وَمِن كُلٍّۢ تَأْكُلُونَ لَحْمًۭا طَرِيًّۭا وَتَسْتَخْرِجُونَ حِلْيَةًۭ تَلْبَسُونَهَا ۖ وَتَرَى ٱلْفُلْكَ فِيهِ مَوَاخِرَ لِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ
၎င်းပြင် သမုဒ္ဒရာပင်လယ်နှစ်ခုသည် မတူကြပေ။ ဤ(ပင်လယ်တစ်ခု၏)ရေမှာချိုမြိန်၏။ ရေငတ်ပြေစေ၏။ထိုရေကို သောက်သုံးရာ၌လည်း လွယ်ကူ၍ အဝင်ကောင်းလှ၏။ သို့ရာတွင် ဤ (ပင်လယ်တစ်ခု၏ရေ)မှာမူကား ငံ၏။ခါး၏။ သို့ရာတွင် အသင်တို့သည်(ထိုပင်လယ်)အသီးသီးမှလတ်ဆတ်သောအသား၊(ဝါ) ငါးများကို စားသုံးကြကုန်၏။ ၎င်းပြင်အသင်တို့သည်(ထိုပင်လယ်များမှ)မိမိတို့ဝတ်ဆင်ကြ ကုန်သောလက်ဝတ်လက်စား တန်ဆာများကို ထုတ်ယူကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေဆည်းပူးကြအံ့သောငှာ ထိုပင်လယ်၌ သင်္ဘောများ ရေကိုခွဲ၍ သွားလာလျက် ရှိကြသည်ကိုလည်း အသင်သည် တွေ့မြင်ရပေမည်။ သို့မှာသာလျှင်အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သတည်း။
يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ كُلٌّۭ يَجْرِى لِأَجَلٍۢ مُّسَمًّۭى ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ لَهُ ٱلْمُلْكُ ۚ وَٱلَّذِينَ تَدْعُونَ مِن دُونِهِۦ مَا يَمْلِكُونَ مِن قِطْمِيرٍ
ထိုအရှင်မြတ်သည်(အချို့သောရာသီဥတု၌) ည၏(အစိတ်အပိုင်းအချို့ကို) နေ့၏အတွင်းသို့ ဝင်စေတော်မူ၍(အချို့သောရာသီဥတု၌မူ)နေ့၏(အချို့သော အစိတ်အပိုင်း)ကိုည၏အတွင်းသို့ ဝင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ ‘စန္ဒာ’ ကိုလည်းကောင်း၊ ပိုင်နိုင်စွာအကျိုး ပြုထားစေတော်မူရာ (ယင်း ‘သူရိယ’နေနှင့် လ ‘စန္ဒာ’) အသီသီးတို့မှာ သတ်မှတ်ပြဋ္ဌာန်းထားသောအချိန်ကာလတိုင်အောင် လှုပ်ရှားသွားလာလျက်ပင် ရှိကြပေသည်။ ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှု အာဏာသည်ထိုအရှင်မြတ်၌သာရှိ၏။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍အသင်တို့ ဟစ်ခေါ်တသလျက် ရှိကြကုန်သော သူတို့မှာမူကားစွန်ပလွံစေ့၌ ကပ်လျက်ရှိသော အမြှေးခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။
إِن تَدْعُوهُمْ لَا يَسْمَعُوا۟ دُعَآءَكُمْ وَلَوْ سَمِعُوا۟ مَا ٱسْتَجَابُوا۟ لَكُمْ ۖ وَيَوْمَ ٱلْقِيَٰمَةِ يَكْفُرُونَ بِشِرْكِكُمْ ۚ وَلَا يُنَبِّئُكَ مِثْلُ خَبِيرٍۢ
အသင်တို့သည် အကယ်၍ ၎င်းတို့အား ဟစ်ခေါ်ကြပါလျှင် ၎င်းတို့သည် ကြားကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ကြားခဲ့ကြငြားသော်လည်း အသင်တို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ (ပြုလုပ်ဖြည့်စွမ်းပေးနိုင်ကြမည်မဟုတ်ပေ)။ ထိုမှတစ်ပါး ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်မူ ၎င်းတို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။ စင်စစ်သော်ကား အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ကဲ့သို့ မည်သူတစ်ဦး တစ်ယောက်မျှပင် အသင့်အား ထုတ်ဖော်၍ ပြောကြားမည် မဟုတ်ပြီ။
۞ يَٰٓأَيُّهَا ٱلنَّاسُ أَنتُمُ ٱلْفُقَرَآءُ إِلَى ٱللَّهِ ۖ وَٱللَّهُ هُوَ ٱلْغَنِىُّ ٱلْحَمِيدُ
အို-လူအပေါင်းတို့၊ အသင်တို့သည်(သာလျှင်)(မိမိတို့၏ကိစ္စအရပ်ရပ်တွင်) အလ္လာဟ်အရှင်မြတ်အား လိုလားတောင့်တကြရသူများပင် ဖြစ်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တခြင်း လုံးဝ ကင်းမဲ့သောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသ ဂုဏ်ထူးနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍۢ جَدِيدٍۢ
အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ်ကို ယူလာတော်မူနိုင်၏။
وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍۢ
စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပြီ။
وَلَا تَزِرُ وَازِرَةٌۭ وِزْرَ أُخْرَىٰ ۚ وَإِن تَدْعُ مُثْقَلَةٌ إِلَىٰ حِمْلِهَا لَا يُحْمَلْ مِنْهُ شَىْءٌۭ وَلَوْ كَانَ ذَا قُرْبَىٰٓ ۗ إِنَّمَا تُنذِرُ ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ وَأَقَامُوا۟ ٱلصَّلَوٰةَ ۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفْسِهِۦ ۚ وَإِلَى ٱللَّهِ ٱلْمَصِيرُ
အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ ဝန်ထုပ်ကိုသယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။၎င်းပြင် အကယ်၍ ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးလျက်ရှိသူတစ်ဦးတစ်ယောက်သည် တစ်စုံတစ်ယောက်အား မိမိဝန်ထုပ်ကို သယ်ပိုး ထမ်းဆောင် ခြင်းငှာ ဟစ်ခေါ်ငြားသော်လည်းထိုဟစ်ခေါ်ခြင်း ခံရသောသူသည် ၎င်း၏ဆွေရင်းသားရင်းဖြစ်ခဲ့သည့်တိုင်အောင် ထိုဝန်ထုပ်မှ အနည်းငယ်စိုးစဉ်းကိုမျှပင်သယ်ပိုးထမ်းဆောင်မည် မဟုတ်ပေ။ (အို-နဗီတမန်တော်၊)အသင်သည် မိမိတို့၏ အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့ကြကုန်သော၊ ဆွာလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်သောသူတို့အားသာလျှင် သတိပေး နှိုးဆော်နိုင် ပေသည်။အမှန်သော်ကား မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့ပါမူ ထိုသူသည် မိမိအကျိုးငှာ စင်ကြယ်သန့်ရှင်းခဲ့သည်သာဖြစ်၏။ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင်နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။
وَمَا يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ
၎င်းပြင် မျက်စိကန်းသူနှင့် မျက်စိမြင်သောသူသည်လည်း မတူပေ။
وَلَا ٱلظُّلُمَٰتُ وَلَا ٱلنُّورُ
ထိုနည်းတူစွာ အမှောင်ထုနှင့် အလင်းရောင်သည်လည်း မတူပေ။
Page 1 of 3 (45 ayahs)