Loading surah...
Back to Burmese Quran
83 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يسٓ
ယာစီန်။
وَٱلْقُرْءَانِ ٱلْحَكِيمِ
(ငါအရှင်မြတ်သည်) ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော (ဤ)ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေ ထူထောင်တော်မူသည်။
إِنَّكَ لَمِنَ ٱلْمُرْسَلِينَ
မလွဲဧကန် အသင်သည် ရစူလ်တမန်တော်အပေါင်းတို့တွင် အမှန်ပင် တစ်ပါး အပါအဝင် ဖြစ်သည်။
عَلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ
ဖြောင့်မတ်သော တရားလမ်းပေါ်၌ တည်ရှိနေပေသည်။
تَنزِيلَ ٱلْعَزِيزِ ٱلرَّحِيمِ
(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော၊ အရှင်မြတ်၏ အထံတော်မှ ချပေးတော်မူသော (ကျမ်းတော်)ဖြစ်သည်။
لِتُنذِرَ قَوْمًۭا مَّآ أُنذِرَ ءَابَآؤُهُمْ فَهُمْ غَٰفِلُونَ
(ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခြင်းမှာ) အသင်သည် (ဦးစွာ ပထမသော်)အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော် ရန်ဖြစ်သည်။ ထိုအမျိုးသားတို့၏ အဘ၊ ဘိုး၊ ဘေးတို့မှာ သတိပေးနှိုးဆော်ခြင်း မခံခဲ့ရကြပေ၊ သို့ဖြစ်ပေရာ ထိုအမျိုးသားတို့သည် (တရားလမ်းမှန်ကို) မသိသူများပင် ဖြစ်ကြကုန်သည်။
لَقَدْ حَقَّ ٱلْقَوْلُ عَلَىٰٓ أَكْثَرِهِمْ فَهُمْ لَا يُؤْمِنُونَ
ဧကန်မလွဲ ၎င်းတို့အနက် မြောက်မြားစွာသော သူတို့အပေါ်၌ အမိန့်တော်သည် အတည်ဖြစ်ခဲ့ပေရာ ၎င်းတို့မှာ "အီမာန်" သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။
إِنَّا جَعَلْنَا فِىٓ أَعْنَٰقِهِمْ أَغْلَٰلًۭا فَهِىَ إِلَى ٱلْأَذْقَانِ فَهُم مُّقْمَحُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ထားတော်မူခဲ့ရာ ယင်းလည်ကွင်းများမှာ (၎င်းတို့၏)မေးစေ့များအထိ ရောက်ရှိ၍ နေကုန်၏။ထို့ကြောင့် ၎င်းတို့သည် ဦးခေါင်းမော့လျက်ပင် ရှိနေကြကုန်၏။
وَجَعَلْنَا مِنۢ بَيْنِ أَيْدِيهِمْ سَدًّۭا وَمِنْ خَلْفِهِمْ سَدًّۭا فَأَغْشَيْنَٰهُمْ فَهُمْ لَا يُبْصِرُونَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ရှေ့၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ထိုသူတို့၏ နောက်၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား (အထက်မှလည်း)ဖုံးလွှမ်းထားတော်မူခဲ့ရာ (တစ်နည်း) ထိုသို့အားဖြင့် ငါအရှင်မြတ်သည် ၎င်းတို့အား (အဖက်ဖက်မှ) ဝိုင်းဝန်းထားတော်မူခဲ့ရာ၊ ၎င်းတို့မှာ မြင်နိုင်ကြတော့သည် မဟုတ်ပြီ။
وَسَوَآءٌ عَلَيْهِمْ ءَأَنذَرْتَهُمْ أَمْ لَمْ تُنذِرْهُمْ لَا يُؤْمِنُونَ
စင်စစ် (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား သတိပေး နှိုးဆော်ခဲ့သည်ဖြစ်စေ၊ သတိပေး နှိုးဆော်ခြင်းမပြုခဲ့သည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ၊ ၎င်းတို့သည် "အီမာန်" သက်ဝင် ယုံကြည်ကြတော့မည် မဟုတ်ပေတကား။
إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكْرَ وَخَشِىَ ٱلرَّحْمَٰنَ بِٱلْغَيْبِ ۖ فَبَشِّرْهُ بِمَغْفِرَةٍۢ وَأَجْرٍۢ كَرِيمٍ
အသင်သည် ဆုံးမဩဝါဒကို လိုက်နာသည့်အပြင် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်အား အကွယ်မှ ကြောက်ရွံ့ရိုသေသော သူကိုသာလျှင် သတိပေး နှိုးဆော်နိုင်၏။သို့ဖြစ်ပေရာ အသင်သည် ထိုသူအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြင့်မြတ်လှစွာသော အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်း ကိုပြောကြားပါလေ။
إِنَّا نَحْنُ نُحْىِ ٱلْمَوْتَىٰ وَنَكْتُبُ مَا قَدَّمُوا۟ وَءَاثَٰرَهُمْ ۚ وَكُلَّ شَىْءٍ أَحْصَيْنَٰهُ فِىٓ إِمَامٍۢ مُّبِينٍۢ
မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ ကြိုတင် ပို့ခဲ့ကြသည်များကိုလည်းကောင်း၊ ထိုသူတို့၏ ခြေရာများကိုလည်းကောင်း၊ (တစ်နည်း) ထိုသူတို့သည် နောက်တွင် ချန်ရစ်ခဲ့ကြသည်များကိုလည်းကောင်း၊ ရေးသားထားတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် တိကျစွာ ရေတွက် မှတ်သားတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
وَٱضْرِبْ لَهُم مَّثَلًا أَصْحَٰبَ ٱلْقَرْيَةِ إِذْ جَآءَهَا ٱلْمُرْسَلُونَ
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား ထိုမြို့သူမြို့သားတို့၏ အတ္ထုပ္ပတ္တိတစ်ခုကို ပြောပြပါလေ။ အခါတစ်ပါး၌ ထိုမြို့သူမြို့သားတို့ထံ ရစူလ်တမန်တော်များသည် ရောက်ရှိ၍လာခဲ့ကြကုန်၏။
إِذْ أَرْسَلْنَآ إِلَيْهِمُ ٱثْنَيْنِ فَكَذَّبُوهُمَا فَعَزَّزْنَا بِثَالِثٍۢ فَقَالُوٓا۟ إِنَّآ إِلَيْكُم مُّرْسَلُونَ
အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမြို့သူမြို့သားတို့ထံ (ရစူလ်တမန်တော်)နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ထိုနှစ်ပါးလုံးအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တတိယ(ရစူလ်တမန်တော်)တစ်ပါးကို (စေလွှတ်တော်မူခြင်းအား)ဖြင့်(အားအင် တိုးတက်စေ)တော်မူခဲ့၏။ ထိုအခါ ထိုရစူလ်တမန်တော်တို့က "စင်စစ်ဧကန် ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များပင်) ဖြစ်ကြသည်" ဟုပြောကြားခဲ့ကြကုန်၏။
قَالُوا۟ مَآ أَنتُمْ إِلَّا بَشَرٌۭ مِّثْلُنَا وَمَآ أَنزَلَ ٱلرَّحْمَٰنُ مِن شَىْءٍ إِنْ أَنتُمْ إِلَّا تَكْذِبُونَ
ထိုမြို့သူမြို့သားတို့က "အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင် ဖြစ်ကြပေသည်။ စင်စစ် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည် အသင်တို့အပေါ်၌ မည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးတော်မူသည် မဟုတ်ပေ။ အသင်တို့သည် မုသားပြောဆိုနေကြသည်သာ ဖြစ်သည်" ဟု ပြောဆိုခဲ့ကြကုန်၏။
قَالُوا۟ رَبُّنَا يَعْلَمُ إِنَّآ إِلَيْكُمْ لَمُرْسَلُونَ
ထိုရစူလ်တမန်တော်တို့က ပြောကြားခဲ့ကြကုန်၏။ "ဧကန်မလွဲ ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များ)ဖြစ်ကြောင်းကို ငါတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းစွာ သိရှိတော်မူ၏။
وَمَا عَلَيْنَآ إِلَّا ٱلْبَلَٰغُ ٱلْمُبِينُ
သို့ရာတွင် ငါတို့အပေါ်၌မူကား (အလ္လာဟ်အရှင်မြတ်၏ အကြောင်းကြားချက်များကို အသင်တို့ထံ)ထင်ရှားစွာ ပို့ဆောင်ရန်တာဝန်မှတပါး အခြား တာဝန်မရှိပြီ။
قَالُوٓا۟ إِنَّا تَطَيَّرْنَا بِكُمْ ۖ لَئِن لَّمْ تَنتَهُوا۟ لَنَرْجُمَنَّكُمْ وَلَيَمَسَّنَّكُم مِّنَّا عَذَابٌ أَلِيمٌۭ
ထိုမြို့သူမြို့သားတို့က ပြောဆိုခဲ့ကြကုန်၏။ "အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား အမင်္ဂလာဟု ယူဆကြကုန်၏။ (သို့ဖြစ်ပေရာ)အကယ်၍ အသင်တို့သည် (ဆုံးမဩဝါဒပေးခြင်းကို)ရပ်စဲခြင်း မပြုကြပါလျှင် မုချအမှန် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့်ပစ်ပေါက်၍ သတ်ကြပေမည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့ထံမှ အသင်တို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း မလွဲဧကန် သက်ရောက်မည်ဖြစ်၏။
قَالُوا۟ طَٰٓئِرُكُم مَّعَكُمْ ۚ أَئِن ذُكِّرْتُم ۚ بَلْ أَنتُمْ قَوْمٌۭ مُّسْرِفُونَ
(ထိုအခါ) ရစူလ်တမန်တော်တို့က (ဤသို့) ပြောဆို(ဖြေကြား)ခဲ့ကြကုန်၏။ "အချင်းတို့၊ အသင်တို့၏ မကောင်းသော အတိတ်နိမိတ်သည် အသင်တို့၌ပင် ရှိနေပေသည်။ အသင်တို့ ဆုံးမဩဝါဒပေးခြင်းကို ခံခဲ့ကြရခြင်းသည်(မကောင်းသော အတိတ်နိမိတ်ပင်) ဖြစ်လေသလော။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် စည်းကမ်း ဖောက်ဖျက်သူများ ဖြစ်ကြကုန်သတည်း။
وَجَآءَ مِنْ أَقْصَا ٱلْمَدِينَةِ رَجُلٌۭ يَسْعَىٰ قَالَ يَٰقَوْمِ ٱتَّبِعُوا۟ ٱلْمُرْسَلِينَ
ထိုအခါမြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေး၍လာခဲ့ပြီးလျှင် (ဤသို့)ပြောကြားခဲ့လေ၏။ "အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် ရစူလ်တမန်တော်များ၏လမ်းကို လိုက်ကြလေကုန်၊
Page 1 of 5 (83 ayahs)