Loading surah...
Back to Burmese Quran
176 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُوا۟ رَبَّكُمُ ٱلَّذِى خَلَقَكُم مِّن نَّفْسٍۢ وَٰحِدَةٍۢ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًۭا كَثِيرًۭا وَنِسَآءًۭ ۚ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِى تَسَآءَلُونَ بِهِۦ وَٱلْأَرْحَامَ ۚ إِنَّ ٱللَّهَ كَانَ عَلَيْكُمْ رَقِيبًۭا
အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို (လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အားအကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်း) မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်၊ ထိန်းသိမ်း။ စောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَءَاتُوا۟ ٱلْيَتَٰمَىٰٓ أَمْوَٰلَهُمْ ۖ وَلَا تَتَبَدَّلُوا۟ ٱلْخَبِيثَ بِٱلطَّيِّبِ ۖ وَلَا تَأْكُلُوٓا۟ أَمْوَٰلَهُمْ إِلَىٰٓ أَمْوَٰلِكُمْ ۚ إِنَّهُۥ كَانَ حُوبًۭا كَبِيرًۭا
ထို့ပြင်တဝ အသင်တို့သည် အဖမဲ့ကလေးတို့အား ထိုသူတို့၏ ဥစ္စာပစ္စည်းများကို (သစ္စာရှိစွာဖြင့်) ပြန်၍ ပေးကြကုန်လော့။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏ပစ္စည်း) အညံ့ကို (အဖမဲ့တို့၏ပစ္စည်း) အကောင်းနှင့် လဲလှယ်ခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ထိုအဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို မိမိတို့၏ ဥစ္စာပစ္စည်းများနှင့် ရောနှောစားသုံးခြင်းကိုလည်း မပြုကြကုန်လင့်။ ယင်းကဲ့သို့ပြုမူခြင်းသည် စင်စစ်ဧကန် ကြီးစွာသော အပြစ်ပင်ဖြစ်ချေ၏။
وَإِنْ خِفْتُمْ أَلَّا تُقْسِطُوا۟ فِى ٱلْيَتَٰمَىٰ فَٱنكِحُوا۟ مَا طَابَ لَكُم مِّنَ ٱلنِّسَآءِ مَثْنَىٰ وَثُلَٰثَ وَرُبَٰعَ ۖ فَإِنْ خِفْتُمْ أَلَّا تَعْدِلُوا۟ فَوَٰحِدَةً أَوْ مَا مَلَكَتْ أَيْمَٰنُكُمْ ۚ ذَٰلِكَ أَدْنَىٰٓ أَلَّا تَعُولُوا۟
သို့ရာတွင် အကယ်၍ အသင်တို့သည် ဖမဲ့မိန်းကလေးများနှင့် (ထိန်းမြားရာတွင် ထိုမိန်းကလေးတို့၏ အခွင့်အရေးများနှင့်) ပတ်သက်၍ တရားမျှတအောင် ပြုလုပ်နိုင်ကြမည်ဟုတ်ဟု စိုးရိမ်ကြသော် (ထိုမိန်းကလေးနှင့် မထိမ်းမြားကြနှင့်) မိမိတို့နှစ်ခြိုက်သော (အခြား) အမျိုးသမီးများအနက် (ယောက်ျားတစ်ဦးလျှင်) မိန်းမ နှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမသုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ လေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (မိန်းမတစ်ယောက်ထက်ပို၍ ထိမ်းမြားရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်းဖြစ်ကြပြန်သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်) ။ သို့မဟုတ်ပါမူ (တရားတော်အရ) မိမိတို့လက်အောက်ပိုင်ဆိုင်သော ကျွန်မိန်းမနှင့်ပင် တင်းတိမ်ကြရမည်။ ဤသည် အသင်တို့ စည်းကမ်းကျူးလွန်မှု မပြုကြရန် အနီးစပ်ဆုံး (အသင့်လျော်ဆုံးနည်းပင်) ဖြစ်ချေသည်။
وَءَاتُوا۟ ٱلنِّسَآءَ صَدُقَٰتِهِنَّ نِحْلَةًۭ ۚ فَإِن طِبْنَ لَكُمْ عَن شَىْءٍۢ مِّنْهُ نَفْسًۭا فَكُلُوهُ هَنِيٓـًۭٔا مَّرِيٓـًۭٔا
ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမတို့အား ၎င်းတို့၏ ‘မဟရ်’ ကို ကြည်ဖြူစွာ ပေးကြကုန်လော့။ သို့ရာတွင် အကယ်၍ ထိုဇနီးမိန်းမတို့က ယင်း ‘မဟရ်’ အနက်မှ တချို့တစ်ဝက်ကို (သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း) အသင်တို့အဖို့ သဒ္ဓါစိတ်ကြည်ဖြူစွာနှင့် စွန့်လွှတ်ကြပါလျှင် အသင်တို့သည် (စွန့်လွှတ်သော) ထို ‘မဟရ်’ ကို အရသာရှိရှိ မြိန်ရှက်စွာ စားသုံးနိုင်ကြသည်။
وَلَا تُؤْتُوا۟ ٱلسُّفَهَآءَ أَمْوَٰلَكُمُ ٱلَّتِى جَعَلَ ٱللَّهُ لَكُمْ قِيَٰمًۭا وَٱرْزُقُوهُمْ فِيهَا وَٱكْسُوهُمْ وَقُولُوا۟ لَهُمْ قَوْلًۭا مَّعْرُوفًۭا
၎င်းပြင် အသင်တို့သည် မိမိတို့ (ထံ၌ ထိန်းသိမ်းထားသော ဖမဲ့ကလေးများ၏) ဥစ္စာပစ္စည်းများကို အသိအလိမ္မာ ဉာဏ်ပညာနည်းပါးသောသူတို့အား မပေးကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းများကို အသင်တို့အဖို့ အသက်မွေးဝမ်းကျောင်းမှုအတွက် အရင်းအနှီးအဖြစ် ပြုထားတော်မူသည်။ သို့ရာတွင် အသင်တို့သည် ထိုဥစ္စာပစ္စည်းများအနက်မှ ထိုသူတို့အား ကျွေးမွေးကြလေကုန်၊ ၎င်းပြင် ထိုသူတို့အား ဝတ်စားတန်ဆာ ဆင်ယင်ပေးကြလေကုန်။ ၎င်းပြင် ထိုသူတို့အား ကောင်းမွန်သောစကားကို ပြောဆိုသွန်သင် ဆုံးမကြလေကုန်။
وَٱبْتَلُوا۟ ٱلْيَتَٰمَىٰ حَتَّىٰٓ إِذَا بَلَغُوا۟ ٱلنِّكَاحَ فَإِنْ ءَانَسْتُم مِّنْهُمْ رُشْدًۭا فَٱدْفَعُوٓا۟ إِلَيْهِمْ أَمْوَٰلَهُمْ ۖ وَلَا تَأْكُلُوهَآ إِسْرَافًۭا وَبِدَارًا أَن يَكْبَرُوا۟ ۚ وَمَن كَانَ غَنِيًّۭا فَلْيَسْتَعْفِفْ ۖ وَمَن كَانَ فَقِيرًۭا فَلْيَأْكُلْ بِٱلْمَعْرُوفِ ۚ فَإِذَا دَفَعْتُمْ إِلَيْهِمْ أَمْوَٰلَهُمْ فَأَشْهِدُوا۟ عَلَيْهِمْ ۚ وَكَفَىٰ بِٱللَّهِ حَسِيبًۭا
၎င်းပြင် အသင်တို့သည် ဖမဲ့ကလေးများ (၏အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်အရွယ်သို့ ရောက်ရှိလာကြသည့်တိုင်အောင် စမ်းသပ်ကြလေကုန်၊ ထို့နောက် အကယ်၍ အသင်တို့သည် ထိုဖမဲ့ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရား (ရှိသည်) ကို တွေ့ရှိသော် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို ထိုကလေးများ ကြီးပြင်းလာကြမည်ကိုစိုးရိမ်၍ အလဟဿ သုံးဖြုန်းခြင်းအားဖြင့်လည်းကောင်း၊ လျင်မြန်စွာ သုံးစွဲခြင်းဖြင့်လည်းကောင်း စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ချမ်းသာကြွယ်ဝသူဖြစ်လျှင် ထိုသူသည် (ဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရပေမည်။ သို့ရာတွင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါလျှင် ထိုသူသည် (ထိုဘမဲ့ကလေးတို့ ၏ ဥစ္စာပစ္စည်းအနက်မှ) မလွှဲမရှောင်သာနိုင်သော ကိစ္စများအတွက် အသင့်အတင့် စားသုံးနိုင်ပေသည်။ တစ်ဖန် အသင်တို့သည် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပြန်လည်ပေးအပ်ကြသောအခါ ထိုသူတို့ (အားပြန်လည်ပေးခြင်း) အပေါ်၌ အသိသက်သေများ ထားကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် တွက်ချက်စစ်ဆေးတော်မူသည့် အရှင်အဖြစ် လုံလောက်တော်မူပေသတည်း။
لِّلرِّجَالِ نَصِيبٌۭ مِّمَّا تَرَكَ ٱلْوَٰلِدَانِ وَٱلْأَقْرَبُونَ وَلِلنِّسَآءِ نَصِيبٌۭ مِّمَّا تَرَكَ ٱلْوَٰلِدَانِ وَٱلْأَقْرَبُونَ مِمَّا قَلَّ مِنْهُ أَوْ كَثُرَ ۚ نَصِيبًۭا مَّفْرُوضًۭا
(ကြီးငယ်မဆို) ယောက်ျားများအဖို့ မိဘနှစ်ပါးနှင့် (သွေးချင်းနီးစပ်သော) ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ၎င်းပြင် (ကြီးငယ်မဆို) မိန်းမများအဖို့လည်း မိဘနှစ်ပါးနှင့် သွေးချင်းနီးစပ်သော ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ထို (အမွေပစ္စည်းသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော ဝေစုဝေပုံတစ်ရပ်ဖြစ်သတည်း။
وَإِذَا حَضَرَ ٱلْقِسْمَةَ أُو۟لُوا۟ ٱلْقُرْبَىٰ وَٱلْيَتَٰمَىٰ وَٱلْمَسَٰكِينُ فَٱرْزُقُوهُم مِّنْهُ وَقُولُوا۟ لَهُمْ قَوْلًۭا مَّعْرُوفًۭا
၎င်းပြင် (အမွေပစ္စည်း) ခွဲဝေရာ၌ (အမွေမရထိုက်သော) ဆွေမျိုးညာတကာတို့သည်လည်းကောင်း၊ မိဘမဲ့ကလေးတို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ရှေ့မှောက်တွင် အသင့်ရောက်ရှိလာကြသည်ရှိသော် အသင်တို့သည် ထိုသူတို့အားလည်း ယင်း (အမွေပစ္စည်း) ထဲမှ (အနည်းငယ်မျှ) ကြွေးမွေးပေးကမ်းကြကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ကောင်းမွန်စွာ ပြောဆိုကြလေကုန်။
وَلْيَخْشَ ٱلَّذِينَ لَوْ تَرَكُوا۟ مِنْ خَلْفِهِمْ ذُرِّيَّةًۭ ضِعَٰفًا خَافُوا۟ عَلَيْهِمْ فَلْيَتَّقُوا۟ ٱللَّهَ وَلْيَقُولُوا۟ قَوْلًۭا سَدِيدًا
၎င်းပြင် အကြင်သူများသည် ကြောက်ရွံ့ကြရပေမည်။ အကယ်၍ ထိုသူများသည် မိမိတို့နောက်၌ အင်အားချည့်နဲ့သောကလေးများကို စွန့်ထား (၍သေဆုံး) ကြရသည်ရှိသော် ထိုကလေးများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြပေမည်။ သို့ဖြစ်ပေရာ ထိုသူတို့သည် (ဖမဲ့ကလေးများနှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြရပေမည်။ ၎င်းပြင် (တရားမျှတသော) ဖြောင့်မတ်မှန်ကန်သော စကားကို ပြောဆိုကြရပေမည်။
إِنَّ ٱلَّذِينَ يَأْكُلُونَ أَمْوَٰلَ ٱلْيَتَٰمَىٰ ظُلْمًا إِنَّمَا يَأْكُلُونَ فِى بُطُونِهِمْ نَارًۭا ۖ وَسَيَصْلَوْنَ سَعِيرًۭا
မုချဧကန် အကြင်သူများသည် ဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို မတရားသဖြင့် စားသုံးကြ၏။ မုချဧကန် ထိုသူများသည် မိမိတို့ဝမ်းတွင်းသို့ မီး (ကျီမီးခဲ) ကိုသာလျှင် (ထည့်သွင်း) စားသုံးကြ၏။ ၎င်းပြင် ထိုသူများသည် မကြာမြင့်မီအတွင်း အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲသို့ သက်ဆင်းဝင်ရောက်လာကြရပေမည်။
يُوصِيكُمُ ٱللَّهُ فِىٓ أَوْلَٰدِكُمْ ۖ لِلذَّكَرِ مِثْلُ حَظِّ ٱلْأُنثَيَيْنِ ۚ فَإِن كُنَّ نِسَآءًۭ فَوْقَ ٱثْنَتَيْنِ فَلَهُنَّ ثُلُثَا مَا تَرَكَ ۖ وَإِن كَانَتْ وَٰحِدَةًۭ فَلَهَا ٱلنِّصْفُ ۚ وَلِأَبَوَيْهِ لِكُلِّ وَٰحِدٍۢ مِّنْهُمَا ٱلسُّدُسُ مِمَّا تَرَكَ إِن كَانَ لَهُۥ وَلَدٌۭ ۚ فَإِن لَّمْ يَكُن لَّهُۥ وَلَدٌۭ وَوَرِثَهُۥٓ أَبَوَاهُ فَلِأُمِّهِ ٱلثُّلُثُ ۚ فَإِن كَانَ لَهُۥٓ إِخْوَةٌۭ فَلِأُمِّهِ ٱلسُّدُسُ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصِى بِهَآ أَوْ دَيْنٍ ۗ ءَابَآؤُكُمْ وَأَبْنَآؤُكُمْ لَا تَدْرُونَ أَيُّهُمْ أَقْرَبُ لَكُمْ نَفْعًۭا ۚ فَرِيضَةًۭ مِّنَ ٱللَّهِ ۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًۭا
(အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား၊ အသင်တို့၏ သားသမီးတို့နှင့်ပတ်သက်၍ (ဤသို့) အမိန့်ပေးတော် မူလေသည်။ (သား) ယောက်ျားအတွက် (သမီး) မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ထပ်တူထပ်မျှ (ဝါ) ယောက်ျားကလေး၏ဝေစုဝေပုံမှာ မိန်းကလေး၏ဝေစုဝေပုံ၏ နှစ်ဆဖြစ်သည်။ တစ်ဖန် အကယ်၍ (သမီး) မိန်းမများသည် နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့အတွက် (ကွယ်လွန်သူ) ထားရှိခဲ့သော (အမွေ) ပစ္စည်း၏ သုံးပုံနှစ်ပုံ ဖြစ်ပေသည်။ သို့ရာတွင် ယင်း (သမီး) မိန်းမသည် တစ်ဦးတည်းသာဖြစ်ခဲ့ပါမူ ၎င်း၏အဖို့ (ကွယ်လွန်သူထားရှိခဲ့သော အမွေပစ္စည်း၏) ထက်ဝက်ပင် ဖြစ်ချေသည်။ ၎င်းပြင် အကယ်၍ ယင်း (ကွယ်လွန် သူ) ၌ သားသမီး တစ်စုံတစ်ယောက် ရှိခဲ့ပါမူ ထို (ကွယ်လွန်) သူ၏ မိဘနှစ်ပါးတို့အနက် အသီးသီးတို့အတွက် (ကွယ်လွန်သူ၏ အမွေပစ္စည်းအနက်မှ) ခြောက်ပုံတပုံစီဖြစ်၏။ သို့ရာတွင် အကယ်၍ ထို (ကွယ်လွန်) သူ၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိ၍ မိဘနှစ်ပါးတို့သည် (သာလျှင်) ယင်း (ကွယ်လွန်သူ၏ အမွေကို ဆက်ခံခဲ့ကြပါမူ သို့ဖြစ်လျှင် ၎င်း (ကွယ်လွန်သူ) ၏ အမိအဖို့မှာ သုံးပုံတစ်ပုံဖြစ်သည်။ တစ်ဖန် (အကယ်၍) ယင်း (ကွယ်လွန်သူ) ၌ (မိဘနှစ်ပါးအပြင်) ညီအစ်ကို၊ မောင်နှမများလည်း ရှိကြပါသော် ထို (ကွယ်လွန်) သူ၏ အမိအဖို့ မှာကား ခြောက်ပုံတစ်ပုံသာဖြစ်၏။ (ယင်းကဲ့သို့ အမွေခွဲဝေခြင်းကိစ္စသည်) ထို (ကွယ်လွန်) သူ မှာကြားခဲ့သော သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများကို ဆောင်ရွက်ပြီးနောက်၊ သို့တည်းမဟုတ် (ကွယ်လွန်သူ၏အပေါ်၌ တင်ရှိသော) ကြွေးမြီ ပေးဆပ်ပြီးမှသာလျှင် ခွဲဝေကြရမည်ဖြစ်သည်။ (စင်စစ်မှာမူကား) အသင်တို့၏အဖ (ဘိုး၊ ဘေး) များနှင့် အသင်တို့၏ သား (မြေး၊ မြစ်) များအနက် မည်သူသည် အကျိုးကျေးဇူးဖြစ်ထွန်းစေခြင်းတွင် အသင်တို့နှင့် အနီးစပ်ဆုံးဖြစ်သည်ကို အသင်တို့သည် မသိနိုင်ကြချေ။ (သို့ဖြစ်ပေရာ ဤအမွေခွဲတမ်းသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ (အသင်တို့၏ ကောင်းကျိုးကို ထောက်ထားကာ) ပြဋ္ဌာန်းပြီးဖြစ်သော တာဝန်တစ်ရပ်ပင်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
۞ وَلَكُمْ نِصْفُ مَا تَرَكَ أَزْوَٰجُكُمْ إِن لَّمْ يَكُن لَّهُنَّ وَلَدٌۭ ۚ فَإِن كَانَ لَهُنَّ وَلَدٌۭ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكْنَ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصِينَ بِهَآ أَوْ دَيْنٍۢ ۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكْتُمْ إِن لَّمْ يَكُن لَّكُمْ وَلَدٌۭ ۚ فَإِن كَانَ لَكُمْ وَلَدٌۭ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكْتُم ۚ مِّنۢ بَعْدِ وَصِيَّةٍۢ تُوصُونَ بِهَآ أَوْ دَيْنٍۢ ۗ وَإِن كَانَ رَجُلٌۭ يُورَثُ كَلَٰلَةً أَوِ ٱمْرَأَةٌۭ وَلَهُۥٓ أَخٌ أَوْ أُخْتٌۭ فَلِكُلِّ وَٰحِدٍۢ مِّنْهُمَا ٱلسُّدُسُ ۚ فَإِن كَانُوٓا۟ أَكْثَرَ مِن ذَٰلِكَ فَهُمْ شُرَكَآءُ فِى ٱلثُّلُثِ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصَىٰ بِهَآ أَوْ دَيْنٍ غَيْرَ مُضَآرٍّۢ ۚ وَصِيَّةًۭ مِّنَ ٱللَّهِ ۗ وَٱللَّهُ عَلِيمٌ حَلِيمٌۭ
၎င်းပြင် အသင်တို့အတွက် အကယ်၍သာ အသင်တို့၏ ဇနီးမိန်းမများ၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့လျှင်၊ ထိုဇနီးမိန်းမများ ထားရှိခဲ့ကြသော (အမွေ) ပစ္စည်း၏ ထက်ဝက်ပင်ဖြစ်သည်။ တစ်ဖန် အကယ်၍ ယင်းဇနီးမိန်းမတို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါမူ အသင်တို့အတွက် ထိုဇနီးမိန်းမများထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ လေးပုံတစ်ပုံသာဖြစ်ချေသည်။ (သို့ရာတွင် ၎င်းအမွေပစ္စည်းတို့ကို) ထိုဇနီးမိန်းမများက မှာကြားခဲ့ကြသော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်းကောင်း၊ (ထိုဇနီးသည်တို့အပေါ်ဝယ် တင်ရှိနေသော) ကြွေးမြီများကို ပေးဆပ်ပြီးနောက်တွင်လည်းကောင်း (ခွဲဝေရပေမည်) ။ ၎င်းပြင် အကယ်၍ အသင်တို့၌ သားသမီးတစ်စုံတစ်ယောက် မရှိခဲ့ပါလျှင်၊ အသင်တို့ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများ အနက်မှ ၎င်းဇနီးမိန်းမတို့အတွက် လေးပုံတစ်ပုံသည် ဖြစ်သည်။ တစ်ဖန် အကယ်၍ အသင်တို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါသော် ထိုဇနီးမိန်းမတို့အတွက် အသင်တို့ထားရှိခဲ့ကြသော (အမွေ) ပစ္စည်း များအနက်မှ ရှစ်ပုံတစ်ပုံ (သာ) ဖြစ်သည်။ (သို့ရာတွင ယင်းအမွေပစ္စည်းတို့ကို) အသင်တို့မှာကြားခဲ့သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်း ကောင်း၊ (အသင်တို့အပေါ်ဝယ် တင်ရှိသော) ကြွေးမြီကို ပေးဆပ်ပြီးနောက်လည်းကောင်း ခွဲဝေရမည်။ ထို့ပြင်တဝ အမွေထားရှိခဲ့သော အကြင်ယောက်ျား တစ်ဦးတစ်ယောက်ဖြစ်စေ၊ အကြင်မိန်းမ တစ်ဦးတစ်ယောက်ဖြစ်စေ၊ (မိဘနှင့် သားသမီးမရှိဘဲ) ထိုသူ (သို့မဟုတ် ထိုသူမ) ၌ (မိတူဖကွဲ) ညီ (သို့မဟုတ် မောင် သို့မဟုတ်) အစ်ကို တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ (မိတူဖကွဲ) နှမ (သို့မဟုတ် ညီ သို့မဟုတ် အစ်မ) တစ်ဦးတစ်ယောက်သော်လည်းကောင်း ရှိခဲ့သော်၊ ထို (အစ်ကို၊ မောင်၊ နှစ်မ) နှစ်ဦးတို့အနက် အသီးသီးတို့အတွက် ခြောက်ပုံတစ်ပုံစီဖြစ်၏။ တစ်ဖန် အကယ်၍ ယင်း (မိတူဖကွဲ ညီအစ်ကို၊ မောင်၊ နှမ) တို့သည် တစ်ဦးထက်ပိုခဲ့ပါမူ ၎င်းတို့သည် သုံးပုံတစ်ပုံတွင် (ညီတူညီမျှသက်ဆိုင်သော) အစုရှင်များဖြစ်ကြကုန်၏။ (ယင်းသို့ ခွဲဝေခြင်းကို) မှာကြားပြီးဖြစ်သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ရှိသောကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်းကောင်း၊ (ပေးဆပ်ရန်ရှိသော) ကြွေးမြီများကို ပေးဆပ်ပြီးနောက်လည်းကောင်း ပြုရပေမည်။ သို့ရာတွင် (မှာကြားသွားသူသည်) (သက်ဆိုင်ရာအမွေစားတို့အား မိမိမှာကြားခြင်းဖြင့် နစ်နာဆုံးရှုံးအောင် မဖြစ်စေခဲ့သည်ရှိသော်) ။ (ဤသည်ကား) အလ္လာဟ်အရှင်မြတ်အထံတော်မှ (ထုတ်ပြန်တော်မူသော) အမိန့်တော်ပင်တည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အလွန်တရာမျှ သည်းခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
تِلْكَ حُدُودُ ٱللَّهِ ۚ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدْخِلْهُ جَنَّٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا ۚ وَذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ
ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် (သတ်မှတ်ပြဋ္ဌာန်းတော်မူသော) စည်းမျဉ်းဥပဒေများပင်တည်း၊ အမှန်သော်ကား အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့် တော်များကိုလည်းကောင်း လိုက်နာပါမူ ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ယင်းဥယျာဉ်များအောက်၌ စမ်းရေချောင်းများသည် စီးတွေလျက်ရှိသည်။ ထိုသူတို့သည် ၎င်းဥယျာဉ်များ၌ နေထိုင် စံမြန်းလျက်ရှိကြမည်။ အမှန်စင်စစ် ဤ (ကဲ့သို့ ဝင်ရောက်နေထိုင်စံမြန်းရခြင်း) သည်ကား ကြီးကျယ်လှစွာသော အောင်မြင်မှုပင်တည်း။
وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدْخِلْهُ نَارًا خَٰلِدًۭا فِيهَا وَلَهُۥ عَذَابٌۭ مُّهِينٌۭ
သို့ရာတွင် အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း သွေဖည်ငြင်းပယ်၍ ထိုအရှင်မြတ်၏ စည်းမျဉ်းဥပဒေများကိုလည်း ကျူးကျော်ဖောက်ဖျက်သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းသူအား (ငရဲ) မီးထဲသို့ ဝင်ရောက်စေတော်မူအံ့။ ထိုသူသည် ယင်း (ငရဲမီး) ထဲ၌ ထာဝစဉ် နေထိုင်ရပေမည်။ ၎င်းပြင် ထိုသူအဖို့ ဂုဏ်အသရေပျက်ပြားစေသော အပြစ်ဒဏ်သည်လည်းရှိအံ့။
وَٱلَّٰتِى يَأْتِينَ ٱلْفَٰحِشَةَ مِن نِّسَآئِكُمْ فَٱسْتَشْهِدُوا۟ عَلَيْهِنَّ أَرْبَعَةًۭ مِّنكُمْ ۖ فَإِن شَهِدُوا۟ فَأَمْسِكُوهُنَّ فِى ٱلْبُيُوتِ حَتَّىٰ يَتَوَفَّىٰهُنَّ ٱلْمَوْتُ أَوْ يَجْعَلَ ٱللَّهُ لَهُنَّ سَبِيلًۭا
ထို့ပြင်တဝ အသင်တို့၏ ဇနီးမိန်းမတို့အနက်မှ အကြင်မိန်းမတို့သည် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါလျှင်၊ အသင်တို့သည် ထိုဇနီးမိန်းမများအပေါ်၌ မိမိတို့အနက်မှ (ယောက်ျား) လေးယောက်တို့ကို သက်သေထားရှိကြလေကုန်။ အကယ်၍ ထိုသူလေးဦးတို့က (အမှန်အကန်) သက်သေခံခဲ့ကြပါမူ အသင်တို့သည် ယင်းမိန်းမတို့အား အိမ်များအတွင်း၌ ထိုသူမတို့ အသက်သေဆုံးသည့်တိုင်အောင်ဖြစ်စေ၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည် ထိုသူမတို့အဖို့ တစ်စုံတစ်ရာနည်းလမ်းကို ပြုလုပ်ပေးသည့်တိုင်အောင်ဖြစ်စေ အကျဉ်းချထားကြလေကုန်။
وَٱلَّذَانِ يَأْتِيَٰنِهَا مِنكُمْ فَـَٔاذُوهُمَا ۖ فَإِن تَابَا وَأَصْلَحَا فَأَعْرِضُوا۟ عَنْهُمَآ ۗ إِنَّ ٱللَّهَ كَانَ تَوَّابًۭا رَّحِيمًا
၎င်းပြင် အသင်တို့အနက်မှ အကြင်သူနှစ်ဦးတို့သည် ယင်းကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါမူ အသင်တို့သည် ထိုသူနှစ်ဦးကို ဒုက္ခပေးကြလေကုန်။ တစ်ဖန် အကယ်၍ ထိုသူတို့နှစ်ဦးသည် (နောင်တ တရားရရှိကာ မိမိတို့အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခြင်းငှါ) ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်သွားခဲ့ကြပါမူ အသင်တို့သည် ယင်းသူတို့နှစ်ဦး (အားဒုက္ခပေးခြင်း) မှ ရှောင်ရှားကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဝန်ချတောင်းပန်သူများဘက်သို့) အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသောအရှင်၊ အလွန်သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
إِنَّمَا ٱلتَّوْبَةُ عَلَى ٱللَّهِ لِلَّذِينَ يَعْمَلُونَ ٱلسُّوٓءَ بِجَهَٰلَةٍۢ ثُمَّ يَتُوبُونَ مِن قَرِيبٍۢ فَأُو۟لَٰٓئِكَ يَتُوبُ ٱللَّهُ عَلَيْهِمْ ۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًۭا
အလ္လာဟ်အရှင်မြတ်အပေါ်၌ အကြင်သူတို့၏ ဝန်ချတောင်းပန်ချက်ကိုသာလျှင် သဘောတူလက်ခံတော်မူရန် တာဝန်ရှိပေသည်။ ထိုသူတို့သည် မသိမိုက်မဲမှုကြောင့် ဒုစရိုက်မှုကိုပြုမိကြ၏။ ထို့နောက် မကြာမီအတွင်း ထိုသူတို့သည် (သတိသံဝေဂ နောင်တရရှိကာ) ဝန်ချတောင်းပန်ကြ၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ (ကရုဏာတော်နှင့်) ပြန်လှည့်တော်မူလေသည်။ စင်စစ် အလ္လာဟ်အရှင်အရှင်မြတ်သည် အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။
وَلَيْسَتِ ٱلتَّوْبَةُ لِلَّذِينَ يَعْمَلُونَ ٱلسَّيِّـَٔاتِ حَتَّىٰٓ إِذَا حَضَرَ أَحَدَهُمُ ٱلْمَوْتُ قَالَ إِنِّى تُبْتُ ٱلْـَٰٔنَ وَلَا ٱلَّذِينَ يَمُوتُونَ وَهُمْ كُفَّارٌ ۚ أُو۟لَٰٓئِكَ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًۭا
သို့ရာတွင် အကြင်သူတို့အဖို့ ဝန်ချတောင်းပန်ချက်ကား မရှိပေ။ ထိုသူတို့သည် ဒုစရိုက်မှုများကို ပြုကျင့်လျက်ရှိကြ၏။ (ယင်းကဲ့သို့ ဒုစရိုက်မှုများတွင် နစ်မွန်းလျက်ရှိကြပေရာ နောက်ဆုံးတွင်) ထိုသူတို့အနက် တစ်ဦးတစ်ယောက်ထံသို့ သေခြင်းတရားသည် ရောက်ရှိလာလေတော့၏။ ထိုအခါ ထိုသူက “ကျွန်တော်မျိုးသည် ယခု မုချတောင်းပန်ပါပြီ” ဟု လျှောက်ထားလေသည်။ ၎င်းပြင် အကြင်သူများအဖို့လည်း ဝန်ချတောင်းပန်ခြင်းကား မရှိပေ။ ထိုသူများသည် ကာဖိရ်များအဖြစ်နှင့်ပင် သေဆုံးသွားကြ၏။ ဤသူများ (ကာဖိရ်များ) အဖို့ ငါအရှင်မြတ်သည် ပြင်းပြနာကြင်ဖွယ်ဖြစ်သော အပြစ်ဒဏ်ကို အသင့်ပြုလုပ်ထားတော်မူသည်။
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا يَحِلُّ لَكُمْ أَن تَرِثُوا۟ ٱلنِّسَآءَ كَرْهًۭا ۖ وَلَا تَعْضُلُوهُنَّ لِتَذْهَبُوا۟ بِبَعْضِ مَآ ءَاتَيْتُمُوهُنَّ إِلَّآ أَن يَأْتِينَ بِفَٰحِشَةٍۢ مُّبَيِّنَةٍۢ ۚ وَعَاشِرُوهُنَّ بِٱلْمَعْرُوفِ ۚ فَإِن كَرِهْتُمُوهُنَّ فَعَسَىٰٓ أَن تَكْرَهُوا۟ شَيْـًۭٔا وَيَجْعَلَ ٱللَّهُ فِيهِ خَيْرًۭا كَثِيرًۭا
အို- သက်ဝင်ယုံကြည်သူ အပေါင်းတို့။ အသင်တို့အဖို့ မိန်းမတို့အား အဓမ္မနည်းဖြင့် အမွေ (ပစ္စည်း) အဖြစ် သိမ်းပိုက်ခြင်းသည် တရားသက်ဝင်သည်မဟုတ်ပေ။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ပေးခဲ့ဖူးသော ပစ္စည်းအချို့အဝက်ကို ပြန်လည်၍ယူရန်အလို့ငှာ ထိုမိန်းမတို့အား (ထိမ်းမြားခြင်းမှ) ပိတ်ပင်တားဆီးခြင်းကိုလည်း မပြုကြလေနှင့်၊ သို့ရာတွင် ထိုမိန်းမများသည် ထင်ရှားသော စက်ဆုပ်ရွံ့ရှာဖွယ် အမှုကိစ္စကို ပြုကျင့်သည်ရှိသော် (အသင်တို့သည် ထိုမိန်းမတို့အား ထိမ်းမြားခြင်းမှ ပိတ်ပင်တားဆီးနိုင်ကြပေသည်။ ထိုမိန်းမတို့၏ ဥစ္စာပစ္စည်းကိုယူပိုင်ကြပေသည်) ။ ၎င်းပြင် အသင်တို့သည် ယင်းမိန်းမတို့နှင့် ကောင်းမွန်စွာ ဆက်ဆံကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် ထိုမိန်းမတို့ကို မနှစ်ခြိုက်ကြပါမူ (ခန္တီတရားထားရှိကြကာ သည်းခံကြလေကုန်) ။ အကြောင်းသော်ကား အသင်တို့သည် တစ်စုံတစ်ရာကို မနှစ်ခြိုက်ကြငြားလည်း အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများ၌ များစွာသော ကောင်းမြတ်ခြင်းကို ပြုလုပ်တော်မူတန်ရာ၏။
وَإِنْ أَرَدتُّمُ ٱسْتِبْدَالَ زَوْجٍۢ مَّكَانَ زَوْجٍۢ وَءَاتَيْتُمْ إِحْدَىٰهُنَّ قِنطَارًۭا فَلَا تَأْخُذُوا۟ مِنْهُ شَيْـًٔا ۚ أَتَأْخُذُونَهُۥ بُهْتَٰنًۭا وَإِثْمًۭا مُّبِينًۭا
ထို့ပြင်တဝ အကယ်၍ အသင်တို့သည် (ပေါင်းသင်းဆက်ဆံခြင်းငှာ မဖြစ်နိုင်၍) ဇနီးမိန်းမတစ်ဦး (ကိုကွာရှင်းကာ ၎င်း) ၏နေရာ၌ အခြားမိန်းမတစ်ဦးကို ပြောင်းလဲ (ထိမ်းမြား) ရန် ကြံရွယ်ရည်စူး ကြပါမူ၊ အသင်တို့သည် ထို (ပထမ) ဇနီးသည်ကို ပစ္စည်းအမြောက်အမြား ပေးထားခဲ့ကြလင့်ကစား ထိုပစ္စည်းများအနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်၍ မယူကြကုန်လင့်။ အသင်တို့သည် (မိမိတို့ပေးခဲ့ပြီးဖြစ်သော) ပစ္စည်းများကို မဟုတ်မမှန်ပြောဆိုစွပ်စွဲ၍ ထင်ရှားသောပြစ်မှုကို (ကျူးလွန်ကာ) ပြန်၍ ယူလိုကြပါသလော။
Page 1 of 9 (176 ayahs)