Loading surah...
Back to Burmese Quran
200 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓمٓ
အလိဖ်လာမ်မီမ်။
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ
အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ခဝပ်ကိုးကွယ် ရာအရှင်ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိချေ။ (ထိုအရှင်မြတ်သည် မရဏသေခြင်းတရားမှ လုံးဝကင်းစင်တော်မူ၍) နိစ္စထာဝရ အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် အမြဲထာဝရတည်နေတော်မူ၍ သက်ရှိသက်မဲ့ အပေါင်းတို့အား) ထိန်းသိမ်းစောင့်ရှောက်တော် မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။
نَزَّلَ عَلَيْكَ ٱلْكِتَٰبَ بِٱلْحَقِّ مُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ وَأَنزَلَ ٱلتَّوْرَىٰةَ وَٱلْإِنجِيلَ
ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်၏ အပေါ်ဝယ် ကျမ်းမြတ်(ကုရ်အာန်)ကို မှန်ကန် တိကျစွာဖြင့် ထုတ်ပြန်ပို့ချတော်မူလေပြီ။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိထက်ရှေးဦးစွာ ကျရောက်ခဲ့သော ဒေသနာတော် ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ရှေးအထက်ကျော်ကာလ၌ လူခပင်းတို့ အဖို့တရားဓမ္မအဖြစ် တော်ရာတ် ကျမ်းမြတ်နှင့် အီန်ဂျီလ်ကျမ်းမြတ်ကိုလည်း ထုတ်ပြန်ပို့ချတော် မူခဲ့လေပြီ။
مِن قَبْلُ هُدًۭى لِّلنَّاسِ وَأَنزَلَ ٱلْفُرْقَانَ ۗ إِنَّ ٱلَّذِينَ كَفَرُوا۟ بِـَٔايَٰتِ ٱللَّهِ لَهُمْ عَذَابٌۭ شَدِيدٌۭ ۗ وَٱللَّهُ عَزِيزٌۭ ذُو ٱنتِقَامٍ
ထိုမှတစ်ပါး တုံ အရှင်မြတ်သည်(မိမိစေလွှတ်တော်မူသော နဗီတမန်တော်များကို ထောက်ခံစေ ခြင်းအားဖြင့်) အမှားအမှန်ကို ခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန် အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကလက္ခဏာရပ်များကို မယုံမကြည် သွေဖည်ငြင်းပယ်ကြသောသူတို့အဖို့ ပြင်းထန်သောပြစ်ဒဏ်သည်အသင့်ရှိ၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ တုံ့ပြန် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّ ٱللَّهَ لَا يَخْفَىٰ عَلَيْهِ شَىْءٌۭ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ
ဧကန်မုချ ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ အာကာသကောင်းကင်၌ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ မည်သည့်တစုံတခုမျှ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဖုံးကွယ်နေသည်ဟူ၍ မရှိချေ။
هُوَ ٱلَّذِى يُصَوِّرُكُمْ فِى ٱلْأَرْحَامِ كَيْفَ يَشَآءُ ۚ لَآ إِلَٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ
ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း(မိခင်တို့၏)သားအိမ်များတွင် အသင်တို့၏ရုပ်အဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်းတော်မူသော အရှင်မြတ်ပင်(ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွမ်းမူတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ် ပညာနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူချေသတည်း။
هُوَ ٱلَّذِىٓ أَنزَلَ عَلَيْكَ ٱلْكِتَٰبَ مِنْهُ ءَايَٰتٌۭ مُّحْكَمَٰتٌ هُنَّ أُمُّ ٱلْكِتَٰبِ وَأُخَرُ مُتَشَٰبِهَٰتٌۭ ۖ فَأَمَّا ٱلَّذِينَ فِى قُلُوبِهِمْ زَيْغٌۭ فَيَتَّبِعُونَ مَا تَشَٰبَهَ مِنْهُ ٱبْتِغَآءَ ٱلْفِتْنَةِ وَٱبْتِغَآءَ تَأْوِيلِهِۦ ۗ وَمَا يَعْلَمُ تَأْوِيلَهُۥٓ إِلَّا ٱللَّهُ ۗ وَٱلرَّٰسِخُونَ فِى ٱلْعِلْمِ يَقُولُونَ ءَامَنَّا بِهِۦ كُلٌّۭ مِّنْ عِندِ رَبِّنَا ۗ وَمَا يَذَّكَّرُ إِلَّآ أُو۟لُوا۟ ٱلْأَلْبَٰبِ
ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ်ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချ တော်မူသော အရှင်မြတ်ပင်တည်း။ ထိုကျမ်းမြတ် အနက် မပြောင်းမလွဲ ပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပာယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင်မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှု ရှိသောသူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပာယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်း ဆင်တူရိုးမှားအာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပာယ်ပြားသော ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သောအနက်အဓိပ္ပာယ်အလို သဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတပါး မည်သူမျှမသိချေ။သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊မုတရှာ၊ ဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှား ဖြစ်သောအာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟု ပြောဆိုကြကုန်၏။ အမှန်သော်ကား စင်ကြယ်သန့်ရှင်းအပြစ်ကင်းသည့် ပညာရှင်အပေါင်းတို့မှအပ အခြားသူများတရားလမ်းမှန် မရနိုင်ချေ။
رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً ۚ إِنَّكَ أَنتَ ٱلْوَهَّابُ
(ဉာဏ်ပညာအရာ၌ ရင့်သန်သောသူတို့သည်ဤကဲ့သို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးနောက်ကျွန်တော်မျိုး တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင်ပြုတော်မမူပါနှင့်။ ကျွန်တော်မျိုးအား (တရားလမ်း ပေါ်၌မြဲမြံစွာ တည်တံ့နိုင်စေခြင်းငှာ) မိမိအထံတော်မှ ကရုဏာတရားကို ပေးသနားတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည်သာလျှင် ရက်ရောစွာ ပေးသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူပါသည်။
رَبَّنَآ إِنَّكَ جَامِعُ ٱلنَّاسِ لِيَوْمٍۢ لَّا رَيْبَ فِيهِ ۚ إِنَّ ٱللَّهَ لَا يُخْلِفُ ٱلْمِيعَادَ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန် အရှင်မြတ်သည် အကြင် (ရှင်ပြန်ထမည့်)နေ့တွင် လူခပ်သိမ်းတို့အား စုရုံးတော်မူမည့် အရှင်မြတ်ပင်တည်း။ထိုနေ့နှင့် စပ်လျဉ်း၍ လုံးဝ ယုံမှားသံသယမရှိပါ။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ထားရှိတော်မူသော ကတိသစ္စာတော်ကို အလျင်း ဖောက်ဖျက်တော်မူမည် မဟုတ်ပါ။
إِنَّ ٱلَّذِينَ كَفَرُوا۟ لَن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَٰدُهُم مِّنَ ٱللَّهِ شَيْـًۭٔا ۖ وَأُو۟لَٰٓئِكَ هُمْ وَقُودُ ٱلنَّارِ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။
كَدَأْبِ ءَالِ فِرْعَوْنَ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا۟ بِـَٔايَٰتِنَا فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ ۗ وَٱللَّهُ شَدِيدُ ٱلْعِقَابِ
(ထိုသူတို့အလေ့အကျင့်သည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံတို့နှင့် ယင်းဖိရ်အောင်န်၏ အခြွေအရံများအလျင် ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်ကဲ့သို့ပင်ဖြစ်၏။ (ထိုအလေ့အကျင့်မှာ) ယင်းသူတို့သည် ငါအရှင်မြတ်၏အမိန့်တော် (သက်သေခံလက္ခဏာတော်) များကိုမဟုတ်မမှန် မုသားဖြစ်သည်ဟူ၍ ငြင်းဆိုခဲ့ကြလေသည်။သို့ဖြစ်ပေရာ အလ္လာဟ် အသျှင်မြတ်သည် ယင်းသူတို့အားယင်းသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် အရေးယူအပြစ်ဒဏ်ပေးတော်မူခဲ့ချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပြင်းထန်စွာအပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။
قُل لِّلَّذِينَ كَفَرُوا۟ سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ ٱلْمِهَادُ
(အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့။ ၎င်းပြင် (နောင်တမလွန်ဘဝတွင်လည်း)ဂျဟန္နမ် ငရဲဘုံ၌ စုရုံးစေခြင်းကို ခံကြရကုန်အံ့။ စင်စစ်ထို(ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှစွာတကား။
قَدْ كَانَ لَكُمْ ءَايَةٌۭ فِى فِئَتَيْنِ ٱلْتَقَتَا ۖ فِئَةٌۭ تُقَٰتِلُ فِى سَبِيلِ ٱللَّهِ وَأُخْرَىٰ كَافِرَةٌۭ يَرَوْنَهُم مِّثْلَيْهِمْ رَأْىَ ٱلْعَيْنِ ۚ وَٱللَّهُ يُؤَيِّدُ بِنَصْرِهِۦ مَن يَشَآءُ ۗ إِنَّ فِى ذَٰلِكَ لَعِبْرَةًۭ لِّأُو۟لِى ٱلْأَبْصَٰرِ
မချွတ်ဧကန် အသင်တို့ (ဆင်ခြင်ရန်၊ ကိုးကားရန်) အတွက် (ဗဒ်ရ်)စစ်ပွဲတွင် လူနှစ်စုသည် တစဖက်နှင့်တစ်ဖက် ရင်ဆိုင်ကြသော (အခြင်းအရာ) ၌ က်သေသာဓက တစ်ရပ် ရှိပေသည်။ (ယင်းလူနှစ်စုအနက်) တစ်စုသည် (မုစ်လင်မ် များပင်ဖြစ်ကြပေရာ) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်လျက် ရှိခဲ့ကြလေသည်။သို့ရာတွင် နောက်တစ်စုသည် မယုံမကြည် သွေဖည်ငြင်းပယ်လေသော ကာဖိရ်များပင် ဖြစ်ခဲ့ကြ၏။ ယင်းသူတို့သည် မိမိတို့ကိုယ်ကို ထိုမုစ်လင်မ် များထက်နှစ်ဆ ဖြစ်နေသည်ကိုလည်းမျက်ဝါးထင်ထင် တွေ့မြင်ကြလေသည်။ သို့ရာတွင် (အနိုင်အရှုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌သာ ရှိနေပေရာ) အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုသောသူများကိုသာမိမိ အကူအညီဖြင့် အားပေး၍ (နိုင်စေ)တော်မူလေသည်။အမှန်စင်စစ်သော်ကား ယင်း(အခြင်းအရာ)၌ ဉာဏ စက္ခုဉာဏ်အမြော်အမြင်ရှိသူများ အဖို့အရာ (ကြီးကျယ်သော)သင်ခဏ်းစာသည် အမှန်ရှိပေသတည်း။ ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူ များလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ်အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။
زُيِّنَ لِلنَّاسِ حُبُّ ٱلشَّهَوَٰتِ مِنَ ٱلنِّسَآءِ وَٱلْبَنِينَ وَٱلْقَنَٰطِيرِ ٱلْمُقَنطَرَةِ مِنَ ٱلذَّهَبِ وَٱلْفِضَّةِ وَٱلْخَيْلِ ٱلْمُسَوَّمَةِ وَٱلْأَنْعَٰمِ وَٱلْحَرْثِ ۗ ذَٰلِكَ مَتَٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَٱللَّهُ عِندَهُۥ حُسْنُ ٱلْمَـَٔابِ
လူခပင်းတို့ အဖို့အရာ၊ မိန်းမများကိုလည်းကောင်း၊ သားရတနာများကိုလည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကိုလည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန်မျိုးကောင်း မြင်းများကိုလည်းကောင်း၊ (နွား၊ သိုး၊ ဆိတ်) ကုလားအုတ် စသည့်တိရိစ္ဆာန်များကိုလည်းကောင်း၊ လယ်ယာဥယျာဉ်များကို လည်းကောင်း၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုး၊ လှပတင့်တယ်ဤသည်တို့ကား ပစ္စပ္ပုန် လောကီဘဝ၏ အသုံးအဆောင်များသာတည်း။ အမှန်စင်စစ်အားဖြင့် အမြင့်မြတ်ဆုံးသောပြန်လည်ရာ ဌာနသည်ကား အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာလျှင် ရှိပေသတည်း။
۞ قُلْ أَؤُنَبِّئُكُم بِخَيْرٍۢ مِّن ذَٰلِكُمْ ۚ لِلَّذِينَ ٱتَّقَوْا۟ عِندَ رَبِّهِمْ جَنَّٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا وَأَزْوَٰجٌۭ مُّطَهَّرَةٌۭ وَرِضْوَٰنٌۭ مِّنَ ٱللَّهِ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ
(အို-နဗီတမန်တော်) အသင်သည် (လူသားတို့အား) ပြောကြားပါလေ။ အကျွန်ုပ်သည် အသင်တို့ အားထို (အထက်အဆိုပါ လောကီရတနာစည်းစိမ်များ)ထက် ပိုမိုသင့်မြတ်သောအရာများကို အကြောင်းကြားရပါမည်လော။(အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ ဒုစရိုက်မှုတို့ကို) ကြဉ်ရှောင်သော သူတော်စင်များအဖို့ ယင်းသူတို့အားမွေးမြူတော် မူသော အရှင်မြတ်အထံတော်၌ ဥယျာဉ်တော်များရှိပေသည်။ ထိုဥယျာဉ်တော်များ၏အောက်မှ စမ်းရေ ချောင်းများသည် (အယဉ်တွေတွေ)စီးဆင်လျက် ရှိပေသည်။ (ယင်းသူတို့သည်) ထိုဥယျာဉ်တော်များ တွင် အမြဲထာဝရ စံနေကြမည့်သူများပင် ဖြစ်ကြ ပေသည်။ (ထို့ပြင် ယင်းသူတို့အဖို့)စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ဇနီးများလည်း ရှိကြပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုလည်းရှိပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိ၏)ကျွန်များ (၏အခြေအနေအဖြစ်အပျက် အားလုံး တို့ကို)ခွဲခြားသိမြင်တော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
ٱلَّذِينَ يَقُولُونَ رَبَّنَآ إِنَّنَآ ءَامَنَّا فَٱغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ ٱلنَّارِ
အကြင်သူ(တော်စင်)တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘဝတွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။
ٱلصَّٰبِرِينَ وَٱلصَّٰدِقِينَ وَٱلْقَٰنِتِينَ وَٱلْمُنفِقِينَ وَٱلْمُسْتَغْفِرِينَ بِٱلْأَسْحَارِ
(အပြစ်များမှကြဉ်ရှောင်သော ထိုသူတော်စင်များသည်) ခန္တီတရားနှင့် ပြည့်စုံသောသူများလည်းကောင်း၊(စိတ်နှလုံးဖြောင့်မတ်မှန်ကန် ငြိမ်သက်တည်ကြည်သော)သစ္စာဝါဒီများလည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူများလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ် အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။
شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلْمَلَٰٓئِكَةُ وَأُو۟لُوا۟ ٱلْعِلْمِ قَآئِمًۢا بِٱلْقِسْطِ ۚ لَآ إِلَٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ
အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း (မိမိ ကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင် တမန်များနှင့် ပညာရှင် သုခမိန် အပေါင်းတို့သည်လည်း (မိမိတို့၏ အကျင့်အမူများဖြင့် သက်သေခံခဲ့ ကြလေပြီ)ထိုအရှင်မြတ်သည် တရားမျှတစွာ စီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ် ရာ အရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ (ထို အရှင်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရား နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။
إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلْإِسْلَٰمُ ۗ وَمَا ٱخْتَلَفَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۗ وَمَن يَكْفُرْ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော် ၌(နှစ်မြို့တော်မူပြီးဖြစ်သော) ဒီန် သာသနာမှာ မူကားအစ္စလာမ် သာသနာတော်ပင်တည်း။ အမှန်သော်ကား(တော်ရာတ်နှင့် အီန်ဂျီလ်) ကျမ်းများ ပေးသနားတော်မူခြင်းခံကြရသော သူတို့သည် မိမိတို့ထံ အသိတရားရောက်ရှိပြီးနောက် သော်မှပင် မိမိတို့အချင်းချင်း မနာလိုဝန်တိုစိတ်ထား ရှိခြင်းကြောင့် မညီမညွတ် သဘောကွဲလွဲကြကုန်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို သွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေး စောကြောတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။
فَإِنْ حَآجُّوكَ فَقُلْ أَسْلَمْتُ وَجْهِىَ لِلَّهِ وَمَنِ ٱتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ وَٱلْأُمِّيِّۦنَ ءَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا۟ فَقَدِ ٱهْتَدَوا۟ ۖ وَّإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْكَ ٱلْبَلَٰغُ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ
(အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
Page 1 of 10 (200 ayahs)