Loading surah...
Back to Burmese Quran
45 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قٓ ۚ وَٱلْقُرْءَانِ ٱلْمَجِيدِ
‘ကားဖ်’၊ (ငါအရှင်မြတ်သည်) အထူးဂုဏ် ဝိသေသနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။
بَلْ عَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌۭ مِّنْهُمْ فَقَالَ ٱلْكَٰفِرُونَ هَٰذَا شَىْءٌ عَجِيبٌ
စင်စစ်မှာကား ၎င်းတို့သည် မိမိတို့ထံ မိမိတို့အနက်မှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိ၍ လာခဲ့သည်ကိုပင် အံ့ဩလျက်ရှိနေကြကုန်၏။ သို့ဖြစ် ပေရာ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သောသူတို့က ပြောဆိုခဲ့ကြသည်မှာ ဤသည်လွန်စွာ အံ့ဖွယ်အကြောင်းပင် ဖြစ်သည်။
أَءِذَا مِتْنَا وَكُنَّا تُرَابًۭا ۖ ذَٰلِكَ رَجْعٌۢ بَعِيدٌۭ
ကျွန်ုပ်တို့ သေဆုံးခဲ့ကြပြီးနောက် မြေကြီးဖြစ်သွားခဲ့ကြသောအခါ (ရှင်ပြန်ထကြရဦးမည်လော၊) ထိုသည်ကား အလွန်တရာဝေးလံစွာသော ပြန်လည်ခြင်းပင်။[ ထိုသို့ ပြန်လည်ရှင်ထခြင်းသည် (အသိဉာဏ်နှင့်) အလွန်ဝေးလံပေသည်။
قَدْ عَلِمْنَا مَا تَنقُصُ ٱلْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَٰبٌ حَفِيظٌۢ
မြေကြီးက ၎င်းတို့(၏ ကိုယ်ခန္ဓာများ)အနက်မှ(စား၍) လျော့နည်းစေမည့် အစိတ်အပိုင်းကို ဧကန်မလွဲ ငါအရှင်မြတ်သည် သိရှိတော်မူ၏။ စင်စစ်မှာကား ငါအရှင်မြတ်အထံတော်တွင် ထိန်းသိမ်း စောင့်ရှောက်ထားသောမှတ်တမ်း စာအုပ်သည်လည်းရှိနေပေသည်။
بَلْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ فَهُمْ فِىٓ أَمْرٍۢ مَّرِيجٍ
စင်စစ်မှာကား ထိုသူတို့သည် ၎င်းတို့ထံ အမှန်တရား ရောက်ရှိ၍ လာခဲ့သောအခါ ယင်းအမှန်တရားကိုပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် မတည်ငြိမ်သော အခြေအနေ၌ပင် ရှိနေကြကုန်သတည်း။
أَفَلَمْ يَنظُرُوٓا۟ إِلَى ٱلسَّمَآءِ فَوْقَهُمْ كَيْفَ بَنَيْنَٰهَا وَزَيَّنَّٰهَا وَمَا لَهَا مِن فُرُوجٍۢ
၎င်းတို့သည် မိမိတို့၏အထက်၌ မိုးကောင်းကင်ကို မကြည့်မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို မည်သို့ ပြုလုပ်ထားတော်မူသနည်း။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမိုးကောင်းကင်ကို မည်သို့လှပစွာ ဆင်ယင်ထားတော်မူသနည်း။ ထိုမှတစ်ပါး ယင်းမိုးကောင်းကင်၌ အဟ၊ အကွဲ၊ အအက် များဟူ၍လည်း အလျှင်းမရှိပြီတကား။
وَٱلْأَرْضَ مَدَدْنَٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۭ بَهِيجٍۢ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေကိုဖြန့်ခင်းထားတော်မူ၏။ ၎င်းပြင် ယင်းပထဝီမြေ၌ တောင်များကို စိုက်ထူထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသော အရာဝတ္ထုမျိုးစုံတို့ကို ပေါက်ရောက် စေထားတော်မူ၏။
تَبْصِرَةًۭ وَذِكْرَىٰ لِكُلِّ عَبْدٍۢ مُّنِيبٍۢ
(ထိုအလုံးစုံတို့မှာ) သံဝေဂရသော ကျွန်တိုင်းအဖို့ ဆင်ခြင်သုံးသပ်အပ်သောအရာ သည်လည်းကောင်း၊တရားရယူအပ်သောအရာ သည်လည်းကောင်း၊ ဖြစ်ပေသည်။
وَنَزَّلْنَا مِنَ ٱلسَّمَآءِ مَآءًۭ مُّبَٰرَكًۭا فَأَنۢبَتْنَا بِهِۦ جَنَّٰتٍۢ وَحَبَّ ٱلْحَصِيدِ
ထိုမှတပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော(မိုး)ရေကို ရွာသွန်းစေတော်မူ၏။ တစ်ဖန် ထိုရေဖြင့် ငါအရှင်မြတ်သည် ဥယျာဉ်များကိုလည်းကောင်း၊ ရိတ်သိမ်းပြီးဖြစ်သော ကောက်ပင် မျိုးနွယ်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။
وَٱلنَّخْلَ بَاسِقَٰتٍۢ لَّهَا طَلْعٌۭ نَّضِيدٌۭ
ထိုနည်းတူစွာ ရှည်လျားမြင့်မားသော စွန်ပလွံပင်များကို (ပေါက်ရောက်စတော်မူရာ) ယင်းစွန်ပလွံပင်များ၌ ပြွတ်၍သီးနေသော အခိုင်များရှိနေပေသည်။
رِّزْقًۭا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِۦ بَلْدَةًۭ مَّيْتًۭا ۚ كَذَٰلِكَ ٱلْخُرُوجُ
ကျွန်များအဖို့ စားနပ်ရိက္ခာအဖြစ် ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် သေလွန်ခြောက်သွေ့ လျက်ရှိသောမြေကို ရှင်စေတော်မူ၏။ (လူအပေါင်းတို့ရှင်၍) ပြန်ထွက်ခြင်းမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ချေအံ့သတည်း။
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَأَصْحَٰبُ ٱلرَّسِّ وَثَمُودُ
ထိုသူတို့အလျင် ‘နူဟ်’၏အမျိုးသားတို့သည်လည်းကောင်း၊ ရတ်စ်(စ်)၌ နေထိုင်သူတို့သည် လည်းကောင်း၊’ဆမူဒ်’ အမျိုးသားတို့သည်လည်း ကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
وَعَادٌۭ وَفِرْعَوْنُ وَإِخْوَٰنُ لُوطٍۢ
ထိုမှတပါး ‘အာဒ်’ အမျိုးသားတို့သည်လည်းကောင်း၊ ‘ဖစ်ရ်အောင်န်’သည်လည်းကောင်း၊ ‘လူ(တ်)’၏ ညီအစ်ကိုတို့သည်လည်းကောင်း၊
وَأَصْحَٰبُ ٱلْأَيْكَةِ وَقَوْمُ تُبَّعٍۢ ۚ كُلٌّۭ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ
ထို့ပြင် (အိုက်ကဟ်)တောအုပ်၌ နေထိုင်သူတို့သည်လည်းကောင်း၊ ‘သွဗ္ဗအ်’ အမျိုးသားသည်လည်းကောင်း၊ အားလုံးတို့သည်ပင် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ချိန်းချက်မှုသည်(၎င်းတို့အပေါ်၌) သက်ရောက်ခဲ့၏။
أَفَعَيِينَا بِٱلْخَلْقِ ٱلْأَوَّلِ ۚ بَلْ هُمْ فِى لَبْسٍۢ مِّنْ خَلْقٍۢ جَدِيدٍۢ
ငါအရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောကြောင့် ပင်ပန်း နွမ်းနယ်တော်မူခဲ့လေသလော။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ ယုံမှားသံသယ၌ ရှိနေကြကုန်သတည်း။
وَلَقَدْ خَلَقْنَا ٱلْإِنسَٰنَ وَنَعْلَمُ مَا تُوَسْوِسُ بِهِۦ نَفْسُهُۥ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ ٱلْوَرِيدِ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မနူဿလူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၌ ၎င်း၏စိတ်က မသိမသာ ပေါ်ပေါက်စေသောအရာကိုလည်း သိတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်း၏လည်ချောင်းသွေးကြောထက်ပင် ၎င်းနှင့် ပိုမိုနီးကပ်စွာ ရှိနေတော်မူ၏။
إِذْ يَتَلَقَّى ٱلْمُتَلَقِّيَانِ عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٌۭ
(အို-နဗီတမန်တော် သတိပေးပါလေ။) အကြင်အခါဝယ် အကြင်အခါ၌ မှတ်သားသူနှစ်ဦးသည် (ထိုမနုဿလူသား၏) လယ်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ ထိုင်၍ မှတ်သားလျက် ရှိကြ၏။
مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌۭ
ထိုမနုဿလူသားသည်(နှုတ်ဖြင့်)မည်သည့်စကားကိုမျှ မြွက်ဟသည်ဟူ၍မရှိချေ။ သို့ရာတွင် ချောင်းမြောင်း၍ နေသူတစ်ဦးသည် ၎င်း၏အနီး၌ပင် အသင့်ရှိနေ၏။
وَجَآءَتْ سَكْرَةُ ٱلْمَوْتِ بِٱلْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ
စင်စစ်သော်ကား ‘မရဏ’ သေခြင်းတရား၏ မိန်းမောမှုသည် မှန်ကန်စွာ ရောက်လာခဲ့ချေပြီ။ ထိုသည်ပင် အကြင်အရာတည်း။ အသင်သည် ၎င်းမှ(လွတ်မြောက်ရန်)တိမ်းရှောင်လျက် ရှိခဲ့၏။
وَنُفِخَ فِى ٱلصُّورِ ۚ ذَٰلِكَ يَوْمُ ٱلْوَعِيدِ
ထိုမှတစ်ပါး တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုသည်ပင် ချိန်းချက်ထားသောနေ့ ဖြစ်၏။
Page 1 of 3 (45 ayahs)