Loading surah...
Back to Burmese Quran
60 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلذَّٰرِيَٰتِ ذَرْوًۭا
(ငါအရှင်မြတ်သည်) လွင့်ပါးစေခြင်းအားဖြင့် ကစဉ့်ကလျား ဖြစ်စေသောလေများကို သက်သေထူတော်မူ၏။
فَٱلْحَٰمِلَٰتِ وِقْرًۭا
တစ်ဖန် ဝန်ကိုတင်ဆောင်ကြကုန်သောလေများ၊ တိမ်များကို သက်သေထူတော်မူ၏။
فَٱلْجَٰرِيَٰتِ يُسْرًۭا
တစ်ဖန် ညင်သာစွာတိုက်ခတ်ကြသော သွားလာလှုပ်ရှားကြသော လေ၊ လှေများကို သက်သေထူတော်မူ၏။
فَٱلْمُقَسِّمَٰتِ أَمْرًا
တစ်ဖန် အမိန့်တော်အရ ခွဲဝေပေးသော လေများကို၊ အရာဝတ္ထုများကို ခွဲဝေပေးသော ‘မလာအိကဟ်’ကောင်းကင်တမန်များကို သက်သေထူတော်မူ၏။
إِنَّمَا تُوعَدُونَ لَصَادِقٌۭ
ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရလေသော ချိန်းဆိုချက်မှာ အမှန်ပင် မှန်ကန်သော ချိန်းဆိုချက်ဖြစ်၏။
وَإِنَّ ٱلدِّينَ لَوَٰقِعٌۭ
၎င်းပြင် ဧကန်စင်စစ် အစားပေးမည့်နေ့မှာ အမှန်ပင် ဆိုက်ရောက်လာအံ့သော နေ့ဖြစ်၏။
وَٱلسَّمَآءِ ذَاتِ ٱلْحُبُكِ
(ငါအရှင်မြတ်သည်) လမ်းကြောင်းများရှိသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။
إِنَّكُمْ لَفِى قَوْلٍۢ مُّخْتَلِفٍۢ
မလွဲဧကန် အသင်တို့သည် ကွဲပြားခြားနားသော ပြောဆိုမှုများ၌ ရှိနေကြကုန်၏။
يُؤْفَكُ عَنْهُ مَنْ أُفِكَ
ထို(‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ခြင်း)မှ သွေဖည်သူသည်(ကောင်မြတ်ခြင်းအားလုံးမှ) သွေဖည်သူသာဖြစ်သည်။
قُتِلَ ٱلْخَرَّٰصُونَ
(သာသနာ့ရေးရာများနှင့်စပ်လျဉ်း၍)ရမ်းဆပြောဆိုကြကုန်သော သူတို့သည် ပျက်စီးကြရပေမည်။
ٱلَّذِينَ هُمْ فِى غَمْرَةٍۢ سَاهُونَ
အကြင်သူတို့သည် မသိမိုက်မဲမှု၌ မေ့လျော့လျက် ရှိနေကြကုန်၏။
يَسْـَٔلُونَ أَيَّانَ يَوْمُ ٱلدِّينِ
၎င်းတို့သည်(မထီမဲ့မြင်ပြုသောအားဖြင့်)အစားပေးမည့်နေ့သည် မည်သည့်အခါ၌ ဆိုက်ရောက် ပါမည်နည်းဟု မေးမြန်းကြကုန်၏။
يَوْمَ هُمْ عَلَى ٱلنَّارِ يُفْتَنُونَ
အကြင်နေ့တွင် ၎င်းတို့သည် မီးထဲ၌ ချခြင်းကို ခံကြရပေမည်။
ذُوقُوا۟ فِتْنَتَكُمْ هَٰذَا ٱلَّذِى كُنتُم بِهِۦ تَسْتَعْجِلُونَ
(ထိုနေ့တွင် ၎င်းတို့မှာ)အသင်တို့သည် မိမိတို့၏ ပြစ်ဒဏ်၏ရသာကို မြည်းစမ်းကြလေကုန်။ ဤသည်ပင်လျှင် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသောနေ့ ဖြစ်သည်။ (ဟုပြောဆိုခြင်းကို ခံကြရကုန် အံ့သတည်း။)
إِنَّ ٱلْمُتَّقِينَ فِى جَنَّٰتٍۢ وَعُيُونٍ
ဧကန်မလွဲ ‘မွတ္တကီ’ သူတော်စင်တို့မှာ ဥယျာဉ်များနှင့် စမ်းချောင်းများ၌ ရှိနေကြပေမည်။
ءَاخِذِينَ مَآ ءَاتَىٰهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا۟ قَبْلَ ذَٰلِكَ مُحْسِنِينَ
(၎င်းတို့သည်) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မိမိတို့အား ချီးမြှင့် ပေးသနားတော်မူသည်တို့ကို ယူငင်လျက် ရှိကြပေမည်။ စင်စစ်ဧကန် ၎င်းတို့မှာ ထိုသည့်အလျင် ကောင်းမှုပြုသူများပင် ဖြစ်ခဲ့ကြကုန်၏။
كَانُوا۟ قَلِيلًۭا مِّنَ ٱلَّيْلِ مَا يَهْجَعُونَ
၎င်းတို့သည် ညဉ့်တွင် အနည်းငယ်မျှသောအချိန်၌သာ အိပ်စက်လေ့ ရှိခဲ့ကြကုန်၏။
وَبِٱلْأَسْحَارِ هُمْ يَسْتَغْفِرُونَ
ထို့ပြင် ၎င်းတို့သည် ညဉ့်၏နောက်ဆုံးယံများတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား အသနားခံလေ့ရှိခဲ့ကြကုန်၏။
وَفِىٓ أَمْوَٰلِهِمْ حَقٌّۭ لِّلسَّآئِلِ وَٱلْمَحْرُومِ
ထိုမှတစ်ပါး ထိုသူတို့၏ ပစ္စည်းဥစ္စာများတွင် တောင်းရမ်းသော သူဆင်းရဲအဖို့လည်းကောင်း၊ (သိက္ခာစောင့်စည်းသောအားဖြင့်) တောင်းရမ်းခြင်းမပြုသော သူဆင်းရဲအဖို့လည်းကောင်း၊ ဝေစုဝေပုံ (အခွင့်အရေး) ရှိခဲ့၏။
وَفِى ٱلْأَرْضِ ءَايَٰتٌۭ لِّلْمُوقِنِينَ
စင်စစ်သော်ကား ယုံကြည်လိုသော သူတို့အဖို့ပထဝီမြေ၌ များစွာသောသက်သေ လက္ခဏာများ ရှိကုန်၏။
Page 1 of 3 (60 ayahs)