Loading surah...
Back to Burmese Quran
49 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلطُّورِ
(ငါအရှင်မြတ်သည်)တောင်ကို-တူရ်တောင်ကို သက်သေထူတော်မူ၏။
وَكِتَٰبٍۢ مَّسْطُورٍۢ
၎င်းပြင်(ငါအရှင်မြတ်သည်)ရေးသားပြီးဖြစ်သော(ဤ)ကျမ်းဂန် (မှတ်တမ်း)တော်ကို သက်သေထူတော်မူ၏။
فِى رَقٍّۢ مَّنشُورٍۢ
ဖြန့်ထားသော စာရွက်ပေါ်၌။
وَٱلْبَيْتِ ٱلْمَعْمُورِ
၎င်းပြင် စည်ပင်သာယာသော အိမ်တော်'ဗိုက်တိမအ်မူရ်' အိမ်တော်ကို သက်သေထူတော်မူ၏။
وَٱلسَّقْفِ ٱلْمَرْفُوعِ
ထို့ပြင် (ငါအရှင်မြတ်သည်) မြင့်စွင့်သော အမိုးကို သက်သေထူတော်မူ၏။
وَٱلْبَحْرِ ٱلْمَسْجُورِ
ထို့ပြင် (ငါအရှင်မြတ်သည်) လျှံတက်လျက်ရှိသော သမုဒ္ဒရာပင်လယ်ကို သက်သေထူတော်မူ၏။
إِنَّ عَذَابَ رَبِّكَ لَوَٰقِعٌۭ
ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်သည် အမှန်ပင် ကျရောက်မည်ဖြစ်၏။
مَّا لَهُۥ مِن دَافِعٍۢ
ယင်းပြစ်ဒဏ်ကို ပယ်ရှားအံ့သော သူဟူ၍အလျှင်း မရှိပြီ။
يَوْمَ تَمُورُ ٱلسَّمَآءُ مَوْرًۭا
(ယင်းပြစ်ဒဏ်သည်)အကြင်နေ့တွင်(ကျရောက်ပေမည်)၊ ထိုနေ့တွင် မိုးကောင်းကင်မှာ တုန်လှုပ်အက်ကွဲ၍ သွားပေမည်။
وَتَسِيرُ ٱلْجِبَالُ سَيْرًۭا
၎င်းပြင် တောင်များသည် ရွေ့လျား၍ သွားကြပေမည်။
فَوَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ
သို့ဖြစ်ပေရာ ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သော သူတို့၌ ပျက်စီးခြင်းသည် ရှိချေမည်။
ٱلَّذِينَ هُمْ فِى خَوْضٍۢ يَلْعَبُونَ
အကြင်သူတို့သည် အချည်းနှီးသော ပြောဆိုမှု၌ မွေ့လျော်လျက် ရှိကြကုန်၏။
يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا
အကြင်နေ့တွင် ၎င်းတို့သည် ‘ဂျဟန္နမ်’ ငရဲ၏မီးရှိရာသို့ တွန်းပို့ခြင်းကို ခံကြရပေမည်။
هَٰذِهِ ٱلنَّارُ ٱلَّتِى كُنتُم بِهَا تُكَذِّبُونَ
ဤသည်ပင် မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော ငရဲမီးပင် ဖြစ်၏။
أَفَسِحْرٌ هَٰذَآ أَمْ أَنتُمْ لَا تُبْصِرُونَ
သို့ဖြစ်ပေရာ ဤသည် စုန်းပယောဂ ဖြစ်လေသလော၊ သို့တည်းမဟုတ် အသင်တို့သည် (ယခုတိုင်) မမြင်ကြလေသလော။
ٱصْلَوْهَا فَٱصْبِرُوٓا۟ أَوْ لَا تَصْبِرُوا۟ سَوَآءٌ عَلَيْكُمْ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ
အသင်တို့သည် ယင်းငရဲမီးထဲသို့ ဝင်ရောက်ကြလေကုန်။ ထို့နောက် အသင်တို့သည် သည်းခံကြသည်ဖြစ်စေ၊ သည်းမခံကြသည်ဖြစ်စေ၊ အသင်တို့ အဖို့ အကြောင်းမထူးပြီ။အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြသော အမှုကိစ္စများနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရသည်သာတည်း။
إِنَّ ٱلْمُتَّقِينَ فِى جَنَّٰتٍۢ وَنَعِيمٍۢ
ဧကန်မလွဲ ‘မွတ္တကီ’ သူတော်စင်တို့မှာကား ဥယျာဉ်များ၌လည်းကောင်း၊ အံ့မခန်းသုခ၌လည်းကောင်း၊ ရှိကြပေမည်။
فَٰكِهِينَ بِمَآ ءَاتَىٰهُمْ رَبُّهُمْ وَوَقَىٰهُمْ رَبُّهُمْ عَذَابَ ٱلْجَحِيمِ
၎င်းတို့သည် ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော သစ်သီးဝလံများကို စားသုံးလျက်ရှိကြပေမည်။ (တစ်နည်း) [ချီးမြှင့်ပေးသနားတော်မူခဲ့သော စည်းစိမ်များကြောင့် ဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြပေမည်။] ထိုမှတစ်ပါး ၎င်းတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲမီး ပြစ်ဒဏ်မှလည်း လွတ်ကင်းစေတော်မူပေမည်။
كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَا كُنتُمْ تَعْمَلُونَ
(ထိုမှတစ်ပါး ၎င်းတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်)။ အသင်တို့သည် မိမိတို့ ကျင့်မူလျက် ရှိခဲ့ကြလေသော ကောင်းမှုတို့၏အစား အရသာခံစားကြလျက်(မြိန်ရှက်စွာ) စားသောက်ကြလေကုန်။
مُتَّكِـِٔينَ عَلَىٰ سُرُرٍۢ مَّصْفُوفَةٍۢ ۖ وَزَوَّجْنَٰهُم بِحُورٍ عِينٍۢ
(၎င်းတို့သည်) စနစ်တကျ ခင်းကျင်း၍ထားရှိသော သလွန်များထက်ဝယ် မှီအုံးများ မှီလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား လွန်စွာဖြူ၍ လှပတင့်တယ်သော၊ မျက်စိလှပသော မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူအံ့သတည်း။
Page 1 of 3 (49 ayahs)