Loading surah...
Back to Burmese Quran
55 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱقْتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلْقَمَرُ
‘ကိယာမတ်’ ရှင်ပြန်ထရန် အချိန်ကာလသည် နီးကပ်၍လာခဲ့ချေပြီ။ ၎င်းပြင် ‘လ’သည် (နှစ်ခြမ်း) ကွဲခဲ့လေပြီ။
وَإِن يَرَوْا۟ ءَايَةًۭ يُعْرِضُوا۟ وَيَقُولُوا۟ سِحْرٌۭ مُّسْتَمِرٌّۭ
သို့ရာတွင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို တွေ့မြင်ကြလျှင် ကျောခိုင်း၍ သွားကြသည့်ပြင် (ဤသည်)အဓွန့်ရှည်သော ရှေးအစဉ် အလာဖြစ်သော ပဉ္စလက်အတတ်ပညာဖြစ်သည်ဟူ၍ ပြောဆိုလေ့ ရှိခဲ့ကြကုန်၏။
وَكَذَّبُوا۟ وَٱتَّبَعُوٓا۟ أَهْوَآءَهُمْ ۚ وَكُلُّ أَمْرٍۢ مُّسْتَقِرٌّۭ
ထို့ပြင် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ၍ မိမိတို့၏ အလိုဆန္ဒများကိုသာ လိုက်နာခဲ့ကြကုန်၏။ စင်စစ်သော်ကား အရေးကိစ္စတိုင်းမှာ (သတ်မှတ်ထားသော အချိန်ကာလတွင်) ဆုံးဖြတ်ပြီး ဖြစ်၏။
وَلَقَدْ جَآءَهُم مِّنَ ٱلْأَنۢبَآءِ مَا فِيهِ مُزْدَجَرٌ
ထို့ပြင် ၎င်းတို့ထံ ဧကန်မလွဲ သင်ခန်းစာ လုံလောက်စွာပါရှိသော သတင်းများသည် ရောက်ရှိခဲ့ပေပြီ။
حِكْمَةٌۢ بَٰلِغَةٌۭ ۖ فَمَا تُغْنِ ٱلنُّذُرُ
(ဤကုရ်အာန် ကျမ်းတော်မြတ်သည်) ပြည့်စုံသော နက်နဲသိမ်မွေ့သည့် ဉာဏ်ပညာပင် ဖြစ်ချေသည်။ သို့တစေလည်း (ယင်းသို့သောသူများအား) သတိပေးနှိုးဆော်သော အကြောင်းအရာများသည် အကျိုးရှိစေမည် မဟုတ်ပေတကား။
فَتَوَلَّ عَنْهُمْ ۘ يَوْمَ يَدْعُ ٱلدَّاعِ إِلَىٰ شَىْءٍۢ نُّكُرٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ နေပါလေ။ အကြင်နေ့တွင် ဆင့်ခေါ်သူ (ကောင်းကင်တမန်)သည် (၎င်းတို့အား)မနှစ်မြို့ဖွယ်ဖြစ်သော ကိစ္စတစ်ခုသို့ ဆင့်ခေါ်ပေမည်။
خُشَّعًا أَبْصَٰرُهُمْ يَخْرُجُونَ مِنَ ٱلْأَجْدَاثِ كَأَنَّهُمْ جَرَادٌۭ مُّنتَشِرٌۭ
(ထိုနေ့တွင်) ၎င်းတို့၏မျက်စိများမှာ အောက်သို့စိုက်လျက် ရှိကြပေမည်။ ၎င်းတို့သည် ပျံ့နှံ့လျက် ရှိသောကျိုင်းကောင်များကဲ့သို့ပင် သင်္ချိုင်းများမှ ထွက်လာကြပေမည်။
مُّهْطِعِينَ إِلَى ٱلدَّاعِ ۖ يَقُولُ ٱلْكَٰفِرُونَ هَٰذَا يَوْمٌ عَسِرٌۭ
ဆင့်ခေါ်သူ(ရှိရာ)သို့ ပြေးလျက်လာကြပေမည်။’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ ‘ဤနေ့ကား လွန်စွာခက်ထန်သောနေ့ဖြစ်သည်’ ဟု ပြောဆိုလျက် ရှိကြကုန်အံ့သတည်း။
۞ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ فَكَذَّبُوا۟ عَبْدَنَا وَقَالُوا۟ مَجْنُونٌۭ وَٱزْدُجِرَ
၎င်းတို့အလျင်'နူဟ်'၏ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ အမှန်သော်ကား ၎င်းတို့သည် ငါအရှင်မြတ်၏ 'ကျွန်တော်' (နူဟ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အပြင် 'သူရူး'ဖြစ်သည်ဟူ၍လည်း ပြောဆိုခဲ့ကြလေသည်။ ထိုမှတစ်ပါး ထို'နူဟ်'သည် ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရလေ၏။
فَدَعَا رَبَّهُۥٓ أَنِّى مَغْلُوبٌۭ فَٱنتَصِرْ
ထိုအခါ ထို'နူဟ်'သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (အို-အရှင်)ဧကန်စင်စစ် ကျွန်တော်မျိုးသည် အရေးမလှသူ (ဖိနှိပ် ခြင်းခံရသူ) ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် လက်စားချေတော်မူပါဟု ပန်ကြားခဲ့လေ၏။
فَفَتَحْنَآ أَبْوَٰبَ ٱلسَّمَآءِ بِمَآءٍۢ مُّنْهَمِرٍۢ
ထိုအခါ ငါအရှင်မြတ်သည် မိုးကောင်းကင်၏ တံခါးများကိုဖွင့်၍ မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။
وَفَجَّرْنَا ٱلْأَرْضَ عُيُونًۭا فَٱلْتَقَى ٱلْمَآءُ عَلَىٰٓ أَمْرٍۢ قَدْ قُدِرَ
၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေမှ စမ်းများကို ပန်း၍ထွက်စေတော်မူခဲ့ရာ (ထက်အောက်) ရေသည် တင်ရင်စီမံထားသော အရေးကိစ္စ (ပြည့်ဝစေရန်) ရောစပ်၍ သွားခဲ့လေ၏။
وَحَمَلْنَٰهُ عَلَىٰ ذَاتِ أَلْوَٰحٍۢ وَدُسُرٍۢ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို ‘နူဟ်’ အားပျဉ်ချပ်များဖြင့်လည်းကောင်း၊ သံများဖြင့်လည်းကောင်း၊ ပြုလုပ်၍ထားသော (သင်္ဘော)ပေါ်သို့ စီးနင်းစေတော်မူခဲ့၏။
تَجْرِى بِأَعْيُنِنَا جَزَآءًۭ لِّمَن كَانَ كُفِرَ
ယင်းသင်္ဘောမှာ ငါအရှင်မြတ်၏ စောင့်ရှောက်မှုအောက်တွင် သွားလာ လှုပ်ရှားလျက် ရှိနေခဲ့၏။ (ထိုသည်ကား) ငြင်းပယ်ခြင်း ခံခဲ့ရသောသူ(နူဟ်)နှင့် ပတ်သက်၍ လက်စားချေတော်မူခြင်းပင် ဖြစ်ပေသည်။
وَلَقَد تَّرَكْنَٰهَآ ءَايَةًۭ فَهَلْ مِن مُّدَّكِرٍۢ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းအဖြစ်အပျက်ကို (သင်ခန်းစာ ရယူနိုင်ရန်) သက်သေ လက္ခဏာတစ်ပါးအဖြစ် ကျန်ရစ်စေတော်မူခဲ့ရာ၊ သင်ခန်းစာရယူအံ့သောသူ တစ်ဦးတစ်ယောက် ရှိလေသလော။
فَكَيْفَ كَانَ عَذَابِى وَنُذُرِ
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှု များသည်လည်းကောင်း၊ မည်သို့မည်ပုံ ရှိခဲ့သည်ကို (ဆင်ခြင်သုံးသပ်ကြလေကုန်)။
وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍۢ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရားရယူ နိုင်ရန်အလို့ငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိသည်လော။
كَذَّبَتْ عَادٌۭ فَكَيْفَ كَانَ عَذَابِى وَنُذُرِ
‘အာဒ်’ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများသည် မည်သို့ရှိခဲ့ပေသနည်း။
إِنَّآ أَرْسَلْنَا عَلَيْهِمْ رِيحًۭا صَرْصَرًۭا فِى يَوْمِ نَحْسٍۢ مُّسْتَمِرٍّۢ
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အဓွန့်ရှည်စွာ မင်္ဂလာကင်းမဲ့သောနေ့တွင် ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။
تَنزِعُ ٱلنَّاسَ كَأَنَّهُمْ أَعْجَازُ نَخْلٍۢ مُّنقَعِرٍۢ
ယင်းလေပြင်းမုန်တိုင်းမှာ လူတို့အား ဆွဲနှုတ်ခဲ့ရာ ၎င်းတို့သည် အမြစ်မှ ပြုတ်ထွက်ပြိုလဲခဲ့လေသော စွန်ပလွံပင်၏ပင်မကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြ၏။
Page 1 of 3 (55 ayahs)