Loading surah...
Back to Burmese Quran
78 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلرَّحْمَٰنُ
ရဟ်မာန်' အထူး ကရုဏာတော်ရှင်ပင်။
عَلَّمَ ٱلْقُرْءَانَ
ကုရ်အာန်'ကျမ်းတော်မြတ်ကို သင်ကြားပို့ချတော်မူခဲ့၏။
خَلَقَ ٱلْإِنسَٰنَ
ထိုအရှင်မြတ်သည်ပင် မနုဿ လူသားအား ဖန်ဆင်းတော်မူခဲ့၏။
عَلَّمَهُ ٱلْبَيَانَ
ထိုအရှင်မြတ်သည်ပင် ထိုလူသားအား စကားပြောဆိုမှုကို သင်ပေးတော်မူခဲ့၏။
ٱلشَّمْسُ وَٱلْقَمَرُ بِحُسْبَانٍۢ
သူရိယ'နေသည်လည်းကောင်း၊ 'စန္ဒာ' လသည်လည်းကောင်း၊ အတွက်အချက် အချိန်နှင့်ကိုက်ညီစွာ(သွားလာ လှုပ်ရှားလျက်) ရှိကြ၏။
وَٱلنَّجْمُ وَٱلشَّجَرُ يَسْجُدَانِ
ကြယ်၊ ပင်စည်မပါသော အပင်ငယ်များသည်လည်းကောင်း၊ ပင်စည်ပါသော အပင်များသည်လည်းကောင်း၊အမိန့်နာခံ ပျပ်ဝပ်ဦးချလျက်ရှိကုန်၏။
وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلْمِيزَانَ
မိုးကောင်းကင်များကို ထိုအရှင်မြတ်သည်ပင် မြင့်စွင့်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ချိန်ခွင်ကို တီထွင်စီစဉ်၍ ပေးတော်မူခဲ့၏။
أَلَّا تَطْغَوْا۟ فِى ٱلْمِيزَانِ
အသင်တို့သည် ချိန်တွယ်ရာ၌ မတရားမပြုကြရန်၊
وَأَقِيمُوا۟ ٱلْوَزْنَ بِٱلْقِسْطِ وَلَا تُخْسِرُوا۟ ٱلْمِيزَانَ
ထို့ပြင် အသင်တို့သည် ချိန်တွယ်မှုကို တရားမျှတစွာ စောင့်ထိန်းကြရန်လည်းကောင်း၊ ချိန်တွယ်ရာ၌ ယုတ်လျော့စေခြင်း မရှိစေကြရန်လည်းကောင်း၊
وَٱلْأَرْضَ وَضَعَهَا لِلْأَنَامِ
ထိုမှတစ်ပါး ပထဝီမြေကို ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့၏အကျိုးငှာ ထားရှိတော်မူခဲ့၏။
فِيهَا فَٰكِهَةٌۭ وَٱلنَّخْلُ ذَاتُ ٱلْأَكْمَامِ
ယင်းပထဝီမြေ၌ သစ်သီးဝလံများသည်လည်းကောင်း၊ အစွပ်များဖြင့် ငုံ၊ ညှာတံများဖြင့်အုပ်လျက်ရှိသော စွန်ပလွံပင်များသည်လည်းကောင်း၊
وَٱلْحَبُّ ذُو ٱلْعَصْفِ وَٱلرَّيْحَانُ
ဖွဲနုပါသော ကောက်ပဲသီးနှံများသည်လည်းကောင်း၊ အရွက်ရှိသောအစေ့များသည်လည်းကောင်း၊ မွှေးကြိုင်လျက်ရှိသော ပန်းများ အစာအာဟာရများ သည်လည်းကောင်း၊ ရှိကုန်၏။
فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါအပေါင်းတို့)၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်အံ့နည်း။
خَلَقَ ٱلْإِنسَٰنَ مِن صَلْصَٰلٍۢ كَٱلْفَخَّارِ
ထိုအရှင်မြတ်သည်ပင် 'မနုဿ' လူသားအား မြေအိုး-အိုးခြမ်းကွဲပမာ အသံမည်သော ရွှံ့ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။
وَخَلَقَ ٱلْجَآنَّ مِن مَّارِجٍۢ مِّن نَّارٍۢ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ဂျင်န်သတ္တဝါတို့ကို ဂျင်န်သတ္တဝါတို့၏ဖခင် ‘အစ်ဗ်လီစ်’ကို မီးခဲမီးခိုးမရှိသော မီးတောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။
فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့်လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့်ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
رَبُّ ٱلْمَشْرِقَيْنِ وَرَبُّ ٱلْمَغْرِبَيْنِ
(ထိုအရှင်မြတ်သည်ပင်) နေထွက်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသောအရှင်၊ နေဝင်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။
فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
مَرَجَ ٱلْبَحْرَيْنِ يَلْتَقِيَانِ
ထိုအရှင်မြတ်သည်ပင် သမုဒ္ဒရာပင်လယ်နှစ်ခုကို လွှတ်တော်မူခဲ့ရာ ထိုသမုဒ္ဒရာ ပင်လယ်နှစ်ခုမှာ ဆုံဆည်း ဆက်စပ်လျက်ရှိကြ၏။ (တစ်နည်း) ထိုအရှင်မြတ်သည်ပင် ဆက်စပ် စီးဆင်းလျက်ရှိသော သမုဒ္ဒရာနှစ်ခုကို လွှတ်တော်မူခဲ့၏။
بَيْنَهُمَا بَرْزَخٌۭ لَّا يَبْغِيَانِ
ယင်းပယ်လယ်နှစ်ခု၏ အကြား၌ အဆီးအတားတစ်ခု ရှိနေပေရာ ၎င်းတို့နှစ်ခုလုံး ပိုင်နက်ကျူးလွန် နိုင်ကြသည်မရှိပေ။
Page 1 of 4 (78 ayahs)