Loading surah...
Back to Burmese Quran
29 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سَبَّحَ لِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆို ချီးမွမ်းကြကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ လွန်စွာ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
لَهُۥ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ يُحْىِۦ وَيُمِيتُ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ
မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် အသက်သေဆုံးစေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။
هُوَ ٱلْأَوَّلُ وَٱلْءَاخِرُ وَٱلظَّٰهِرُ وَٱلْبَاطِنُ ۖ وَهُوَ بِكُلِّ شَىْءٍ عَلِيمٌ
ထိုအရှင်မြတ်သည်ပင် အဦးဆုံးဖြစ်တော်မူသော အရှင်မြတ်သည် လည်းကောင်း၊ နောက်ဆုံး၌ရှိနေတော်မူအံ့သော အရှင်မြတ်သည် လည်းကောင်း၊ ထင်ရှားစွာရှိနေတော်မူသော အရှင်မြတ်သည် လည်းကောင်း၊ ကွယ်၍နေတော်မူသော အရှင်မြတ်သည် လည်းကောင်း၊ ဖြစ်တော်မူ၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
هُوَ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۚ يَعْلَمُ مَا يَلِجُ فِى ٱلْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعْرُجُ فِيهَا ۖ وَهُوَ مَعَكُمْ أَيْنَ مَا كُنتُمْ ۚ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌۭ
ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်ဖြစ်တော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် ‘အရ်ရှ်’ ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ပထဝီမြေ၌ ဝင်သောအရာ ကိုလည်းကောင်း၊ ယင်းပထဝီမြေမှ ထွက်သောအရာကို လည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်လာသောအရာကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့ တက်သောအရာကိုလည်းကောင်း၊ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှိကြသော မည်သည့်နေရာ၌မဆို အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
لَّهُۥ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ
မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အရေးကိစ္စ အလုံးစုံတို့မှာ ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည် ရောက်ရှိကြရပေမည်။
يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ ۚ وَهُوَ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ
ထိုအရှင်မြတ်သည်ပင်(အချို့သောရာသီဥတု ၌)ညဉ့်(၏ အစိတ်အပိုင်းအချို့)ကို နေ့၏အတွင်းဝယ် ထည့်သွင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင် မြတ်သည်ပင် (အချို့သောရာသီဥတု၌) နေ့(၏အစိတ်အပိုင်းအချို့)ကို ညဉ့်၏အတွင်းဝယ် ထည့်သွင်းတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
ءَامِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَأَنفِقُوا۟ مِمَّا جَعَلَكُم مُّسْتَخْلَفِينَ فِيهِ ۖ فَٱلَّذِينَ ءَامَنُوا۟ مِنكُمْ وَأَنفَقُوا۟ لَهُمْ أَجْرٌۭ كَبِيرٌۭ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အားလည်းကောင်း၊ သက်ဝင်ယုံကြည် ကြလေကုန်။ထို့ပြင် အသင်တို့သည် အကြင်ဥစ္စာပစ္စည်းအနက်မှ သုံးစွဲ လှူဒါန်းကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပစ္စည်းဥစ္စာများနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်တော်မူခဲ့၏။ စင်စစ် အသင်တို့အနက်မှ အကြင်သူတို့သည် သက်ဝင်ယုံ ကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် သုံးစွဲလှူဒါန်းခဲ့ကြကုန်၏။ထိုသူတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးသည် ရှိပေမည်။
وَمَا لَكُمْ لَا تُؤْمِنُونَ بِٱللَّهِ ۙ وَٱلرَّسُولُ يَدْعُوكُمْ لِتُؤْمِنُوا۟ بِرَبِّكُمْ وَقَدْ أَخَذَ مِيثَٰقَكُمْ إِن كُنتُم مُّؤْمِنِينَ
စင်စစ်သော်ကား အသင်တို့ သက်ဝင်ယုံကြည်ခြင်း မရှိကြသည်မှာ အသင်တို့၌ မည်သည့်အကြောင်း ရှိပေသနည်း။ အမှန်စင်စစ်သော်ကား အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ကြရန် ရစူလ်တမန်တော်မြတ်သည် အသင်တို့အား ဖိတ်ခေါ်လျက်ရှိပေသည်။ ထိုမှတစ်ပါး မလွဲဧကန် ထိုအရှင်မြတ် ကိုယ်တော်တိုင်ပင် အသင်တို့ထံမှ ကတိဝန်ခံချက်ကို ယူထားတော်မူပြီး ဖြစ်ပေသည်။ အကယ်၍ အသင်တို့သည် သက်ဝင်ယုံကြည်အံ့သောသူများ ဖြစ်ကြပါလျှင်၊
هُوَ ٱلَّذِى يُنَزِّلُ عَلَىٰ عَبْدِهِۦٓ ءَايَٰتٍۭ بَيِّنَٰتٍۢ لِّيُخْرِجَكُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ ۚ وَإِنَّ ٱللَّهَ بِكُمْ لَرَءُوفٌۭ رَّحِيمٌۭ
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုမှအလင်းသို့ ထွက်စေအံ့သောငှာ မိမိကျွန်တော်(တမန်တော်မြတ်မုဟမ္မဒ်)၏အပေါ်၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူ၏။ စင်စစ်မှာကား ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသော၊ အလွန်တရာ ကြင်နာသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။
وَمَا لَكُمْ أَلَّا تُنفِقُوا۟ فِى سَبِيلِ ٱللَّهِ وَلِلَّهِ مِيرَٰثُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ لَا يَسْتَوِى مِنكُم مَّنْ أَنفَقَ مِن قَبْلِ ٱلْفَتْحِ وَقَٰتَلَ ۚ أُو۟لَٰٓئِكَ أَعْظَمُ دَرَجَةًۭ مِّنَ ٱلَّذِينَ أَنفَقُوا۟ مِنۢ بَعْدُ وَقَٰتَلُوا۟ ۚ وَكُلًّۭا وَعَدَ ٱللَّهُ ٱلْحُسْنَىٰ ۚ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ
ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းခြင်း မပြုကြရန် အသင်တို့၌ မည်သည့်အကြောင်း ရှိချေသနည်း။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ ရှိကုန်သော ပစ္စည်းဥစ္စာတို့သည် လည်းကောင်း၊ ပထဝီမြေဝယ် ရှိကုန်သော ပစ္စည်းဥစ္စာတို့သည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။အသင်တို့အနက် (မက္ကာမြို့တော်ကို) မအောင်မြင်မီ သုံးစွဲလှူဒါန်းခဲ့ကြသော၊ ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြသော သူတို့သည်(မက္ကာမြို့တော်ကို အောင်မြင်ပြီးနောက်တွင် သုံးစွဲလှူဒါန်းခြင်း၊ ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ပြုခဲ့ကြသောသူတို့နှင့်) တူကြသည်မဟုတ်ပေ။ ထို(မအောင်မြင်မီ လှူဒါန်း တိုက်ခိုက်ခဲ့ကြသောသူတို့မှာကား နောက်ပိုင်းတွင် သုံးစွဲလှူဒါန်းခြင်း၊ ပြိုင်ဆိုင် တိုက်ခိုက်ခြင်း ပြုခဲ့ကြသောသူတို့ထက် ဂုဏ်ရည်အဆင့်အတန်းအားဖြင့် ထူးကဲမြင့်မြတ်လှကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အားလုံးကိုပင် ကောင်းကျိုးပေးတော်မူရန် ကတိပေးတော်မူခဲ့၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို စုံလင်စွာသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။)
مَّن ذَا ٱلَّذِى يُقْرِضُ ٱللَّهَ قَرْضًا حَسَنًۭا فَيُضَٰعِفَهُۥ لَهُۥ وَلَهُۥٓ أَجْرٌۭ كَرِيمٌۭ
အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီချေးငှားအံ့သောသူသည် မည်သူရှိသနည်း။ သို့ချေးငှားခဲ့သည်ရှိသော် ထိုအရှင်မြတ် သည်ယင်းကြွေးမြီကို ထိုသူ၏အဖို့ ဆတက်တိုးပွား စေတော်မူသည့်ပြင် ထိုသူ၏အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချေအံ့သတည်း။
يَوْمَ تَرَى ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ يَسْعَىٰ نُورُهُم بَيْنَ أَيْدِيهِمْ وَبِأَيْمَٰنِهِم بُشْرَىٰكُمُ ٱلْيَوْمَ جَنَّٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ
(အို-နဗီတမန်တော်၊) အကြင်နေ့တွင် အသင်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့အား တွေ့မြင်ရပေမည်။ ထိုသူတို့၏ ရောင်ခြည်သည် ထိုသူတို့၏ ရှေ့၌လည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်များ၌ လည်းကောင်း၊ ပြေးလျက်ရှိပေမည်။ (၎င်းတို့သည် ဤသို့ပြောကြားခြင်း ခံကြရပေမည်။) ယနေ့ အသင်တို့အဖို့ သတင်းကောင်းပင်၊(အသင်တို့အဖို့) အကြင်ဥယျာဉ်များ ရှိပေသည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေသည်။ ယင်းဥယျာဉ်များဝယ် (အသင်တို့သည်) အမြဲထာဝစဉ် နေထိုင်ကြရပေမည်။ ထိုသည်ပင်လျှင် ကြီးကျယ်လှသော အောင်မြင်မှုပင်။
يَوْمَ يَقُولُ ٱلْمُنَٰفِقُونَ وَٱلْمُنَٰفِقَٰتُ لِلَّذِينَ ءَامَنُوا۟ ٱنظُرُونَا نَقْتَبِسْ مِن نُّورِكُمْ قِيلَ ٱرْجِعُوا۟ وَرَآءَكُمْ فَٱلْتَمِسُوا۟ نُورًۭا فَضُرِبَ بَيْنَهُم بِسُورٍۢ لَّهُۥ بَابٌۢ بَاطِنُهُۥ فِيهِ ٱلرَّحْمَةُ وَظَٰهِرُهُۥ مِن قِبَلِهِ ٱلْعَذَابُ
အကြင်နေ့တွင် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ် ယောက်ျား မိန်းမတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (ဤသို့) ပြောဆိုကြပေမည်။ (အချင်းတို့)၊အသင်တို့၏အလင်းရောင်မှ (အနည်းငယ်မျှ) ရယူနိုင်ကြရန် အသင်တို့သည် ကျွန်ုပ်တို့အား လှည့်၍ ကြည့်ကြလေကုန်၊ စောင့်ဆိုင်းကြလေကုန်။ (ထိုအခါ ၎င်းတို့သည် ဤသို့)ပြောဆို ပြန်ကြားခြင်းကို ခံကြရပေမည်။ အသင်တို့သည် နောက်သို့ပြန်သွားပြီးလျှင် အလင်းရောင်ကို ရှာဖွေကြလေကုန်။ထိုအချိန်၌ပင် ၎င်းတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်ပေမည်။ ယင်းတံတိုင်းတွင် တံခါးတစ်ခု ရှိပေမည်။ ယင်းတံခါး၏အတွင်းဘက်၌ ကရုဏာသည်ရှိ၍၊ ၎င်း၏အပြင်ဘက်၌မူကား ပြစ်ဒဏ် သည်ရှိပေမည်။
يُنَادُونَهُمْ أَلَمْ نَكُن مَّعَكُمْ ۖ قَالُوا۟ بَلَىٰ وَلَٰكِنَّكُمْ فَتَنتُمْ أَنفُسَكُمْ وَتَرَبَّصْتُمْ وَٱرْتَبْتُمْ وَغَرَّتْكُمُ ٱلْأَمَانِىُّ حَتَّىٰ جَآءَ أَمْرُ ٱللَّهِ وَغَرَّكُم بِٱللَّهِ ٱلْغَرُورُ
ထို ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ကျွန်ုပ်တို့သည် (လောကီဘဝတွင်) အသင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လောဟု ဟစ်အော် ပြောဆိုကြပေမည်။ (ထိုအခါ) ထိုမုအ်မင်န် သက်ဝင် ယုံကြည်သူတို့က (ဤသို့) ဖြေကြားကြပေမည်။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ (အမှန်ပင်) အတူရှိခဲ့ကြပေသည်။ သို့ရာတွင် အသင်တို့သည် မိမိတို့ကိုယ်ကို ဖြားယောင်း ခဲ့ကြပေသည်။ ၎င်းပြင် အသင်တို့သည် (အစ္စလာမ်သာသနာတော် ပျက်စီးရန်) စောင့်ဆိုင်း၍ နေခဲ့ကြပေသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်သာသနာ တော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေခဲ့ကြပေသည်။ အချည်းနှီးသော အာသာဆန္ဒများသည်လည်း အသင်တို့အား သွေးဆောင် ဖြားယောင်းခဲ့ပေသည်။ နောက်ဆုံးတွင်(‘မရဏ’ သေခြင်းတရားတည်း ဟူသော) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိ၍ လာခဲ့ပေသည်။ ထိုမှတစ်ပါး လွန်စွာ ဖြားယောင်းသူ(ဖြစ်သော ‘ရှိုင်တွာန်’မိစ္ဆာကောင်)သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သွေးဆောင် ဖြားယောင်းခဲ့ပေသည်။
فَٱلْيَوْمَ لَا يُؤْخَذُ مِنكُمْ فِدْيَةٌۭ وَلَا مِنَ ٱلَّذِينَ كَفَرُوا۟ ۚ مَأْوَىٰكُمُ ٱلنَّارُ ۖ هِىَ مَوْلَىٰكُمْ ۖ وَبِئْسَ ٱلْمَصِيرُ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့ (အားလုံးတို့)၏ နေရာထိုင်ခင်းများမှာ(ငရဲ)မီးပင်ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် အသင်တို့၏အဖော်ဖြစ်၏။ စင်စစ်မှာမူကား ယင်းပြန်လည်ရာစခန်းမှာ ဆိုးယုတ်လှပေစွတကား။
۞ أَلَمْ يَأْنِ لِلَّذِينَ ءَامَنُوٓا۟ أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ ٱللَّهِ وَمَا نَزَلَ مِنَ ٱلْحَقِّ وَلَا يَكُونُوا۟ كَٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ مِن قَبْلُ فَطَالَ عَلَيْهِمُ ٱلْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌۭ مِّنْهُمْ فَٰسِقُونَ
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။
ٱعْلَمُوٓا۟ أَنَّ ٱللَّهَ يُحْىِ ٱلْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ ٱلْءَايَٰتِ لَعَلَّكُمْ تَعْقِلُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေကို သေလွန် သွေ့ခြောက်ပြီးနောက် ပြန်လည်၍ ရှင်စေတော်မူကြောင်း အသင်တို့သည် ကောင်းစွာ သိရှိထားကြလေကုန်။ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြအံ့သောငှာ သက်သေလက္ခဏာတော်များကို ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
إِنَّ ٱلْمُصَّدِّقِينَ وَٱلْمُصَّدِّقَٰتِ وَأَقْرَضُوا۟ ٱللَّهَ قَرْضًا حَسَنًۭا يُضَٰعَفُ لَهُمْ وَلَهُمْ أَجْرٌۭ كَرِيمٌۭ
ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း ခံရသည့်ပြင် ၎င်းတို့အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချိမ့်မည်။
وَٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرُسُلِهِۦٓ أُو۟لَٰٓئِكَ هُمُ ٱلصِّدِّيقُونَ ۖ وَٱلشُّهَدَآءُ عِندَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَٰتِنَآ أُو۟لَٰٓئِكَ أَصْحَٰبُ ٱلْجَحِيمِ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအား လည်းကောင်း၊ ယုံကြည်ကြကုန်သော သူတို့မှာကား ထိုသူတို့သည်ပင်လျှင် ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သစ္စာဝါဒီများ သည်လည်းကောင်း၊ ‘ရှဟီးဒ်’အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများ သည်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ ထိုသူတို့၏(ထူးကဲသော)အကျိုး သည်လည်းကောင်း၊ ထိုသူတို့၏(ထူးကဲသော) ရောင်ခြည် သည်လည်းကောင်း၊ ရှိပေမည်။ သို့ရာတွင် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြကုန်၏။၎င်းပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့မှာ မူကား’ဂျဟန္နမ်’ငရဲသားများပင် ဖြစ်ကြကုန်သတည်း။
ٱعْلَمُوٓا۟ أَنَّمَا ٱلْحَيَوٰةُ ٱلدُّنْيَا لَعِبٌۭ وَلَهْوٌۭ وَزِينَةٌۭ وَتَفَاخُرٌۢ بَيْنَكُمْ وَتَكَاثُرٌۭ فِى ٱلْأَمْوَٰلِ وَٱلْأَوْلَٰدِ ۖ كَمَثَلِ غَيْثٍ أَعْجَبَ ٱلْكُفَّارَ نَبَاتُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصْفَرًّۭا ثُمَّ يَكُونُ حُطَٰمًۭا ۖ وَفِى ٱلْءَاخِرَةِ عَذَابٌۭ شَدِيدٌۭ وَمَغْفِرَةٌۭ مِّنَ ٱللَّهِ وَرِضْوَٰنٌۭ ۚ وَمَا ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا مَتَٰعُ ٱلْغُرُورِ
အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ လောကီဘဝသည် ကစားခုန်စားမှု သက်သက်သည် လည်းကောင်း၊ အလဟဿ(ပျော်ရွှင်ခြင်းအားဖြင့်) အချိန်ဖြုန်းတီးမှုသည် လည်းကောင်း၊ မျက်စိ ပသာဒဖြစ်ခြင်းသည် လည်းကောင်း၊ အသင်တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီးပေါများမှုနှင့် စပ်လျဉ်း၍ အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ဖြစ်ပေသည်။ အကြင် မိုးရေကဲ့သို့ပင် ထိုမိုးရေကြောင့် ပေါက်ရောက်သောမျိုးပင်များသည် တောင်သူလယ်သမားတို့အား နှစ်သက်ရွှင်ပျော်စေ၏။ ထို့နောက် ယင်းမျိုးပင်များသည် သွေ့ခြောက်၍ သွားလေသောအခါ အသင်သည် ယင်းမျိုးပင်များ ဝါ၍နေသည်ကို တွေ့မြင်ရ၏။ ထို့နောက်သော်ကား ယင်းမျိုးပင်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေ၏။ သို့ရာတွင်’အာခိရတ်’ တမလွန်ဘဝ၌မူကား ပြင်းထန်လှစွာသော ပြစ်ဒဏ်သည်လည်းရှိ၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်မြို့မှုလည်း ရှိပေသည်။ စင်စစ်သော်ကား လောကီဘဝသည် အမြင်မှောက်မှားစေသော ဝတ္ထုပစ္စည်းမျှသာ ဖြစ်ပေသတည်း။
Page 1 of 2 (29 ayahs)