Loading surah...
Back to Burmese Quran
22 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قَدْ سَمِعَ ٱللَّهُ قَوْلَ ٱلَّتِى تُجَٰدِلُكَ فِى زَوْجِهَا وَتَشْتَكِىٓ إِلَى ٱللَّهِ وَٱللَّهُ يَسْمَعُ تَحَاوُرَكُمَآ ۚ إِنَّ ٱللَّهَ سَمِيعٌۢ بَصِيرٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထိုမိန်းမသည် မိမိလင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ပြောဆိုဆွေးနွေးလျက်ရှိသည့်ပြင် (မိမိ)မကျေနပ်ကြောင်း အလ္လာဟ်အရှင်မြတ်အထံတော်တွင် ထုတ်ဖော်လျှောက်ထား တိုင်တန်းလျက်ရှိခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ပြောဆိုမေးဖြေခြင်းကိုလည်း ကြားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ ဖြစ်တော် မူပေသတည်း။
ٱلَّذِينَ يُظَٰهِرُونَ مِنكُم مِّن نِّسَآئِهِم مَّا هُنَّ أُمَّهَٰتِهِمْ ۖ إِنْ أُمَّهَٰتُهُمْ إِلَّا ٱلَّٰٓـِٔى وَلَدْنَهُمْ ۚ وَإِنَّهُمْ لَيَقُولُونَ مُنكَرًۭا مِّنَ ٱلْقَوْلِ وَزُورًۭا ۚ وَإِنَّ ٱللَّهَ لَعَفُوٌّ غَفُورٌۭ
အသင်တို့အနက် အကြင်သူတို့သည် မိမိတို့ ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ပင် ကျွန်ုပ်အပေါ်၌"ဟရာမ်" ဖြစ်သည်ဟု ပြောဆို "ဇိဟာရ်" ပြုလုပ်ကြလေ၏။ ထိုဇနီးမိန်းမများမှာ ၎င်းတို့၏မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အား မွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏မိခင်များဖြစ်ကြ လေ၏။ သို့ရာတွင် ဧကန်မလွဲ ထို("ဇိဟာရ်" ပြုလုပ်ကြသော) ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကို လည်းကောင်း၊ မုသားစကားကိုလည်းကောင်း၊ ပြောဆိုကြသည် အမှန်ပင်။ သို့တစေလည်း မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
وَٱلَّذِينَ يُظَٰهِرُونَ مِن نِّسَآئِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا۟ فَتَحْرِيرُ رَقَبَةٍۢ مِّن قَبْلِ أَن يَتَمَآسَّا ۚ ذَٰلِكُمْ تُوعَظُونَ بِهِۦ ۚ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ
စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ ဇနီးမိန်းမများနှင့် "ဇိဟာရ်" ပြုလုပ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ ပြောဆိုခဲ့သည်မှ ပြန်လည် ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ဇနီး(မောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှော ထိတွေ့ခြင်းမပြုကြမီ ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည်။ ထိုသည်ဖြင့် အသင်တို့သည် ဆုံးမခြင်းကို ခံကြရပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِن قَبْلِ أَن يَتَمَآسَّا ۖ فَمَن لَّمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًۭا ۚ ذَٰلِكَ لِتُؤْمِنُوا۟ بِٱللَّهِ وَرَسُولِهِۦ ۚ وَتِلْكَ حُدُودُ ٱللَّهِ ۗ وَلِلْكَٰفِرِينَ عَذَابٌ أَلِيمٌ
သို့ရာတွင် မည်သူမဆို (ကျွန်)မရခဲ့လျှင် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ နှစ်လတိုင်တိုင် တစ်ဆက်တည်း "ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ရပေမည်။ သို့သော် မည်သူမဆို ("ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ခြင်းငှာ) မတတ်စွမ်းနိုင်လျှင် သူဆင်းရဲ ခြောက်ဆယ်အား (၎င်းတို့မောင်နှံနှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ ထမင်းနှစ်နပ်)ကျွေးမွေးရပေမည်။ ထို(အမိန့်ပညတ်ကို ပြဋ္ဌာန်းတော်မူခြင်း)ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်မှာမူကား ထိုသည်တို့မှာ အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များပင်။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။
إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥ كُبِتُوا۟ كَمَا كُبِتَ ٱلَّذِينَ مِن قَبْلِهِمْ ۚ وَقَدْ أَنزَلْنَآ ءَايَٰتٍۭ بَيِّنَٰتٍۢ ۚ وَلِلْكَٰفِرِينَ عَذَابٌۭ مُّهِينٌۭ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကဏ္ဍက ပြုလုပ်ကြသောသူတို့ကား မိမိတို့အလျင်ရှိခဲ့ကြသော ရှေးသူဟောင်းတို့ ဂုဏ်ရည်သေးသိမ်စေခြင်း ခံခဲ့ကြရသည့်နည်းတူ ဂုဏ်ရည် သေးသိမ်စေခြင်းကို ခံကြရပေမည်။အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် ထင်ရှားလှစွာသော သက်သေ လက္ခဏာတော်များကို ချပေးတော်မူခဲ့ပြီးဖြစ်၏။၎င်းပြင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့၌ ဂုဏ်ရည်ပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိပေမည်။
يَوْمَ يَبْعَثُهُمُ ٱللَّهُ جَمِيعًۭا فَيُنَبِّئُهُم بِمَا عَمِلُوٓا۟ ۚ أَحْصَىٰهُ ٱللَّهُ وَنَسُوهُ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ
အကြင်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးကို ရှင်ပြန်ထစေတော်မူပြီးနောက် ၎င်းတို့ ကျင့်မူခဲ့သမျှတို့ကို ၎င်းတို့အား သိစေတော်မူပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအကျင့်အမူကို ရေတွက် မှတ်သား၍ ထားရှိတော်မူ၏။ သို့ရာတွင် ၎င်းတို့မှာမူကား ယင်းအကျင့်အမူကို မေ့ပျောက်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် မျက်မြင်သက်သေ ဖြစ်တော်မူ၏။
أَلَمْ تَرَ أَنَّ ٱللَّهَ يَعْلَمُ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ مَا يَكُونُ مِن نَّجْوَىٰ ثَلَٰثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَآ أَدْنَىٰ مِن ذَٰلِكَ وَلَآ أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا۟ ۖ ثُمَّ يُنَبِّئُهُم بِمَا عَمِلُوا۟ يَوْمَ ٱلْقِيَٰمَةِ ۚ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ
(အို-နဗီတမန်တော်၊) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသည်တို့ကို လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကို လည်းကောင်း၊ သိရှိတော်မူကြောင်း အသင်သည် စဉ်းစားဆင်ခြင် သိမြင်ခဲ့ပြီး မဟုတ်ပါလော။ (လူ)သုံးဦး လျှို့ဝှက်တိုင်ပင်ကြသည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ် သည် ၎င်းတို့အနက် စတုတ္ထ ဖြစ်တော်မူ၏။ ထိုနည်းတူစွာ(လူ)ငါးဦး(လျှို့ဝှက်တိုင်ပင်ကြသည်) မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အနက် ဆဋ္ဌမ ဖြစ်တော်မူ၏။ ထို့ပြင် ထို(သုံးဦး)ထက်လျော့၍လည်းကောင်း၊(ငါးဦး)ထက်ပို၍ လည်းကောင်း၊ (လျှို့ဝှက်တိုင်ပင်ကြသည်)မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ မည်သည့်နေရာ၌ ရှိနေကြသည်ဖြစ်စေ ၎င်းတို့နှင့်အတူ ရှိနေတော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် "ကိယာမသ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့သည်တို့ကို သိစေတော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
أَلَمْ تَرَ إِلَى ٱلَّذِينَ نُهُوا۟ عَنِ ٱلنَّجْوَىٰ ثُمَّ يَعُودُونَ لِمَا نُهُوا۟ عَنْهُ وَيَتَنَٰجَوْنَ بِٱلْإِثْمِ وَٱلْعُدْوَٰنِ وَمَعْصِيَتِ ٱلرَّسُولِ وَإِذَا جَآءُوكَ حَيَّوْكَ بِمَا لَمْ يُحَيِّكَ بِهِ ٱللَّهُ وَيَقُولُونَ فِىٓ أَنفُسِهِمْ لَوْلَا يُعَذِّبُنَا ٱللَّهُ بِمَا نَقُولُ ۚ حَسْبُهُمْ جَهَنَّمُ يَصْلَوْنَهَا ۖ فَبِئْسَ ٱلْمَصِيرُ
(အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့(၏အခြေအနေ)ကို ဆင်ခြင်သုံးသပ် မြင်ခဲ့သည် မဟုတ်လော။ ထိုသူတို့သည် လျှို့ဝှက်တိုင်ပင်မှု မပြုရန် တားမြစ်ခြင်းကို ခံခဲ့ရလေ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ တားမြစ်ခြင်းခံခဲ့ကြရသော အမှုကိစ္စကိုပင် ထပ်မံ၍ ပြုလုပ်ကြကုန်၏။ စင်စစ် ထိုသူတို့ကား ပြစ်မှုကျူးလွန်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျူးကျော်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ရစူလ်တမန်တော်မြတ်၏အမိန့်ကို သွေဖည်ဆန့်ကျင်မှု ပြုလုပ်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လျှို့ဝှက်တိုင်ပင်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အသင့်ထံသို့ လာကြသောအခါ အလ္လာဟ်အရှင်မြတ်က အသင့်အား မေတ္တာပို့တော်မမူခဲ့သော နည်းမျိုးဖြင့် မေတ္တာပို့သ နှုတ်ခွန်းဆက်ကြပေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ စိတ်ထဲတွင် (တွေးတော) ပြောဆိုကြကုန်၏။ "အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ပြောဆိုမှုကြောင့် ကျွန်ုပ်တို့အား အဘယ်ကြောင့် ပြစ်ဒဏ်ပေးတော်မမူပါသနည်း။" ၎င်းတို့၌ အကြင် "ဂျဟန္နမ်" ငရဲသည် လုံလောက်ပေသည်။ ၎င်းတို့သည် ယင်း "ဂျဟန္နမ်" ငရဲသို့ ဝင်ရောက်ကြရပေမည်။ စင်စစ်သော်ကား ယင်း "ဂျဟန္နမ်"ငရဲမှာ လွန်စွာဆိုးရွားလှသော ပြန်လည်ရာ စခန်း ဖြစ်ပေသည်။
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا تَنَٰجَيْتُمْ فَلَا تَتَنَٰجَوْا۟ بِٱلْإِثْمِ وَٱلْعُدْوَٰنِ وَمَعْصِيَتِ ٱلرَّسُولِ وَتَنَٰجَوْا۟ بِٱلْبِرِّ وَٱلتَّقْوَىٰ ۖ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِىٓ إِلَيْهِ تُحْشَرُونَ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် လျှို့ဝှက်တိုင်ပင်ကြသောအခါ ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျူးကျော်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရစူလ်တမန်တော်မြတ်၏အမိန့်ကို သွေဖည်ဆန့်ကျင်ဘက်ပြုခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊လျှို့ဝှက်တိုင်ပင် ခြင်း မပြုကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် ကောင်းမှုပြုလုပ်ရန်လည်းကောင်း၊ ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ရန်လည်းကောင်း၊ လျှို့ဝှက်တိုင်ပင် ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အကြင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို အရှင်မြတ်အထံတော်သို့ပင် အသင်တို့သည် ပြန်လည် စုရုံးကြရပေမည်။
إِنَّمَا ٱلنَّجْوَىٰ مِنَ ٱلشَّيْطَٰنِ لِيَحْزُنَ ٱلَّذِينَ ءَامَنُوا۟ وَلَيْسَ بِضَآرِّهِمْ شَيْـًٔا إِلَّا بِإِذْنِ ٱللَّهِ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ
(မကောင်းမှုကျူးလွန်ရန်)လျှို့ဝှက်တိုင်ပင်မှုကား "ရှိုင်တွာန်"မိစ္ဆာကောင်၏ထံမှ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား စိတ်ဒုက္ခ ဖြစ်စေရန်သာဖြစ်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အလိုတော်မရှိဘဲ ယင်း "ရှိုင်တွာန်"မိစ္ဆာကောင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား အနည်းငယ် စိုးစဉ်းမျှပင် ကျိုးယုတ်စေနိုင်သူမဟုတ်ပြီ။ သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားကြရာသတည်း။
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا قِيلَ لَكُمْ تَفَسَّحُوا۟ فِى ٱلْمَجَٰلِسِ فَٱفْسَحُوا۟ يَفْسَحِ ٱللَّهُ لَكُمْ ۖ وَإِذَا قِيلَ ٱنشُزُوا۟ فَٱنشُزُوا۟ يَرْفَعِ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ مِنكُمْ وَٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ دَرَجَٰتٍۢ ۚ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا نَٰجَيْتُمُ ٱلرَّسُولَ فَقَدِّمُوا۟ بَيْنَ يَدَىْ نَجْوَىٰكُمْ صَدَقَةًۭ ۚ ذَٰلِكَ خَيْرٌۭ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا۟ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု မပြုကြမီ အလှူဒါန တစ်စုံတစ်ရာကို ကြိုတင်ပေးနှင့်ကြလေကုန်။ဤသည် အသင်တို့အဖို့ အကောင်းဆုံးလည်းဖြစ်၏။ အသန့်ရှင်းဆုံးလည်းဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည်(အလှူဒါနပြုရန် ဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို) မရခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
ءَأَشْفَقْتُمْ أَن تُقَدِّمُوا۟ بَيْنَ يَدَىْ نَجْوَىٰكُمْ صَدَقَٰتٍۢ ۚ فَإِذْ لَمْ تَفْعَلُوا۟ وَتَابَ ٱللَّهُ عَلَيْكُمْ فَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ
အသင်တို့သည် မိမိတို့လျှို့ဝှက် ပြောဆိုမှု မပြုမီ အလှူဒါနများပေးနှင့်ရန် ကြောက်ရွံ့ခဲ့ကြလေပြီလော။ သို့ဖြစ်လျှင် အသင်တို့သည် (ယင်းသို့ အလှူဒါနပေးခြင်းကို) မပြုလုပ်နိုင်ခဲ့ကြသည်ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်" ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိကြသည်တို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
۞ أَلَمْ تَرَ إِلَى ٱلَّذِينَ تَوَلَّوْا۟ قَوْمًا غَضِبَ ٱللَّهُ عَلَيْهِم مَّا هُم مِّنكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى ٱلْكَذِبِ وَهُمْ يَعْلَمُونَ
(အို-နဗီတမန်တော်၊)အသင်သည် အကြင်အမျိုးသားတှို့အား အဆွေခင်ပွန်း ပြုလုပ်ခဲ့ကြသောသူတို့(၏အခြေအနေကို) သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်လော။ ထိုအမျိုးသားတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် အမျက်ထွက်တော်မူခဲ့၏။ ထိုအမျိုးသားတို့ကား အသင်တို့အနက်မှလည်း မဟုတ်ကြပေ။ ၎င်းတို့အနက်မှလည်း မဟုတ်ကြချေ၊ ထိုအမျိုးသားတို့မှာ သိလျက်နှင့်ပင် မုသားနှင့်စပ်လျဉ်း၍ ကျိန်တွယ်ကြကုန်၏။
أَعَدَّ ٱللَّهُ لَهُمْ عَذَابًۭا شَدِيدًا ۖ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ
အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာသောပြစ်ဒဏ်ကို ထိုအမျိုးသားတို့အဖို့ အဆင့်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။ ဧကန်မလွဲ ၎င်းတို့ ကျင့်မူလျက် ရှိကြသည်မှာ လွန်စွာ ဆိုးယုတ်လှပေသည်။
ٱتَّخَذُوٓا۟ أَيْمَٰنَهُمْ جُنَّةًۭ فَصَدُّوا۟ عَن سَبِيلِ ٱللَّهِ فَلَهُمْ عَذَابٌۭ مُّهِينٌۭ
၎င်းတို့သည် မိမိတို့၏ ကျိန်ဆိုချက်များကို အကွယ်အကာ ပြုလုပ်ခဲ့ကြပြီးလျှင် (သူတစ်ပါးတို့ အားလည်း)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့၌ ဂုဏ်သရေပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိချေမည်။
لَّن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَٰدُهُم مِّنَ ٱللَّهِ شَيْـًٔا ۚ أُو۟لَٰٓئِكَ أَصْحَٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَٰلِدُونَ
အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူတို့၏ပစ္စည်းဥစ္စာတို့သည် လည်းကောင်း၊ ထိုသူတို့၏ သားသမီးတို့သည် လည်းကောင်း၊ ထိုသူတို့အား လုံးဝအကျိုးပေးမည် မဟုတ်ပေ။ ထိုသူတို့ကား ငရဲသားများ ပင်ဖြစ်ကြကုန်၏။ ၎င်းတို့မှာ ယင်းငရဲ၌ ထာဝစဉ် နေထိုင်ကြရမည့်သူများပင် ဖြစ်ကြကုန်၏။
يَوْمَ يَبْعَثُهُمُ ٱللَّهُ جَمِيعًۭا فَيَحْلِفُونَ لَهُۥ كَمَا يَحْلِفُونَ لَكُمْ ۖ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَىْءٍ ۚ أَلَآ إِنَّهُمْ هُمُ ٱلْكَٰذِبُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့ကို ရှင်ပြန်ထစေတော်မူအံ့သောနေ့တွင် ၎င်းတို့သည် ထိုအရှင်မြတ်၏ ရှေ့မှောက်၌လည်း အသင်တို့ရှေ့ဝယ် ကျိန်ဆိုဘိသကဲ့သို့ပင် ကျိန်ဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ဧကန်အမှန် မိမိတို့မှာ (ကောင်းသော)အခြေအနေ၌ ရှိနေကြသည်ဟု ထင်မှတ်ကြပေမည်။ ကောင်းစွာ မှတ်ယူကြလေကုန်။ဧကန်မလွဲ ၎င်းတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
ٱسْتَحْوَذَ عَلَيْهِمُ ٱلشَّيْطَٰنُ فَأَنسَىٰهُمْ ذِكْرَ ٱللَّهِ ۚ أُو۟لَٰٓئِكَ حِزْبُ ٱلشَّيْطَٰنِ ۚ أَلَآ إِنَّ حِزْبَ ٱلشَّيْطَٰنِ هُمُ ٱلْخَٰسِرُونَ
‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား နိုင်နင်း ကြီးစိုးလျက် ရှိပေရာ ၎င်းတို့အား ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် အလ္လာဟ်အရှင်မြတ်အား သတိရခြင်းကို မေ့ပျောက်စေခဲ့၏။ ထိုသူတို့ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုကား ဆုံးရှုံးအံ့သောသူများပင် ဖြစ်ကြကုန်သတည်း။
إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥٓ أُو۟لَٰٓئِكَ فِى ٱلْأَذَلِّينَ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်ကြကုန်သောသူတို့ မှာ အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ ပေမည်။
Page 1 of 2 (22 ayahs)