Loading surah...
Back to Burmese Quran
165 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَمْدُ لِلَّهِ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَجَعَلَ ٱلظُّلُمَٰتِ وَٱلنُّورَ ۖ ثُمَّ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ يَعْدِلُونَ
အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။
هُوَ ٱلَّذِى خَلَقَكُم مِّن طِينٍۢ ثُمَّ قَضَىٰٓ أَجَلًۭا ۖ وَأَجَلٌۭ مُّسَمًّى عِندَهُۥ ۖ ثُمَّ أَنتُمْ تَمْتَرُونَ
ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အားရွှံ့မြေဖြင့် ဖန်ဆင်းတော်မူပြီးနောက် (အသက်သေဆုံး စေရန်)အချိန်တချိန်ကို သတ်မှတ်ပြဋ္ဌာန်း တော်မူခဲ့သောအရှင်ပင်ဖြစ်ပေသည်။ ၎င်းပြင် (ရှင်ပြန်ထစေရန်)အချိန်သည် ထိုအရှင်မြတ်ထံတော် ၌သာ သတ်မှတ်ပြဌာန်းပြီးဖြစ်၏။သို့ပါလျက် အသင်တို့သည် ဒွိဟသံသယ ဖြစ်ကြကုန်သတည်း။
وَهُوَ ٱللَّهُ فِى ٱلسَّمَٰوَٰتِ وَفِى ٱلْأَرْضِ ۖ يَعْلَمُ سِرَّكُمْ وَجَهْرَكُمْ وَيَعْلَمُ مَا تَكْسِبُونَ
အမှန်စင်စစ် မိုးများနှင့်မြေတွင်၊ ထိုအလ္လာဟ်အရှင်မြတ်သည်သာလျှင်၊ ကိုးကွယ်ခြင်းကို ခံထိုက် သောမူသော (တစ်ဆူတည်းသော)အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အသင်တို့၏လျှို့ဝှက် ထားသောအဖြစ်အပျက်အခြေအနေကိုလည်းကောင်း၊ အသင် တို့၏ပေါ်လွင်ထင်ရှားစေသောအဖြစ်အပျက် အခြေအနေကိုလည်းကောင်း၊ သိတော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှာဖွေဆည်းပူး ပြုလုပ်ကြသမျှသော အရာများကိုလည်း (အကြွင်းမဲ့) သိတော်မူသည်။
وَمَا تَأْتِيهِم مِّنْ ءَايَةٍۢ مِّنْ ءَايَٰتِ رَبِّهِمْ إِلَّا كَانُوا۟ عَنْهَا مُعْرِضِينَ
၎င်းပြင် ထိုသူတို့ထံ ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ မည်သည့် သက်သေသာဓကလက္ခဏာမျိုးမဆို ဆိုက်ရောက်လာခဲ့သည်ရှိသော်ထိုသူတို့သည် ထိုသက်သေသာဓက လက္ခဏာတော်များမှမျက်နှာလွှဲဖယ် ကျောခိုင်းသွားကြသည်ချည်းသာတည်း။
فَقَدْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ ۖ فَسَوْفَ يَأْتِيهِمْ أَنۢبَٰٓؤُا۟ مَا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။
أَلَمْ يَرَوْا۟ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍۢ مَّكَّنَّٰهُمْ فِى ٱلْأَرْضِ مَا لَمْ نُمَكِّن لَّكُمْ وَأَرْسَلْنَا ٱلسَّمَآءَ عَلَيْهِم مِّدْرَارًۭا وَجَعَلْنَا ٱلْأَنْهَٰرَ تَجْرِى مِن تَحْتِهِمْ فَأَهْلَكْنَٰهُم بِذُنُوبِهِمْ وَأَنشَأْنَا مِنۢ بَعْدِهِمْ قَرْنًا ءَاخَرِينَ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ် အခြေစိုက် တည်မြဲစေတော်မူခဲ့သည့်နည်းမျိုးဖြင့် အသင်တို့အား အခြေစိုက် တည်မြဲစေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှုဒုစရိုက်များကြောင့် ပျက်စီးစေတော်မူခဲ့လေသည်။ ၎င်းပြင်ငါအသျှင်မြတ် သည် ထိုသူတို့၏နောက်တွင် အခြားလူမျိုးတို့ကိုဖန်ဆင်းတော်မူခဲ့လေသတည်း။
وَلَوْ نَزَّلْنَا عَلَيْكَ كِتَٰبًۭا فِى قِرْطَاسٍۢ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَٰذَآ إِلَّا سِحْرٌۭ مُّبِينٌۭ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ ့ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။
وَقَالُوا۟ لَوْلَآ أُنزِلَ عَلَيْهِ مَلَكٌۭ ۖ وَلَوْ أَنزَلْنَا مَلَكًۭا لَّقُضِىَ ٱلْأَمْرُ ثُمَّ لَا يُنظَرُونَ
၎င်းပြင် ထိုသူတို့က အဘယ်ကြောင့် ၎င်း (နဗီတမန်တော်)၏အထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ထားခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ စင်စစ်မှာမူအကယ်၍သာ ငါအရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အရေးကိစ္စမှာ မုချဧကန်ပြီးဆုံးသွားမည် သာဖြစ်၏။ ထို့နောက်ပိုင်းတွင် ၎င်းတို့သည်(အပြစ်ပေးခြင်းမှ အနည်းငယ်မျှ) ရွှေ့ဆိုင်းခွင့်ကို ရရှိကြလိမ့်မည် မဟုတ်ပေ။
وَلَوْ جَعَلْنَٰهُ مَلَكًۭا لَّجَعَلْنَٰهُ رَجُلًۭا وَلَلَبَسْنَا عَلَيْهِم مَّا يَلْبِسُونَ
ထိုမှတစ်ပါး အကယ်၍သာ ငါအရှင်မြတ်သည်၎င်း(ရစူလ်တမန်တော်)အား ကောင်းကင်တမန် တစ်ပါးပြုလုပ်တော်မူခဲ့ပါလျှင် မုချဧကန် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (ရုပ်ဆင်းသဏ္ဍာန်အားဖြင့်လူ)ယောက်ျားသာလျှင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့အား (ယခု) ထိုသူများ ယုံမှားသံသယ ဖြစ်သကဲ့သို့ပင် (ထပ်မံ၍) မုချ ယုံမှားသံသယ ဖြစ်စေတော်မူမည် ဖြစ်၏။
وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍۢ مِّن قَبْلِكَ فَحَاقَ بِٱلَّذِينَ سَخِرُوا۟ مِنْهُم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
(အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင် လှောင်ခဲ့ကြသော အပြစ်ဒဏ်သည်ပင်လျှင်ဝန်းဝိုင်းခဲ့ လေသည်။
قُلْ سِيرُوا۟ فِى ٱلْأَرْضِ ثُمَّ ٱنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلْمُكَذِّبِينَ
(အို-နဗီတမန်တော် အကယ်၍ ၎င်းတို့သည်ရှေးဟောင်းလူများ အပြစ်ဒဏ်ခံစားခဲ့ကြရသည်ကို မယုံမကြည်ငြင်းပယ်ကြပါမူ) အသင်သည် (ယင်းသူတို့အား ဤသို့ ပြောကြားပါလေ၊) အသင်တို့သည် ပထဝီမြေပြင်ဝယ် သွားလာလည်ပတ်ကြလေကုန်။ ၎င်းနောက် မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့ ၏အကျိုးသည် မည်သို့ရှိခဲ့သည်ကို အသင်တို့ကြည့်ရှုကြလေကုန်။
قُل لِّمَن مَّا فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۖ قُل لِّلَّهِ ۚ كَتَبَ عَلَىٰ نَفْسِهِ ٱلرَّحْمَةَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ لَا رَيْبَ فِيهِ ۚ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသွေဖည်ငြင်းပယ်သောသူတို့အား) မိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှသောအရာတို့သည် မည်သူပိုင်ဆိုင်သော အရာများဖြစ်သနည်းဟု မေးမြန်းပါလေ။ ( ထိုသူတို့သည် ပဌမသော် အမှန်အတိုင်း ဖြေကြားကြမည်ဖြစ်သည်။ အကယ်၍အကြောင်း တစုံတရာကြောင့် အမှန်အတိုင်း မဖြေကြားခဲ့သည်ရှိသော်) အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာဖြစ်ချေသည် ဟု အသင်ကပင် ဖြေကြားပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် (သတိတရားရရှိ၍ရှစ်ရ်က် မှ ဝန်ချတောင်းပန်သူတို့အား) ကရုဏာပြုတော်မူရန် မိမိအပေါ်၌ တာဝန်အဖြစ် သတ်မှတ်ထားတော်မူပြီးဖြစ်သည်ဟုလည်း ပြောဆိုပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား ကိယာမတ်နေ့တွင် မုချ စုရုံးတော်မူမည်။ထိုနေ့၏ (ဆိုက်ရောက်ခြင်း) ၌ အလျင်း ဒွိဟမရှိပေ။ အကြင်သူတို့သည် မိမိတို့ကိုယ်ကို နစ်နာ ပျက်စီးစေခဲ့ကြ၏။ ထိုသူတို့ကား အီမာန် ယုံကြည်ကြမည် မဟုတ်ပေ။
۞ وَلَهُۥ مَا سَكَنَ فِى ٱلَّيْلِ وَٱلنَّهَارِ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
ထိုမှတစ်ပါး ညဉ့်နှင့်နေ့တွင် နေထိုင်သောအရာများသည်လည်း ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာတည်း။ ၎င်းအပြင် ထိုအရှင်မြတ်သည်၊ အကြွင်းမဲ့ကြားတော်မူသောအရှင၊် အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
قُلْ أَغَيْرَ ٱللَّهِ أَتَّخِذُ وَلِيًّۭا فَاطِرِ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ ۗ قُلْ إِنِّىٓ أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ ۖ وَلَا تَكُونَنَّ مِنَ ٱلْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်ပြောပါလေ။ကျွန်ုပ်သည်’အလ္လာဟ်’အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ယောက်ကို ကိုးကွယ်ရာအရှင်ပြုလုပ်ရမည်လော။ ထိုအရှင်မြတ်သည် မိုးများနှင့်ပထဝီမြေကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါးတို့ကို)တို့ကို ကျွေးမွေးတော်မူ၏။ အထိုအရျင်မြတ်သည် (သူတစ်ပါး၏)ကျွေးမွေးခြင်းကိုမူကား ခံရတော်မူသည်မဟုတ်ချေ။ (4င်းအပြင်) အသင်ပြောပါလေ။ ကျွန်ုပ်သည်’အစ္စလာမ်’ သာသနာတော်ကို ပထမဆုံးလက်ခံနာယူသူဖြစ်ရန် အမိန့်တော်ကိုမုချရရှိ၏။ ထို့အပြင် အသင်သည် ‘မုရှ်ရစ်က်’ များတွင် အပါအဝင် အလျှင်းမဖြစ်လေနှင့် (ဟုလည်း မြစ်တားတော်မူခြင်းကိုခံရ၏။)
قُلْ إِنِّىٓ أَخَافُ إِنْ عَصَيْتُ رَبِّى عَذَابَ يَوْمٍ عَظِيمٍۢ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို အကယ်၍သာ ဖီဆန်ခဲ့ပါမူ၊ အလွန်ကြီးကျယ်လှသော (ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ် (ခံစားရမည်)ကို ဧကန်စင်စစ် ကြောက်ရွံ့စိုးရိမ်ရပါသည် ဟုပြောကြားပါလေ။
مَّن يُصْرَفْ عَنْهُ يَوْمَئِذٍۢ فَقَدْ رَحِمَهُۥ ۚ وَذَٰلِكَ ٱلْفَوْزُ ٱلْمُبِينُ
မည်သူမဆို ၎င်း၏အပေါ်မှ ထို(ကိယာမတ်ရှင်ပြန်မည့်)နေ့တွင် ယင်းအပြစ်ဒဏ်သည် ဖယ်ရှားခြင်းခံရလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် ၎င်း၏အပေါ်ဝယ် အလွန်တရာမျှပင် သနားကြင်နာ ညှာတာ တော်မူပြီး ဖြစ်ချေသည်။အမှန်စင်စစ် ဤ(ကဲ့သို့ အပြစ်ဒဏ်ဖယ်ရှားခြင်းနှင့် သနားကြင်နာမှုကို ခံစားရခြင်း)သည်ပင်လျှင် ထင်ရှားစွာသောအောင်မြင် မှုပင်တည်း။
وَإِن يَمْسَسْكَ ٱللَّهُ بِضُرٍّۢ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَ ۖ وَإِن يَمْسَسْكَ بِخَيْرٍۢ فَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ
၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَهُوَ ٱلْقَاهِرُ فَوْقَ عِبَادِهِۦ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ
၎င်းပြင် ထိုအရှင်မြတ်သည် မိမိကျွန်များအပေါ်ဝယ် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ်လည်းဖြစ် တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ (သတင်းအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
قُلْ أَىُّ شَىْءٍ أَكْبَرُ شَهَٰدَةًۭ ۖ قُلِ ٱللَّهُ ۖ شَهِيدٌۢ بَيْنِى وَبَيْنَكُمْ ۚ وَأُوحِىَ إِلَىَّ هَٰذَا ٱلْقُرْءَانُ لِأُنذِرَكُم بِهِۦ وَمَنۢ بَلَغَ ۚ أَئِنَّكُمْ لَتَشْهَدُونَ أَنَّ مَعَ ٱللَّهِ ءَالِهَةً أُخْرَىٰ ۚ قُل لَّآ أَشْهَدُ ۚ قُلْ إِنَّمَا هُوَ إِلَٰهٌۭ وَٰحِدٌۭ وَإِنَّنِى بَرِىٓءٌۭ مِّمَّا تُشْرِكُونَ
(အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။ (တဖန်)အသင်ကပင် (ယင်းသူတို့အားဤသို့)ပြောကြားပါလေ။ အလ’ာအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်အသင်တို့၏ စပ်ကြားတွင် သက်သေဖြစ်တော်မူပါသည်။စင်စစ် (ထိုအရှင်မြတ်၏ သက်သေခံခြင်းမှာ) ကျွန်ုပ်၏ထံဝယ်ဤကုရ်အာန်ကျမ်းတော် မြတ်သည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ‘ဝဟ်ယ်’ အမိန့် တော်အဖြစ် ပို့သခဲ့ခြင်းပင် ဖြစ်ပေသည်။ (တနည်း) ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် အသင်တို့အားလည်းကောင်း၊ ထိုကုရ်အာန်ကျမ်းမြတ် ရောက်ရှိသော သူတို့အားလည်းကောင်း၊ ကျွန်ုပ် သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သို့မှာသာလျှင် ကျွန်ုပ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ဖြင့် အသင်တို့အား၎င်း၊ ကုရ်အာန် ကျမ်းတော်မြတ်ရောက်ရှိသောသူတို့အား၎င်း၊ သတိပေး နှိုးဆော်နိုင်မည်ဖြစ်ချေသည်။ (ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ရောက်ရှိပြီးဖြစ်သော်လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း (တွဲဖက်လျက်) ရှိကြသေးသည် ဟု သက်သေခံကြမည်လော။ (အကယ်၍ ၎င်းတို့က ဤအတိုင်း သက်သေ ခံကြပါလျှင်) အသင်သည်(၎င်းတို့အား) ကျွန်ုပ်သည် (ယင်းကဲ့သို့) အလျင်းသက်သေခံမည်မဟုတ်ဟု ပြောကြားပါလေ။ ထိုမှတစ်ပါး အသင်သည်(ယင်းသူတို့အား) အချင်းတို့ ထို(အလ္လာဟ်)အရှင်မြတ်သည်တစ်ဆူတည်းသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟူ၍လည်းကောင်း၊ ကျွန်ုပ်သည် မုချဧကန် အသင်တို့ပြုကြကုန်သော တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းလွတ်သူဖြစ်ပေသည် ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။
ٱلَّذِينَ ءَاتَيْنَٰهُمُ ٱلْكِتَٰبَ يَعْرِفُونَهُۥ كَمَا يَعْرِفُونَ أَبْنَآءَهُمُ ۘ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
အကြင်သူတို့သည် ငါအရှင်မြတ်က ၎င်းတို့ အားကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုသူတို့သည် မိမိတို့၏ သားများကိုမှတ်မိကြသကဲ့သို့ပင်၊ ထို(နဗီတမန်တော်မြတ်)အားလည်း မှတ်မိကြကုန်သည်။ (သို့ရာတွင်)မိမိတို့ကိုယ်ကို မိမိတို့ပင် ကျိုးယုတ်နစ်နာအောင် ပြုလုပ်သောသူတို့မူကား အလျင်း သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။
Page 1 of 9 (165 ayahs)