Loading surah...
Back to Burmese Quran
206 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓمٓصٓ
အလစ်ဖ်၊ လာမ်၊ မီမ်၊ ဆွားဒ်။
كِتَٰبٌ أُنزِلَ إِلَيْكَ فَلَا يَكُن فِى صَدْرِكَ حَرَجٌۭ مِّنْهُ لِتُنذِرَ بِهِۦ وَذِكْرَىٰ لِلْمُؤْمِنِينَ
(ဤသည်) အသင့်ထံ ထုတ်ပြန်ခဲ့သော ကျမ်းဂန်တစ်စောင်ဖြစ်၏။ (ဤကျန်းဂန်သည်) အသင်သည် ထိုကျမ်းဂန်ဖြင့် သတိပေးနှိုးဆော်ရန်အလို့ငှာဖြစ်သည်။ သို့ဖြစ်ပေရာအသင်၏စိတ်တွင်းဝယ် မည်သို့မျှကျဉ်းကျပ်မှု မဖြစ်ရာချေ။၎င်းပြင် (ဤကျမ်းဂန်သည်) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ ဆုံးမဩဝါဒလည်း ဖြစ်ချေသတည်း။
ٱتَّبِعُوا۟ مَآ أُنزِلَ إِلَيْكُم مِّن رَّبِّكُمْ وَلَا تَتَّبِعُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ۗ قَلِيلًۭا مَّا تَذَكَّرُونَ
အသင်တို့သည် မိမိတို့၏ အရှင်မြတ်အထံတော်မှ မိမိတို့ထံကျရောက်လာသော ဒေသနာတော်ကိုသာလိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားမိတ်ဆွေများ(၏ပြောစကားများ)ကို မလိုက်နာကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် ဆုံးမဩဝါဒများ ကို အနည်းငယ်မျှသာလျှင် နာယူကြကုန်သတည်း။
وَكَم مِّن قَرْيَةٍ أَهْلَكْنَٰهَا فَجَآءَهَا بَأْسُنَا بَيَٰتًا أَوْ هُمْ قَآئِلُونَ
ငါအရှင်မြတ်သည် များစွာသော မြို့ရွာများကိုဖျက်ဆီးတော်မူခဲ့လေသည်။ သို့ဖျက်ဆီးရာတွင် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် ထိုမြို့သူမြို့သားရွာသူရွာသားတို့အပေါ်ဝယ်ညဉ့်အချိန်၌သော်လည်းကောင်း၊ ထိုသူတို့သည် နေ့လည်အချိန်တွင် အပန်းဖြေနေကြသောအခါ၌သော်လည်းကောင်း၊ ဆိုက်ရောက်ခဲ့လေသည်။
فَمَا كَانَ دَعْوَىٰهُمْ إِذْ جَآءَهُم بَأْسُنَآ إِلَّآ أَن قَالُوٓا۟ إِنَّا كُنَّا ظَٰلِمِينَ
သို့ဖြစ်ပေရာ ထိုသူတို့ထံ ငါအရှင်မြတ်၏ ပြစ်ဒဏ်ဆိုက်ရောက်လာသောအခါ ထိုသူတို့ကကျွန်ုပ်တို့သည်သာ လျှင်မတရား ကျူးလွန်သူများ ဖြစ်ကြပါသည် ဟု ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမျှ ဆင်ခြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။
فَلَنَسْـَٔلَنَّ ٱلَّذِينَ أُرْسِلَ إِلَيْهِمْ وَلَنَسْـَٔلَنَّ ٱلْمُرْسَلِينَ
ပြီးနောက် တဖန် ငါအရှင်မြတ်သည် တမန်တော်များ စေလွှတ်ခြင်းခံခဲ့ကြရသူတို့အား မုချစစ်ဆေး မေးမြန်းတော်မူအံ့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အားလည်း ဧကန်မလွဲ စစ်ဆေးမေးမြန်းတော်မူအံ့။
فَلَنَقُصَّنَّ عَلَيْهِم بِعِلْمٍۢ ۖ وَمَا كُنَّا غَآئِبِينَ
ထို့နောက် ငါအရှင်သည် ၎င်းတို့ရှေ့ဝယ် (အလုံးစုံတို့ကို) အကြွင်းမဲ့ သိရှိတော်မူသည့်အတိုင်း(ပြန်လည်)မိန့်ကြားတော်မူအံ့။ အမှန်စင်စစ် သော်ကား ငါအရှင်မြတ်သည် မည်သည့်အခြေအနေ မည်သည့်အချိန်၌မျှ ပျောက်ကွယ်နေတော်မူသည် မဟုတ်ချေ။
وَٱلْوَزْنُ يَوْمَئِذٍ ٱلْحَقُّ ۚ فَمَن ثَقُلَتْ مَوَٰزِينُهُۥ فَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ
၎င်းပြင် ထိုနေ့တွင် (ကုသိုလ်အကုသိုလ်များကို)ချိန်စက်မည်မှာ(လည်း)လုံးဝမှန်ကန်၏။ သို့ဖြစ်ပေရာ အကြင်သူ၏ အလေးချိန်သည် အချိန်စီးအံ့။ ထို(ကဲ့သို့သော) သူတို့သည်ပင်လျှင် အောင်မြင်သောသူများ ဖြစ်ကြလတ္တံ့။
وَمَنْ خَفَّتْ مَوَٰزِينُهُۥ فَأُو۟لَٰٓئِكَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُم بِمَا كَانُوا۟ بِـَٔايَٰتِنَا يَظْلِمُونَ
သို့ရာတွင်မူကား၊ အကြင်သူ၏ အလေးချိန်သည်အချိန်ပေါ့ပါးအံ့။ ထို(ကဲ့သို့သော)သူတို့ သည်သာလျှင်မိမိတို့ကိုယ်ကို (မိမိတို့ပင်) နစ်နာဆုံးရှုံးအောင် ပြုလုပ်ခဲ့သောသူများဖြစ်ကြ၏။ အကြောင်းမူကား ၎င်းတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာများနှင့် စပ်လျဉ်း၍ မတရား ပြုလုပ်ခဲ့သောကြောင့်ပင်တည်း။
وَلَقَدْ مَكَّنَّٰكُمْ فِى ٱلْأَرْضِ وَجَعَلْنَا لَكُمْ فِيهَا مَعَٰيِشَ ۗ قَلِيلًۭا مَّا تَشْكُرُونَ
မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင်၌ တန်ခိုးအာဏာ ချီးမြှင့်ပေး သနားတော်မူခဲ့လေသည်။(တစ်နည်း)မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင် ဝယ်(အသင်တို့)နေထိုင်ရန် နေရာထိုင်ခင်း ချီးမြှင့်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အဖို့ ထိုပထဝီမြေ၌ ပရိယေသနအသက် မွေးဝမ်းကျောင်းပြုနိုင်ရန် အကြောင်းကိစ္စများကိုလည်း ပြုလုပ်၍ ပေးသနားတော်မူခဲ့လေသည်။ (သို့ရာတွင်) အသင်တို့မူကား အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြကုန်သတည်း။(ရကူ)
وَلَقَدْ خَلَقْنَٰكُمْ ثُمَّ صَوَّرْنَٰكُمْ ثُمَّ قُلْنَا لِلْمَلَٰٓئِكَةِ ٱسْجُدُوا۟ لِءَادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ لَمْ يَكُن مِّنَ ٱلسَّٰجِدِينَ
မုချစင်စစ် ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် အသင်တို့၏ရုပ်သဏ္ဍာန်ကို ပြုလုပ်တော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်တို့အားအာဒမ်ကို ပျပ်ဝပ်ဦးချကြလေကုန်ဟု မိန့်ကြား တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အစ်ဗ်လီးစ်မှတစ်ပါး မလာအိကဟ် ကောင်းကင်တမန်အပေါင်းတို့သည် ပျပ်ဝပ်ဦးချခဲ့ကြလေသည်။ ယင်း အစ်ဗ်လီးစ်မှာမူကားပျပ်ဝပ်ဦးချသူတို့အနက် အပါအဝင် မဖြစ်ခဲ့ချေ။
قَالَ مَا مَنَعَكَ أَلَّا تَسْجُدَ إِذْ أَمَرْتُكَ ۖ قَالَ أَنَا۠ خَيْرٌۭ مِّنْهُ خَلَقْتَنِى مِن نَّارٍۢ وَخَلَقْتَهُۥ مِن طِينٍۢ
(ထိုအခါ) အရှင်မြတ်က (ဟယ်-အစ်ဗ်လီးစ်)ငါအရှင်မြတ်သည် အသင့်အား အမိန့်ပေးတော်မူခဲ့သည့် အခါမည်သည့်အရာက အသင့်ကို ဦးမချရန် တားမြစ်ခဲ့ သနည်းဟု မေးမြန်းတော်မူခဲ့၏။ (ထိုအခါ) ယင်း အစ်ဗ် လီးစ်က(အို-အရှင်) ကျွန်တော်မျိုးသည် ထို(အာဒမ်)ထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား၊ မီးဖြင့်ဖန်ဆင်းတော်မူ၍၊ ၎င်းကိုမူကား ရွှံ့မြေဖြင့်ဖန်ဆင်း တော်မူပါသည် ဟု လျှောက်ထားခဲ့လေ၏။
قَالَ فَٱهْبِطْ مِنْهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَٱخْرُجْ إِنَّكَ مِنَ ٱلصَّٰغِرِينَ
(ထိုရောကာလ) ထိုအရှင်မြတ်သည် (ယင်းအစ်ဗ်လီးစ်အား ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-ဣဗ်လီးစ်) သို့ဖြစ်လျှင် အသင်သည် ဤ(ဂျန္နတ် အမတသုခဘုံ)မှ ဆင်းလော့။ အသင်သည် ဤ(ဂျန္နတ်အမတသုခဘုံ)၌မောက်မာပလွှား[တနည်း] ဂုဏ်ဟိတ်ထုတ်ရန် မထိုက်ပေ။ သို့ဖြစ်ပေရာ အသင်သည်(ဤမှ)ထွက်လော့။ မုချဧကန် အသင်သည် ဂုဏ်သိရ်သိမ်ဖျင်းသူတို့တွင် အပါအဝင် ဖြစ်ချေသည်။
قَالَ أَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ
(ထိုအခါ) ယင်းအစ်ဗ်လီးစ်က အို-အရှင်အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြစ်ဒဏ်ပေး တော်မူခြင်းမှလည်းကောင်း၊ အသက်သေခြင်းမှလည်းကောင်း၊ သတ္တဝါအပေါင်းတို့ ရှင်ပြန်ထကြရမည့်နေ့အထိ ရွှေ့ဆိုင်းပေးတော်မူပါဟု လျှောက်ထားခဲ့လေ၏။
قَالَ إِنَّكَ مِنَ ٱلْمُنظَرِينَ
(သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။
قَالَ فَبِمَآ أَغْوَيْتَنِى لَأَقْعُدَنَّ لَهُمْ صِرَٰطَكَ ٱلْمُسْتَقِيمَ
(ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။
ثُمَّ لَءَاتِيَنَّهُم مِّنۢ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَٰنِهِمْ وَعَن شَمَآئِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَٰكِرِينَ
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
قَالَ ٱخْرُجْ مِنْهَا مَذْءُومًۭا مَّدْحُورًۭا ۖ لَّمَن تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنكُمْ أَجْمَعِينَ
(ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-အစ်ဗ်လီးစ်) အသင်သည် ထို(ဂျန္နတ်အမတသုခဘုံ)မှ ဂုဏ်သရေသိမ်ဖျင်းစွာ နှင်ထုတ်ခြင်းခံရသူအဖြစ် ထွက်သွားလော့။ အမှန်စင်စစ်၊ ၎င်းတို့အနက် မည်သူမဆိုအသင်၏နောက်ကိုလိုက်ခဲ့ပါမူ ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို မလွဲဧကန် အသင်တို့အားလုံးဖြင့် ဖြည့်တော်မူအံ့။[အသင်ထိုမှထွက်လေ ဆိုလိုသည်ကား အသင်သည် ဂျန္နတ်မှထွက်လေ။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ထိုအရှင်မြတ်၏ ကောင်းကင်တမန်များ၏ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းခံရသူအဖြစ်’ဂျန္နတ်’မှ အနှင်ခံရသူအဖြစ်နှင့် ထွက်လေ။ဆိုလိုသည်ကား အခြားမုခပါဌ်တော်များတွင် ပါရှိသည့်အတိုင်း’အစ်ဗ်လစ်’ သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခဲ့ရသည်။ အပါးတော်မှ အနှင်ခံခဲ့ရသည်ဟူ၏။]
وَيَٰٓـَٔادَمُ ٱسْكُنْ أَنتَ وَزَوْجُكَ ٱلْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ
၎င်းပြင် အို-အာဒမ်၊ အသင်သည် မိမိကြင်ရာနှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်ပါလေ။ ထို့နောက်အသင်တို့နှစ်ဦးသည် မိမိတို့အလိုရှိရာ နေရာမှ စားသုံးကြလေကုန်။ သို့ရာတွင် ဤသစ်ပင်အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။သို့မဟုတ်လျှင် အသင်တို့နှစ်ဦးသည်(လည်း) နစ်နာဆုံးရှုံးသူတို့တွင်အပါအဝင် ဖြစ်သွားကြလတ္တံ။
فَوَسْوَسَ لَهُمَا ٱلشَّيْطَٰنُ لِيُبْدِىَ لَهُمَا مَا وُۥرِىَ عَنْهُمَا مِن سَوْءَٰتِهِمَا وَقَالَ مَا نَهَىٰكُمَا رَبُّكُمَا عَنْ هَٰذِهِ ٱلشَّجَرَةِ إِلَّآ أَن تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ ٱلْخَٰلِدِينَ
ထို့နောက် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏စိတ်တွင်း၌၎င်းတို့မှ ဖုံးကွယ်လျက်ရှိသော ၎င်းတို့၏အရှက်ကို ၎င်းတို့၏ရှေ့ဝယ် ပေါ်လွင်စေရန်အကြံပေးလေ၏။ ထို့ပြင် (ဤသို့) ပြောဆိုခဲ့၏။ (အမှန်စင်စစ်)အသင်တို့၏အရှင်သည် အသင်တို့အား အသင်တို့နှစ်ဦးအပါးတော်စေတမန်များသော်လည်းကောင်း၊ ထာဝစဉ်အသက်ရှင်နေသူများသော်၎င်း၊ မဖြစ်နိုင်ကြရန်သာလျှင်ဤသစ်ပင်မှ တားမြစ်တော် မူခဲ့လေသည်။(တစ်နည်း)ထို့နောက် ရှိုင်တွာန်သည် ထိုနှစ်ဦးတို့ထံမှ ဖုံးကွယ်လျက်ရှိသော ထိုနှစ်ဦးတို့၏အရှက်ကို ပေါ် လွင်သွားစေရန် မကောင်းသောအကြံအစည်ကို ထိုနှစ်ဦးတို့(၏စိတ်)တွင်ဖြစ်ပေါ်စေ၏။ ၎င်းနောက် ထိုရှိုင်တွာန်က အသင်တို့နှစ်ဦးအား အသင်တို့နှစ်ဦး ၏အရှင်က ဤသစ်ပင်မှ တားမြစ်တော်မူခြင်းမှာ အသင်တို့နှစ်ဦး ကောင်းကင်တမန်များ(မ)ဖြစ်ကြရန်သို့မဟုတ် အသင်တို့နှစ်ဦး ထာဝစဉ် အသက်ရှင် နေသူများတွင်အပါအဝင် (မ)ဖြစ်ကြရန်အတွက်သာလျှင် ဖြစ်ချေသည်ဟုပြောဆိုလေ၏။
Page 1 of 11 (206 ayahs)