Loading surah...
Back to Burmese Quran
52 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ نٓ ۚ وَٱلْقَلَمِ وَمَا يَسْطُرُونَ
နူန်" (ငါအရှင်မြတ်)သည် "ကလောင်"ကိုလည်းကောင်း၊ ထို(ကောင်းကင်တမန်များ) ရေးမှတ်ကြသည်တို့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏၊
مَآ أَنتَ بِنِعْمَةِ رَبِّكَ بِمَجْنُونٍۢ
အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ရူးသွပ်သောသူ မဟုတ်ပေ။
وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍۢ
၎င်းပြင် ဧကန်စင်စစ် အသင့်အဖို့ မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်ရှိ၏။
وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍۢ
ထိုမှတစ်ပါး မလွဲဧကန် အသင်သည် ထူးကဲမြင့်မြတ်လှစွာသော သဘောသကန် အကျင့်စာရိတ္တ ပေါ်၌ရှိနေ၏။
فَسَتُبْصِرُ وَيُبْصِرُونَ
သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်သည်လည်း မြင်ရပေမည်၊ ၎င်းတို့သည်လည်း မြင်ကြရပေမည်။
بِأَييِّكُمُ ٱلْمَفْتُونُ
အသင်တို့အနက် မည်သူ၌ ရူးသွပ်ခြင်း ဝေဒနာရှိနေသည်ကို၊
إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ ချွတ်ချော်တိမ်းပါးခဲ့သောသူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုနည်းတူ ထိုအရှင်မြတ်သည်ပင်လျှင် တရားလမ်းမှန်ကို ရရှိကြသောသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။
فَلَا تُطِعِ ٱلْمُكَذِّبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သော သူတို့၏ စကားကို နားမထောင်ပါလေနှင့်။
وَدُّوا۟ لَوْ تُدْهِنُ فَيُدْهِنُونَ
၎င်းတို့သည် အကယ်၍ အသင် အလျှော့ပေး လိုက်လျောပါလျှင် ၎င်းတို့သည် အလျှော့ပေး လိုက်လျောလိုကြကုန်၏။
وَلَا تُطِعْ كُلَّ حَلَّافٍۢ مَّهِينٍ
ထိုမှတစ်ပါး အသင်သည် မည်သည့် လွန်စွာ(မုသား)ကျိန်တွယ်သောသူ၏ စကားကိုမျှ နားမထောင်လေနှင့်။ အကြင်သူသည် ဂုဏ်ရည်သေးသိမ်သူ၊
هَمَّازٍۢ مَّشَّآءٍۭ بِنَمِيمٍۢ
လွန်စွာ စောင်းချိတ်ကဲ့ရဲ့သူ၊ လွန်စွာ ကုန်းချောသူ။
مَّنَّاعٍۢ لِّلْخَيْرِ مُعْتَدٍ أَثِيمٍ
ကောင်းမှုကို လွန်စွာ တားမြစ်သူ၊ စည်းကမ်းကျူးလွန်သူ၊ လွန်စွာ အပြစ်ကျူးလွန်သူ။
عُتُلٍّۭ بَعْدَ ذَٰلِكَ زَنِيمٍ
လွန်စွာ ကြမ်းကြုတ် အန္တရာယ်ပြုသူ၊ ထိုမှတစ်ပါး မျိုးရိုးမစစ်သောသူဖြစ်၏။
أَن كَانَ ذَا مَالٍۢ وَبَنِينَ
ထိုသူသည် ပစ္စည်းရှင်၊ သားသမီးရှင် ဖြစ်သောကြောင့်။
إِذَا تُتْلَىٰ عَلَيْهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلْأَوَّلِينَ
၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားခြင်းခံရသောအခါ ၎င်းက(ဤသည်တို့မှာ) ရှေးသူဟောင်းတို့၏ ယုံတမ်းစကားများ ဖြစ်သည်ဟု ပြောဆို၏။
سَنَسِمُهُۥ عَلَى ٱلْخُرْطُومِ
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်း၏ နှာခေါင်းပေါ်ဝယ် တံဆိပ် ခတ်နှိပ်တော်မူအံ့သတည်း။
إِنَّا بَلَوْنَٰهُمْ كَمَا بَلَوْنَآ أَصْحَٰبَ ٱلْجَنَّةِ إِذْ أَقْسَمُوا۟ لَيَصْرِمُنَّهَا مُصْبِحِينَ
ဧကန်စင်စစ် ငါအရှင်မြတ်သည် ဥယျာဉ်ရှင်များအား စမ်းသပ်တော်မူဘိသကဲ့သို့ပင်၊ ၎င်းတို့အား စမ်းသပ်တော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထိုဥယျာဉ်ရှင်တို့က မလွဲဧကန် ၎င်းတို့သည် နံနက်စောစောသွားကြလျက် ယင်းဥယျာဉ်၏အသီးများကို ဆွတ်ခူးကြမည်ဟု ကျိန်ဆိုခဲ့ကြကုန်၏။
وَلَا يَسْتَثْنُونَ
သို့ရာတွင် ၎င်းတို့သည် (ယင်းသို့ကျိန်ဆိုရာ၌)"အင်န်ရှာအလ္လာဟ်" "အလ္လာဟ်အရှင်မြတ်အလိုတော် ရှိတော်မူပါလျှင်" ဟူ၍ ခြွင်းချက်ထားရှိခြင်း မပြုခဲ့ကြပေ။
فَطَافَ عَلَيْهَا طَآئِفٌۭ مِّن رَّبِّكَ وَهُمْ نَآئِمُونَ
သို့ဖြစ်ပေရာ၊ ၎င်းတို့ အိပ်ပျော်နေကြစဉ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ လှည့်ပတ်သောအရာ (ဝါ) မီးဘေးသည် ယင်းဥယျာဉ်ပေါ်ဝယ် လှည့်ပတ်ခဲ့လေ၏။
فَأَصْبَحَتْ كَٱلصَّرِيمِ
သို့ဖြစ်ပေရာ နံနက်အချိန်တွင် ယင်းဥယျာဉ်မှာ ဆွတ်ခူး ရိတ်ဖြတ်ပြီးသကဲ့သို့ပင် ဖြစ်သွားခဲ့လေ၏။
Page 1 of 3 (52 ayahs)